PDF နယ်မြေကို ကင်းလာထောက်တဲ့ ပျူအဖွဲ့ဝင် ၁ ဦး ဖမ်းခံရ

PDF နယ်မြေကို ကင်းလာထောက်တဲ့ ပျူအဖွဲ့ဝင် ၁ ဦး ဖမ်းခံရ

ပဲခူးတိုင်း၊ ဇီးကုန်းမြို့နယ်၊ ဘော်ဘင်ရွာက ပျူစောထီး ၁ ဦးဟာ ကာကွယ်ရေးအဖွဲ့တွေရဲ့ အခြေအနေကို ကင်းထောက်ဖို့လာရင်း အောက်တိုဘာ ၂၁ ရက် နေ့လယ် ၁၂ နာရီလောက်မှာ ဖမ်းဆီးခံလိုက်ရပါတယ်။

ဖမ်းဆီးခံရတဲ့ ပျူစောထီးဟာ ဘော်ဘင်ရွာက အုပ်ချုပ်ရေးမှုးလည်းဖြစ်သလို ပျုစောထီးခေါင်းဆောင်လည်းဖြစ်တဲ့ဖိုးလင်းတို့ရဲ့ တပည့် ၁ ဦးဖြစ်ပြီး ကာကွယ်ရေးအဖွဲ့တွေ အထိုင်ချထားတဲ့ နေရာကို ကျွဲကျောင်းတဲ့ပုံစံမျိုးနဲ့ ရောက်လာပြီး ကာကွယ်ရေးအဖွဲ့တွေက မသင်္ကာလို့ စစ်မေးဖို့လုပ်တဲ့အချိန်ထွက်ပြေးခဲ့တဲ့အတွက် ဖမ်းဆီးလိုက်ရတယ်လို့ BTZM GBK PDF ဆိုပါတယ်။

“ငါးဖမ်းသလိုလို ကျွဲလိုက်သလိုမျိုးနဲ့ ရောက်လာတာ စစ်ကောင်စီနဲ့ ပတ်သက်တဲ့ ဝတ်စုံတွေ ဝတ်တဲ့အပြင်ကို အခြားသင်တန်းတက်တုန်းကဝတ်တဲ့ဝတ်စုံတွေပါပါတယ်။ သူ့ဖုန်းထဲကနေ သူတို့ပြောတဲ့အချက်အလက်တွေကိုရတယ် PDFတွေရှိတဲ့နေရာ မင်းသေချာလေးလေ့လာပါ၊ လေ့လာပြီးရင် မင်းအတွက်အကုန်လုံး ငါတို့ပြင်ဆင်ပေးမယ် ရှိတဲ့နေရာကို သေချာလေးလေ့လာပြီးတော့ အမြန်ပြန်လာခဲ့ ဆိုတဲ့အသံဖိုင်တွေပါတယ်” လို့ BTZM GBK PDF ပဲခူးရိုးမအခြေပြုတပ်ဖွဲ့ဝင် ကိုတေဇမင်းက ပြောပါတယ်။

ဖမ်းဆီးရမိထားတဲ့ ပျူစောထီးကို စစ်ဆေးမေးမြန်းမှုတွေလုပ်ပြီး ထိန်းသိမ်းထားတယ်လို့ ဆိုပါတယ်။

ဘော်ဘင်ရွာထဲက ဒေသခံ ၅၀ ရာခိုင်နှုန်းလောက်က ပျုစောထီးတွေဖြစ်ပြီး ရွာထဲမှာ စစ်တပ်က ၂၀၂၂ ခုနှစ်ကတည်းက အထိုင်ချထားသလို ရွာထဲမှာလည်း တပ်စခန်းတခုရှိတဲ့အပြင် လက်နက်ကြီးတွေ တပ်ဆင်ထားကာ ဒရုန်းတွေပါရှိတယ်လို့ ဆိုပါတယ်။

 အောက်တိုဘာ ၂၀ ရက်ကလည်း ကာကွယ်ရေးအဖွဲ့တွေ ကင်းပုန်းဝပ်နေတယ်လို့ ယူဆတဲ့နေရာကို ဘော်ဘင်ရွာက စစ်ကောင်စီတပ်သားတွေဟာ ဒရုန်းဗုံးသီး ၄ လုံးနဲ့ လာရောက်ကြဲချခဲ့သလို အဲဒီရက် ည ၈ နာရီလောက်မှာလည်း ဘော်ဘင်အုပ်စု ထိပ်အောင်စိုးမိုးရွာထိပ်ကနေ လက်နက်ကြီး ၅ လုံးနဲ့ ပစ်ခတ်ခဲ့တဲ့အတွက် သရက်ပင်အိုင်တံတားထိပ်မှာရှိတဲ့ ပြည်သူနေအိမ် ၁ လုံး ထိမှန်ပျက်ဆီးခဲ့ပါတယ်။

“တော်လှန်ရေးတပ်ဖွဲ့ကင်းပုန်းဝပ်ထားတဲ့ နေရာကိုချတာ ထိခိုက်ကျဆုံးတာတွေတော့မရှိဘူး သူတို့အနေနဲ့က ကျနော်တို့ရှိတဲ့ဘက်ဝင်မရဲဘူး မဝင်ရဲဘဲနဲ့ ဒရုန်းနဲ့ အသာစီးကနေပြီးတော့လုပ်နေတယ်လို့ ကျနော်ထင်တယ်၊ သူတို့နဲ့ ကျနော်တို့က ပြောက်ကျားပစ်ခတ်မှုတွေမကြာမကြာဖြစ်တယ်” လို့ ကိုတေဇမင်း ကဆက်ပြောပါတယ်။

အောက်တိုဘာ ၁၅ ရက်ကလည်း ဇီးကုန်းမြို့နယ် မီးကောက်ပင်အုပ်စု ဒိုးနွယ်ရွာက ရာအိမ်မှူးထွန်းထွန်းကို BTZM GBK PDF ပူးပေါင်းတပ်ဖွဲ့က ဝင်ရောက်တိုက်ခိုက်ခဲ့ရာ ဦးခေါင်းပေါက်ပြဲဒဏ်ရာနဲ့ ထွက်ပြေးသွားပြီး သူ့ဆီကနေ လေသေနတ် ၁ လက်ကို သိမ်းဆည်းရရှိခဲ့ပါတယ်။

အဲဒီနောက် ဘော်ဘင်ရွာက စစ်ကောင်စီ၊ ပျူစောထီးတပ်ဖွဲ့တွေနဲ့ ကာကွယ်ရေးတပ်ဖွဲ့တို့ အောက်တိုဘာ ၁၆ ရက်နဲ့ ၁၇ ရက်မှာ ပြောက်ကျားတိုက်ခိုက်မှုတွေဖြစ်ခဲ့တယ်လို့ သိရပါတယ်။

စာတည်း - ဈာန်မြင့်

#မြေလတ်အသံ

#ပဲခူး #ဇီးကုန်း #ပျူစောထီး #ဖမ်းဆီး

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10