PDF နဲ့တိုက်ပွဲဖြစ်တဲ့ စစ်တပ်က ကျေးရွာ ၂ ရွာကို မီးရှို့ (ရုပ်/သံ)

ပဲခူးတိုင်းအနောက်ခြမ်း၊ ပေါင်းတည်မြို့နယ်မှာ PDFနဲ့ တိုက်ပွဲဖြစ်တဲ့ စစ်ကောင်စီတပ်က ကျေးရွာ ၂ ရွာက နေအိမ် ၂၀၀ကျော်ကို မီးရှို့ခဲ့တယ်လို့ ဒေသခံတဦးက ပြောပါတယ်။

ပေါင်းတည်မြို့နယ်၊ မအူကွင်းရွာကို ဇန်နဝါရီ ၁၄ ရက်မနက်နဲ့ တောင်ခမောက်ရွာကို အဲ့ဒီညနေ ၅ နာရီခွဲလောက်မှာ မီးရှို့တာလို့ ပြောပါတယ်။

မအူကွင်းရွာမှာ နေအိမ် ၁၂၀ လောက်ရှိပြီး တောင်ခမောက်ရွာမှာတော့ အိမ်ခြေ ၂၇၀ လောက်ရှိတယ်လို့ ပြောပါတယ်။

ပြီးခဲ့တဲ့ ဇန်နဝါရီ ၁၂ ရက်ညကလည်း ပေါက်ခေါင်းမြို့နယ် လက်ကြီးရွာမှာရှိတဲ့ စစ်ကောင်စီတပ်က ပစ်တဲ့ လက်နက်ကြီးကျည်ကျလို့ ပေါင်းတည်မြို့နယ်၊ သစ်ပုတ်အုပ်စု၊ နတ်ရေတွင်းရွာက နေအိမ် ၁ လုံး ပျက်စီးခဲ့ပါသေးတယ်။

စစ်ကောင်စီတပ်ဟာ ဇန်နဝါရီ ၄ ရက်ကလည်း သစ်ပုတ်အုပ်စု၊ တောင်ခမောက်ရွာက နေအိမ် ၂၀ လုံးနဲ့ စပါးကျည် ၂ လုံးကို မီးရှို့ခဲ့ပါသေးတယ်။

ဇန်နဝါရီ ၁၅ ရက် ဒီမနက်မှာတော့ စစ်ကောင်စီတပ်ဟာ ပေါင်းတည်မြို့နယ်၊ ကိုင်းကွင်းရွာနဲ့ ပတက်မြောင်ရွာကို သွားရောက်ပြီး အိမ်ထောင်စုဇယားတွေ တောင်းခံနေပြီး ဘာကြောင့်တောင်းတယ်ဆိုတာကိုတော့ မသိရဘူးလို့ ဆိုပါတယ်။

တည်းဖြတ် - ဟယ်ရီ

#မြေလတ်အသံ

#သတင်း #မြေလတ်သတင်း #ရုပ်သံ #ပေါင်းတည် #တိုက်ပွဲ #စစ်တပ် #ကျေးရွာ #မီးရှို့ 

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10