ငါန်းဇွန်ပကဖရဲဘော်တွေရဲ့စိတ်ဓာတ်မြှင့်တင်ရေးကိုယ်ပိုင်သံစဥ်သီချင်းသစ် (ရုပ်/သံ)

မန္တလေးတိုင်း၊ မြင်းခြံခရိုင်၊ ငါန်းဇွန်မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ငါန်းဇွန်ပကဖ အတွက် ပြည်သူတဦးက တော်လှန်ရေးသီချင်းတပုဒ်ကို ရေးသားစပ်ဆိုပေးခဲ့တယ်လို့ မတ် ၁၇ ရက်နေ့က ငါန်းဇွန်ပကဖ တပ်ဖွဲ့ဆီက သိရပါတယ်။

ငါန်းဇွန်မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က အကူအညီတောင်းထားတဲ့အတွက် ကမ်ပိန်းကာလမှာ အသုံးပြုဖို့ ရေးသားသီဆိုထားတာဖြစ်တယ်လို့ ဆိုပါတယ်။

"သီချင်းရေးစပ် သီဆိုပေးထားသူရဲ့အမည်ကိုတော့လုံခြုံရေးအရ မပြောတာပါ။ သီချင်းရေးတာ ၇ ရက်လောက်ကြာပါတယ်။ ရဲဘော်တွေအတွက် ခွန်အားဖြစ်တာပေါ့ " လို့ ငါန်းဇွန်ပကဖ တပ်ဖွဲ့ဝင် ရဲဘော်ဗညား ကပြောပါတယ်။

ငါန်းဇွန်မြို့နယ်မှာလည်း စစ်ကောင်စီကို တိုက်ခိုက်တော်လှန်ရာမှာ ပကဖ အဖွဲ့ အနေဖြင့် အဓိကပါဝင် တိုက်ခိုက်နေကာ တပ်ဖွဲ့ဝင်ရဲဘော် ရဲမေတွေ စိတ်ဓာတ်ခွန်အား ဖြစ်စေဖို့အတွက်ရည်ရွယ်ကာ ရေးစပ်ပေးထားတယ်လို့ သိရပါတယ်။

တည်းဖြတ် - HP

#မြေလတ်အသံ

#ငါန်းဇွန် #PDF #သီချင်း #တော်လှန်ရေး #စိတ်ဓါတ်မြှင့်တင်ရေး

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10