PDF ၁ ဦးအတွက် မွေးနေ့လက်ဆောင် ပစ္စတိုသေနတ် ပေးအပ် (ရုပ်/သံ)

စစ်ကိုင်းတိုင်း၊ ယင်းမာပင်ခရိုင်၊ တပ်ရင်း ၂၈ ဓားမဆိုင်းတပ်မတော်မှာ တာဝန်ထမ်းဆောင်နေတဲ့ PDF တဦးရဲ့ မွေးနေ့မှာ သေနတ်တလက်ကို လက်ဆောင်အဖြစ် ချီးမြှင့်ပေးခဲ့တယ်လို့ အဲ့ဒီတပ်ရင်းဆီက သိရပါတယ်။

အထူးထောက်လှမ်းရေးအရာရှိ ကိုဖြိုး(ခ)အိုင်အို (IO)ရဲ့ ၃၅ နှစ်ပြည့်မွေးနေ့ဖြစ်တဲ့ ဇွန် ၂၀ ရက်မှာ တပ်ရင်းမှူးက သူကိုင်ဆောင်နေတဲ့ ၆၅ သိန်းတန် ပစ္စတိုသေနတ် SIG P320 အမျိုးအစားကို မွေးနေ့လက်ဆောင်အဖြစ် ချီးမြှင့်ပေးလိုက်တယ်လို့ ဓားမဆိုင်းတပ်မတော် တပ်ရင်းမှူး ဗိုလ်စွမ်း ကပြောပါတယ်။

ကိုဖြိုး ဟာ ယင်းမာပင်ခရိုင် တပ်ရင်း ၂၈ ဓားမဆိုင်းတပ်မတော်မှာ ၂၀၂၂ ခုနှစ် အစောပိုင်းကာလက စတင်တာဝန်ထမ်းဆောင်ခဲ့တာ ဖြစ်ပါတယ်။

အဲ့ဒီတပ်ရင်းကို PDF ရဲဘော်အဖြစ် ရောက်ရှိချိန်မှာ ကင်းတာဝန်နဲ့ စားဖိုမှူးတာဝန်တွေကို ကျေပွန်အောင်ထမ်းဆောင်ခဲ့ပြီး အရာရှိသင်တန်း တက်ရောက်ခွင့်ရပြီးတဲ့နောက် အထူးထောက်လှမ်းရေးအရာရှိ အိုင်အို IO ဖြစ်လာခဲ့တယ်လို့ သိရပါတယ်။

စာတည်း - နွေဦးငြိမ်းချမ်း၊ တည်းဖြတ် - ငြိမ်းဇော်

#မြေလတ်သတင်း

#စစ်ကိုင်း #ယင်းမာပင် #PDFရဲဘော် #မွေးနေ့လက်ဆောင် #မြေလတ်သတင်း #မြေလတ်ရုပ်သံ

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10