PDF က ထိန်းသိမ်းထားတဲ့ ထွေအုပ်ဝန်ထမ်းတွေ တလနီးပါးအကြာမှာ CDM ပြုလုပ်

PDF က ထိန်းသိမ်းထားတဲ့ ထွေအုပ်ဝန်ထမ်းတွေ တလနီးပါးအကြာမှာ CDM ပြုလုပ်

ရွေးကောက်ပွဲ မဲစာရင်းကောက်ရင်း ဖမ်းခံရတယ်ဆိုတဲ့ ၄ ဦးထဲမှာ ထွေအုပ်ဝန်ထမ်းတွေက မြောင်PDF ဆီမှာ CDM လုပ်လိုက်ပြီဖြစ်တယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ ဇန်နဝါရီလ ၁၄ ရက်မှာ စစ်ကိုင်းတိုင်း မြောင်မြို့နယ်ထဲမှာ ဖမ်းခံလိုက်ရတာဖြစ်ပြီး သူတို့ ၄ ဦးထဲမှာ အမျိုးသမီး ထွေအုပ်ဝန်ထမ်း ၂ ဦး၊ မြို့နယ်ထွေအုပ်ရဲ့ ဇနီးနဲ့ ယာဥ်မောင်း အမျိုးသားတဦး တို့ဖြစ်ပါတယ်။

"သူတို့ရဲ့ ထွက်ဆိုချက်ကတော့ သူတို့ဧည့်စာရင်း လိုက်ကောက်တာ မဟုတ်ဘူး။ မြို့ပေါ်တက်ပြီး ရွှေသွားဝယ်တာလို့ ပြောတယ်။ CDM လုပ်ချင်တာ ကြာပြီ။ မိသားစု စားဝတ်နေရေးအတွက် မလုပ်ချင်ပဲ လုပ်နေရတယ် ပြောတယ်" လို့ မြောင်မြို့နယ် ပလဖ တာရှိသူတဦးက ဆိုပါတယ်။

သူတို့ ၄ ဦး ဖမ်းဆီးခံရပြီး တလနီးပါး အကြာမှာ ထွေအုပ်ဝန်ထမ်း ၂ ဦးက သူတို့ သဘောဆန္ဒနဲ့ CDM ပြုလုပ်ခဲ့ပြီး အမျိုးသမီး ဖမ်းခံထားရတဲ့ မြောင်မြို့နယ် အထွေထွေ အုပ်ချုပ်ရေးမှူးကလည်း သူ CDM အလုပ်ထွက်လိုက်ပြီဖြစ်ကြောင်း ဆက်သွယ်လာခဲ့တယ်လို့ ဆိုပါတယ်။

"အုပ်ချုပ်ရေးမှူးက သူရာထူးကနေ နုတ်ထွက်လိုက်ပြီ ဆိုတဲ့အကြောင်းကို ကျတော်တို့ကို ဆက်သွယ်လာပြီး ပြောတယ်။ သူနုတ်ထွက်လိုက်တဲ့ နုတ်ထွက်စာတွေကိုလည်း ပြတယ်" လို့ဆိုပါတယ်။ 

လက်ရှိအချိန်ထိတော့ ထိန်းသိမ်းခံထားရသူ ၄ ဦးစလုံးကို လွှတ်ပေးတာမျိုး မရှိသေးပဲ သူတို့ကို ကောင်းကောင်းမွန်မွန်စောင့်ရှောက်ထားပြီး NUG ရဲ့ တရားဥပဒေအတိုင်း စီရင်သွားမှာ ဖြစ်တယ်လို့ သိရပါတယ်။

#မြေလတ်အသံ

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10