PDF ဟန်ဆောင်ထားတဲ့ စစ်ကောင်စီတွေက ပြည်သူတွေဆီက ငွေတောင်း

PDF ဟန်ဆောင်ထားတဲ့ စစ်ကောင်စီတွေက ပြည်သူတွေဆီက ငွေတောင်း

စစ်ကိုင်းတိုင်း၊ အင်းတော်မြို့နယ်၊ နဘားကျေးရွာအုပ်စု နားရခေါင်ရွာက ကားလမ်းပေါ်မှာ စစ်ကောင်စီတပ်ဖွဲ့က PDF ဟန်ဆောင်ပြီး လမ်းသွားလမ်းလာ ပြည်သူတွေဆီကနေ ငွေကြေးကောက်ခံမှု ပြုလုပ်နေတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

ပြီးခဲ့တဲ့ ဖေဖော်ဝါရီလကုန်ပိုင်းလောက်က စတင်ပြီး စစ်ကောင်စီတပ်ဖွဲ့တွေဟာ အင်အား ၅၀ ကျော်နဲ့ ဂိတ်ချကာ ဆိုင်ကယ်၊ ကားတွေကို စစ်ဆေးမှုပြုလုပ်ခဲ့သလို လမ်းကြေးအဖြစ် ကားတစီးကို ငွေကျပ် ၅၀၀၀ ထောင်နှုန်း ကောက်ခံတယ်လို့ Indaw Revolution – IR တပ်ဖွဲ့မှ တာဝန်ခံတဦးက မြေလတ်အသံကို ပြောပါတယ်။

“သူတို့ PDF ဝတ်စုံဝတ်ပြီး ငွေတွေကောက်ခံနေတာ။ သူတို့ကောက်တဲ့နေရာက မန္တလေး ၊ မြစ်ကြီးနား ဗျူဟာ လမ်းမကြီးပေါ်မှာ ရှိတာဆိုတော့လာသမျှ ကား၊ ဆိုင်ကယ်တွေကို အကုန်စစ်တာ။ စစ်ပြီးတော့ ပိုက်ဆံကောက်တယ်။ အခုလိုကောက်နေတာ ၅ ရက်ရှိပြီး ပြည်သူတွေကလည်း အထင်မှားနေကြတယ်” လို့ ဆိုပါတယ်။

စစ်ကောင်စီစစ်ကြောင်းဟာ ဂိတ်ရှေ့မှာ ငွေကြေးကောက်ခံမှုတွေ ပြုလုပ်နေပြီး ဂိတ်နောက်ဘက်မှာတော့ ကင်းပုန်းဝပ်နေတဲ့ သူတွေရှိနေတယ်လို့လည်း သိရပါတယ်။

မတ်လ ၂ ရက်နေ့ကတော့ အင်းတော်မြို့ပေါ်မှာ ကင်းပတ်နေတဲ့ ရဲကားကိုမိုင်းခွဲဖို့ ပြင်ဆင်နေတဲ့ အင်းတော်မြို့ပြပြောက်ကျားရဲဘော် ၂ ဦးဟာ မိုင်းမတော်တဆမှုကြောင့် ပွဲချင်းပြီး သေဆုံးသွားခဲ့ပါတယ်။

#မြေလတ်အသံ

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10