The Way musical film ရဲ့ ဆေးဝါးကူညီမှုနဲ့ မြောင်ကစစ်ရှောင်တွေကို ဆေးကုသပေးနေ

The Way musical film ရဲ့ ဆေးဝါးကူညီမှုနဲ့ မြောင်ကစစ်ရှောင်တွေကို ဆေးကုသပေးနေ

စစ်ကိုင်းတိုင်း၊ မြောင်နယ်က စစ်ရှောင်ပြည်သူတွေကို ဒေါက်တာဖီးနစ်ဦးဆောင်တဲ့ဆေးအဖွဲ့နဲ့ Youths For Community - Myaung အဖွဲ့တို့ ပူးပေါင်းပြီးဇန်နဝါရီ ၆ ရက်က ကျန်းမာရေးစောင့်ရှောက်ပေးခဲ့တယ်လို့ YfC Myaung သိရပါတယ်။

စစ်ကောင်စီလက်အောက်ခံ တပ်ဖွဲ့ဝင်တွေက ဧရာဝတီမြစ်အရှေ့ဘက်ခြမ်းကနေ လက်နက်ကြီးနဲ့ပစ်ခတ်နေတာကြောင့် ဒီဇင်ဘာ ၁၂ ရက်ကတည်းက ဘေးလွတ်ရာထွက်ပြေးနေရတဲ့ ကျေးရွာပေါင်း ၆ ရွာက ပြည်သူတွေကို အခမဲ့ ဆေးဝါးကုသပေးခဲ့တာလို့ ဆိုပါတယ်။

"စစ်ရှောင်တွေမှာ စားဖို့ရော ကျန်းမာရေးအတွက်ပါ ခက်ခဲနေကြတယ်။ တောထဲက စစ်ရှောင်တွေက ဒုက္ခပိုရောက်ကြတယ်။ တောထဲကို ဦးစားပေးအနေနဲ့ ဆေးကုသပေးခဲ့တယ် "လို့ YfC Myaung အဖွဲ့ဝင် ကောင်းကောင်းက ပြောပါတယ်။

 

နေရပ်စွန့်ခွာလာတဲ့ နနွင်းကိုင်း၊ ဆူးလေကုန်း၊ ရွှေတလေး အစရှိတဲ့ ကျေးရွာပေါင်း ၆ ရွာက ဒေသခံ ၁၀၀၀ ကျော် စစ်ရှောင်နေရတာဖြစ်ပြီး အခုလိုကျန်းမာရေးစောင့်ရှောက်ရာမှာ လိုအပ်တဲ့ဆေးဝါးတွေကို The Way musical film အဖွဲ့က ထောက်ပံ့ပေးတယ်လို့ သူကဆက်ပြောပါတယ်။

ကလေးသူငယ်တွေမှာ အအေးမိ၊ ချောင်းဆိုး၊ အနာစိမ်းပေါက်တာတွေ အဖြစ်များသလို သက်ကြီးရွယ်အိုပိုင်းမှာ သွေးတိုး၊ ဆီးချို၊ ကိုက်ခဲတာမျိုးတွေ အဖြစ်များပြီး လူနာ ၆၀ ခန့် ကုသပေးခဲ့တယ်လို့ ဆိုပါတယ်။

စစ်ရှောင်ပြည်သူတွေကို ဆေးဝါးကုသရာမှာ ဆရာဝန်၊ ဆရာမတွေသွားလာရတာ အခက်အခဲရှိသလို ဆေးဝါးဝယ်ယူတဲ့အခါ အချိန်ကြန့်ကြာမှုရှိပြီး စစ်ရှောင်တွေကျန်းမာရေးအတွက် အပတ်စဥ် ဆေးကုသပေးနိုင်ဖို့ စီစဥ်နေတယ်လို့ သိရပါတယ်။

စာတည်း - နွေဦးငြိမ်းချမ်း

#မြေလတ်အသံ

#စစ်ကိုင်း #မြောင် #လက်နက်ကြီးနဲ့ပစ် #စစ်ရှောင်ပြည်သူ #ကျန်းမာရေးကူညီစောင့်ရှောက် #ဆေးဝါးထောက်ပံ့ #မြေလတ်သတင်း #theway #musicalfilm

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10