ULF ရဲ့ ထုတ်လုပ်ရေးစက်ပစ္စည်း မီးလောင်လို့ ကျပ်သိန်း ၅၀ ဖိုးဆုံးရှုံး

ULF ရဲ့ ထုတ်လုပ်ရေးစက်ပစ္စည်း မီးလောင်လို့ ကျပ်သိန်း ၅၀ ဖိုးဆုံးရှုံး

စစ်ကိုင်းတိုင်း၊ ယင်းမာပင်ခရိုင်အခြေစိုက် တပ်ရင်းတခုဖြစ်တဲ့ Union Libration Front - ပြည်ထောင်စု လွှတ်မြောက်ရေးတပ်ဦး အဖွဲ့စခန်းရှိ လက်နက်ထုတ်လုပ်ရေးပစ္စည်းအချို့ ဇူလိုင်လ ၁၀ ရက်မှာ မီးလောင်ပျက်စီးခဲ့တာကြောင့် ကျပ်သိန်း ၅၀ ဆုံးရှုံးခဲ့တယ်လို့ အဲ့ဒီအဖွဲ့ရဲ့ သတင်းနဲ့ပြန်ကြားရေး တာဝန်ခံဆီက သိရပါတယ်။ 

လက်နက်ထုတ်လုပ်ရေးအတွက် အသုံးပြုရာမှာ အဓိကကျတဲ့ 10KW ဒိုင်နမိုအင်ဂျင်နဲ့ ရေနံစိမ်း ၁ ပေပါ မီးလောင်ခဲ့တာဖြစ်ပြီး ခုလိုပျက်စီးဆုံးရှုံးသွားလို့ လက်နက်ထုတ်လုပ်ရေးနဲ့ ပြုပြင်ရေးတွေ ရပ်နားထားရတယ်လို့လည်း ဆိုပါတယ်။ 

"ကာလတန်ဖိုးကျပ်သိန်း ၅၀ ခန့် ဆုံးရှုံးသွားပါတယ်။ စျေးသက်သာတဲ့ ရေနံစိမ်းကိုဝယ်သုံးရင်း အခုလို အလုပ်လုပ်နေတဲ့အချိန်မှာ မီးစက်က Error ဖြစ်ပြီး မီးလောင်ခံလိုက်ရတာပါ" လို့ Union Libratoin Front ရဲ့ သတင်းပြန်ကြားရေးတာဝန်ခံ ကိုဂျော်ဒန်ကပြောပါတယ်။

အဲဒီထုတ်လုပ်ရေးပစ္စည်းတွေကနေ ၄၀ မမ၊ ၆၀ မမ လက်နက်ကြီးတွေအပြင် လက်နက်ငယ်နဲ့ စိန်ပြောင်းကျည်ဖူးတွေကိုလည်း ထုတ်လုပ်ပေးနေတာလို့ ဆိုပါတယ်။

ပြီးခဲ့တဲ့ဇူလိုင် ၅ ရက်ကလည်း Union Liberatoin Front အဖွဲ့ဟာ မုံရွာမြို့ကနေ ချင်းတွင်းမြစ်အတိုင်း ကံကြီးကုန်း (ပျူစောထီးရွာ) ကို  စစ်ကူလာတဲ့ စစ်ကောင်စီမော်တော်ရေယာဉ်တစီးကို မဟာမိတ်တွေနဲ့ပေါင်းပြီး တိုက်ခိုက်ခဲ့ကြပါသေးတယ်။

ဓါတ်ပုံ - Union Libration Front

သတင်း - ခန့်အောင်၊ စာတည်း - လင်း 

#မြေလတ်အသံ

#စစ်ကိုင်း #ယင်းမာပင် #UnionLibrationFront #စခန်းမီးလောင် #ကျပ်သိန်း၅၀ဆုံးရှုံး

 

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10