USA ရောက် မြန်မာတွေက မီးဘေးသင့်ဒေသခံတွေကို ခြုံစောင်ထောက်ပံ့

USA ရောက် မြန်မာတွေက မီးဘေးသင့်ဒေသခံတွေကို ခြုံစောင်ထောက်ပံ့

စစ်ကိုင်းတိုင်း၊ ယင်းမာပင်ခရိုင်၊ ဆားလင်းကြီးမြို့နယ်က နေအိမ်မီးရှို့ခံရသူတွေကို Central Valley Families California USA နဲ့ USA ရောက်မြန်မာမိသားစုတွေက ခြုံစောင်ထောက်ပံ့ခဲ့တယ်လို့ အညာပစ်တိုင်းထောင်လေးများအဖွဲ့ဆီက သိရပါတယ်။ 

အိမ်ခြေ ၂၆၀ အတွက် တအိမ်ကို စောင် ၁ ထည်နှုန်းနဲ့ ဒီဇင်ဘာ ၂၃ ရက်မှာ တဆင့်ခံ သွားရောက် ထောက်ပံ့ပေးခဲ့တာလို့ အညာပစ်တိုင်းထောင်လေးများအဖွဲ့ဦးဆောင်သူ မဖူးပွင့်ဝေက ပြောပါတယ်။

"ပြည်ပရောက်မြန်မာမိသားစုက မီးဘေးသင့်ပြည်သူတွေ စောင်လိုအပ်နေလို့ ထောက်ပံ့ပေးတာပါ။ မီးဖိုချောင်သုံး ပစ္စည်းတွေလည်း လိုအပ်နေပါတယ် " လို့ မဖူးပွင့်ဝေက ပြောပါတယ်။

ခြုံစောင် ၁ ထည်ကို ၂၆၀၀၀ နှုန်းနဲ့ ၆၇၆၀၀၀၀ ကျပ် ကုန်ကျခဲ့တယ်လို့ သူက ဆက်ပြောပါတယ်။

အညာပစ်တိုင်းထောင်လေးများအဖွဲ့ဟာ ယင်းမာပင်ခရိုင်အတွင်းရှိ စစ်ရှောင်၊ မီးဘေးသင့် ပြည်သူတွေကို မီးဖိုချောင်သုံးပစ္စည်းတွေထောက်ပံ့တာ၊ ထမင်းကျွေးမွေးတာနဲ့ ခြုံစောင်တွေ ထောက်ပံ့ပေးတာအပြင် ပညာရေးကဏ္ဍအတွက်လည်း ထောက်ပံ့မှုတွေ လုပ်ပေးနေတယ်လို့ သိရပါတယ်။

 

#မြေလတ်အသံ

#စစ်ကိုင်း #ယင်းမာပင် #နေအိမ်မီးရှို့ #ခြုံစောင်လှူ #USAရောက်မြန်မာများ #သတင်း #မြေလတ်သတင်း

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10