USA ရောက်မြန်မာတွေက မီးဘေးသင့်ပြည်သူတွေအတွက် ခြုံစောင် ထပ်မံထောက်ပံ့

USA ရောက်မြန်မာတွေက မီးဘေးသင့်ပြည်သူတွေအတွက် ခြုံစောင် ထပ်မံထောက်ပံ့

စစ်ကိုင်းတိုင်း၊ ယင်းမာပင်ခရိုင်၊ ဆားလင်းကြီးမြို့နယ်က နေအိမ်မီးရှို့ခံရတဲ့ ပြည်သူတွေကို ဒီဇင်ဘာ ၂၆ ရက်က Central Valley Families California USA နဲ့ USA ရောက် မြန်မာမိသားစုတွေက ခြုံစောင်တွေ ထောက်ပံ့ပေးခဲ့တယ်လို့ အညာပစ်တိုင်းထောင်လေးများအဖွဲ့ဆီက သိရပါတယ်။

ထောက်ပံ့ဖို့ကျန်ရှိနေသေးတဲ့ မီးရှို့ခံအိမ်ခြေ ၁၅၈ အိမ်အတွက် ၁ အိမ်ကို ခြုံစောင် ၁ ထည်နှုန်းနဲ့ မြန်မာမိသားစုတွေက ထပ်မံထောက်ပံ့ခဲ့တာကို အညာပစ်တိုင်းထောင်လေးများအဖွဲ့က တဆင့်ပြန်လည် ပေးခဲ့တာလို့ ဆိုပါတယ်။

" ပြည်ပရောက်မြန်မာမိသားစုတွေ အခုလိုလှူပေးလို့ ကျေးဇူးတင်ပါတယ်။ ပြည်သူတွေကပေးတဲ့ မေတ္တာအနွေးဓာတ်နဲ့ အာဏာရှင်ကို ဆက်လက်တော်လှန်နေမှာပါ " လို့ ဦးဆောင်သူ မဖူးပွင့်ဝေက ပြောပါတယ်။

မီးရှို့ခံရတဲ့နေအိမ် ၁၅၈ အိမ်အတွက် ခြုံစောင် ၁ ထည်ကို၂၆၀၀၀ နှုန်းနဲ့ ၄၁၀၈၀၀၀ ကျပ် ထပ်မံထောက်ပံ့ခဲ့တယ်လို့ သူမက ဆက်ပြောပါတယ်။

ဆားလင်းမြို့နယ်အတွင်း မီးလောင်အိမ်ခြေ ၆၅၀ ရှိရာမှာ  နိုဝင်ဘာ ၁၃ ရက်က ၆၂ လုံး၊ ဒီဇင်ဘာ ၈ ရက်က ၁၇၀ လုံး၊ ဒီဇင်ဘာ ၂၃ ရက်က ၂၆၀ လုံး၊ ဒီဇင်ဘာ ၂၆ ရက်က ၁၅၈ လုံးနဲ့ စုစုပေါင်းအိမ်ခြေ ၆၅၀ လုံးအတွက် ခြုံစောင်ဝယ်ယူတဲ့ ကုန်ကျစားရိတ် ၁၆၉ သိန်းကို USA ရောက်မြန်မာတွေက ထောက်ပံ့ပေးနိုင်ခဲ့တယ်လို့ သိရပါတယ်။

ဆားလင်းကြီးဒေသမှာ ဒီဇင်ဘာလ ဒုတိယပတ်အတွင်းမှ ဆောင်းရာသီ အအေးဒဏ်က ယခင်နှစ်ထက် ပိုအေးလာသလို ညပိုင်း ၇ နာရီမှ မနက် ၈ နာရီခွဲအထိ အအေးဆုံးအချိန်ဖြစ်တယ်လို့ သိရပါတယ်။

စာတည်း - နွေဦးငြိမ်းချမ်း

#မြေလတ်အသံ

#ယင်းမာပင် #ဆားလင်းကြီး #မီးဘေးသင့်ပြည်သူ #USAရောက်မြန်မာများ #ခြုံစောင် # ထောက်ပံ့ #မြေလတ်သတင်း #စစ်ကိုင်းတိုင်း #သတင်း

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10