YDF က သင်တန်းဆင်းရဲဘော်တွေကို ကိုယ်ပိုင်အမှတ်နဲ့ ရာထူးအဆင့်သတ်မှတ်ပေးတဲ့ အခမ်းအနားပြုလုပ်

YDF က သင်တန်းဆင်းရဲဘော်တွေကို ကိုယ်ပိုင်အမှတ်နဲ့ ရာထူးအဆင့်သတ်မှတ်ပေးတဲ့ အခမ်းအနားပြုလုပ်

မကွေးတိုင်း၊ ဂန့်ဂေါခရိုင်အတွင်းရှိ ယောကာကွယ်ရေးတပ် - YDF ဗဟိုလေ့ကျင့်ရေးဌာနမှာ အခြေခံစစ်သင်တန်းဆင်းထားတဲ့ ရဲဘော်နဲ့ရဲမေတွေကို ကိုယ်ပိုင်အမှတ်နဲ့ ရာထူးအဆင့် သတ်မှတ်ပေးတဲ့ အခမ်းအနားကို ဒီဇင်ဘာ ၁၃ ရက်မှာ ပြုလုပ်ခဲ့တယ်လို့ YDF က ထုတ်ပြန်ထားပါတယ်။ 

ရဲဘော်ရဲမေ ၉၂ ဦးကို ပေးအပ်ခဲ့တာဖြစ်ပြီး သူတို့ဟာ ပြီးခဲ့တဲ့ ဇူလိုင် ၁၃ ရက်ကနေ နိုဝင်ဘာ ၁၃ ရက်အထိ အခြေခံစစ်ပညာသင်တန်း တက်ရောက်ထားသူတွေ ဖြစ်ပါတယ်။ 

ဒီအခမ်းအနားမှာ YDF ရဲ့ စစ်ဦးစီးချုပ်က ရဲဘော်တွေအနေနဲ့ ယောဒေသနဲ့ ယောဒေသက ပြည်သူတွေရဲ့အရေးကို ဦးထိပ်ထားဆောင်ရွက်ကြဖို့၊ ပြည်သူတွေကို မိဘသဖွယ် သဘောထားပြီးပေးအပ်ထားတဲ့ တာဝန်နဲ့ဝတ္တရားတွေကိုလည်း ကျေပွန်စွာ ထမ်းဆောင်ကြဖို့ကို ပြောကြားခဲ့ပါတယ်။ 

"ကျနော်တို့က ပြည်သူထဲက ပေါက်ဖွားလာတဲ့ ပြည်သူ့စစ်သားတွေဖြစ်တယ်။ အဲ့ဒါကြောင့် ပြည်သူလူထုကိုကာကွယ်ဖို့နဲ့ အလေးထားဆက်ဆံဖို့ ရဲဘော်တွေကိုပြောခဲ့တာပါ" ယောဒေသကာကွယ်ရေးတပ် YDF စစ်ဦးစီးချုပ်ကပြောပါတယ်။

အလားတူ သင်တန်းကာလအတွင်းထူးချွန်ရဲဘော်များကိုလည်း အောင်စစ်သည်ဆု၊ ဇွဲဆု၊ စစ်ရေးပြဆု၊ လက်ဖြောင့်ဆု၊ ကျန်းမာရေးအကောင်းဆုံးဆု၊ တပ်စုအကောင်းဆုံးဆု၊ တပ်စိတ်အကောင်းဆုံးဆု စတဲ့ဆုတွေကိုလည်း ပေးခဲ့တယ်လို့ သိရပါတယ်။ 

စာတည်း - လင်း 

#မြေလတ်အသံ

#မကွေး #ဂန့်ဂေါ #YDF စစ်သင်တန်းဆင်း #ဆုတံဆိပ် #ကိုယ်ပိုင်အမှတ် #ပေးအပ် #သတင်း #မြေလတ်သတင်း

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10