YDF တပ်ဖွဲ့မှာ ရဲဘော်အင်းအားများလာလို့ရိက္ခာမလုံလောက်တဲ့အတွက် စိုက်ခင်းတွေတိုးချဲ့စိုက်ပျိုးနေ

YDF တပ်ဖွဲ့မှာ ရဲဘော်အင်းအားများလာလို့ရိက္ခာမလုံလောက်တဲ့အတွက် စိုက်ခင်းတွေတိုးချဲ့စိုက်ပျိုးနေ

မကွေးတိုင်း၊ ဂန့်ဂေါခရိုင်၊ ယောဒေသအတွင်းက ကာကွယ်ရေးတပ်ဖွဲ့မှာ ရိက္ခာလုံလောက်မှုမရှိတာကြောင့် သီးနှံစိုက်ခင်းတွေ တိုးချဲ့စိုက်ပျိုးနေကြတယ်လို့ ယောကာကွယ်ရေးတပ်ဖွဲ့ဆီက သိရပါတယ်။

တပ်ရင်းတပ်ဖွဲ့အနေနဲ့ သီးနှံစိုက်ခင်းတွေကို ဖေဖော်ဝါရီအစောပိုင်းကာလမှာ စတင်စိုက်ပျိုးထားကြပြီး ရဲဘော်အင်အားတိုးလာ၍ ရိက္ခာမလုံလောက်တဲ့အတွက် အရင် ၁ ဒသမ ၅ ဧကခန့်စိုက်ပျိုးထားရာက အခုအခါ နောက်ထပ် ၁ ဧကခန့် ထပ်မံတိုးချဲ့စိုက်ပျိုးနေတာလို့ YDF ယောကာကွယ်ရေးတပ်ဖွဲ့ထံက သိရပါတယ်။

"တောထဲမှာ ဟင်းသားကရှားတယ်။ စျေးဝယ်ဖို့ ငွေမတတ်နိုင်သလို လမ်းခရီးကလုံခြုံမှုမရှိသေးပါဘူး။ ရဲဘော်စားဖို့အတွက် ရည်ရွယ်ပြီး စိုက်ထားတာပါ။ စိုက်ခင်းမလုပ်ခင်က စားဖို့အတော်ခက်တယ်။ ရိက္ခာက လိုအပ်နေတာဖြစ်လို့ နောက်ထပ်လည်းတိုးချဲ့ပြီး စိုက်နေရတယ်" YDF တာဝန်ခံက ပြောပါတယ်။

သီးနှံစိုက်ခင်းမှာ ရုံးပတီးပင်၊ ရွှေဖရုံပင်၊ ကန်းဇွန်းပင်၊ ချဥ်ပေါင်ပင်၊ ပဲတောင့်ရှည်၊ ဘူးပင်၊ ကျောက်ဖရုံပင်တွေ အဓိကစိုက်ပျိုးထားပြီး ခရမ်းပင်၊ ခရမ်းချဥ်ပင်နဲ့တခြား ဟင်းသီးဟင်းရွက်ပင်တွေကို မိုးကာလပြီးရင် တိုးချဲ့စိုက်ပျိုးမှာပါလို့ တာဝန်ခံကဆက်ပြောပါတယ်။

စိုက်ခင်းတွေကိုတော့ တပ်ရင်းမှာရှိတဲ့ စိုက်ပျိုးရေးဌာနက ရဲဘော်ရဲမေတွေဦးစီးလုပ်ကိုင်ကြပြီး စိုက်ခင်းအတွက် လိုအပ်တဲ့ရေကို စခန်းအနီးရှိချောင်းအတွင်းက သယ်ယူရသလို၊ ဝါးစင်ထိုးတာ၊ ရေလောင်း၊ ပေါက်နုတ်၊ မြေဆွေးကျွေးတာနဲ့ ခူးဆွတ်တဲ့အထိ စိုက်ပျိုးရေးအဖွဲ့ကပဲ လုပ်ကိုင်ကြတယ်လို့ ဆိုပါတယ်။

ယခုဇူလိုင်အတွင်းမှာလည်း YDF တပ်ရင်းမှာ မွမ်းမံသင်တန်းတွေပြုလုပ်မှာဖြစ်တဲ့အတွက် ရဲဘော်တွေ အင်းအားများလာမှာဖြစ်လို့ ရိက္ခာမလုံလောက်တဲ့အတွက် ဟင်းသီးဟင်းရွက်စိုက်ခင်းတွေ တိုးချဲ့ပြင်ဆင်လုပ်ကိုင်နေကြတယ်လို့ သိရပါတယ်။

စာတည်း - လင်းဇေ

#မြေလတ်အသံ

#မကွေးတိုင်း #ဂန့်ဂေါခရိုင် #ယောဒေသ #စိုက်ပျိုးရေး #ရိက္ခာ

 

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10