သတင်း
- - သတင်းတို
- - စီးပွားရေး
- - ရွေးကောက်ပွဲ
- - နိုင်ငံရေး
- - အင်တာဗျူး
- - မှုခင်း
- - ကျန်းမာရေး
- - ပညာရေး
- - အလုပ်သမား
- - သမိုင်း
- - ပေးစာ
- - စစ်ရှောင်
- - တိုက်ပွဲ
- - သဘာဝဘေး
မကွေးတိုင်း၊ ဂန့်ဂေါခရိုင်၊ ယောဒေသကာကွယ်ရေးတပ်ဖွဲ့ မှာရှိတဲ့ ရဲဘော်၊ ရဲမေတွေမှာ ငှက်ဖျားရောဂါ ဖြစ်နေကြသူတွေ များနေတယ်လို့ ယောကာကွယ်ရေးတပ်ဖွဲ့ YDF ထံက သိရပါတယ်။
ယောကာကွယ်ရေးတပ်က ရဲဘော်၊ ရဲမေတွေမှာ ယခင်ကတည်းက ငှက်ဖျားဖြစ်ဖူးသူတွေလည်းရှိသလို၊ ငှက်ဖျား ပြန်ပေါ်နေတာမျိုးနဲ့ နောက်ထပ်လည်းဖြစ်နေကြပြီး၊ ဆိုးဆိုးရွားရွား ခံစားနေရတဲ့သူတွေလည်း ရှိနေတယ်လို့ YDF ယောကာကွယ်ရေးတပ်ဖွဲ့ တာဝန်ခံက မြေလတ်အသံကို ပြောပါတယ်။
"ငှက်ဖျားဖြစ်တာအများစုက လေ့ကျင့်ရေးဌာနကရဲဘော်တွေမှာ ဖြစ်နေကြတယ်။ လူရာနဲ့ချီပြီး ဖြစ်နေပါတယ်။ လွန်ခဲ့တဲ့ တပတ်ကဆိုရင် ၃၀ ကျော်ဆေးနားနေရတယ်။ တပ်ရင်းဆေးခန်းမှာ ကုသပေးနေပေမယ့် ဆေးတွေက မလုံလောက်တာမျိုး ဖြစ်နေပါတယ်။ ငှက်ဖျားဆေးတွေ အရေးတကြီး လိုအပ်နေပါတယ်" လို့ တပ်ဖွဲ့တာဝန်ခံက ပြောပါတယ်။
ပြီးခဲ့တဲ့ ဇွန်လအတွင်းမှာ ငှက်ဖျားဖြစ်နေတာ ၁၀၀ ကျော်လောက်ရှိပြီး၊ ရဲဘော်တွေအားလုံးမှာ ငှက်ဖျားပိုးရှိနေကြသလို၊ လူ ၂၀ လောက်က ဆိုးဆိုးရွားရွားဖြစ်လို့ ဆေးခန်းမှာနားနေရတာ၊ ကယောင်ကတမ်းနဲ့ အော်တာ၊ စိတ်ထင်ရာ လျှောက်သွားတာမျိုးတွေပါ ရှိနေတယ်လို့သူက ဆက်ပြောပါတယ်။
ငှက်ဖျားရောဂါဟာ မိုးရာသီမှာအဖြစ်များပြီး၊ တောထဲမှာစီးဆင်းနေတဲ့ ချောင်းရေကိုပဲ သောက်သုံးနေကြရသလို ရေမသန့်တာကြောင့် ယားဖုတွေပေါက်နေကြပြီး၊ ခြင်တွေကလည်း တအားများတယ်လို့ ဆိုပါတယ်။
ငှက်ဖျားရောဂါဖြစ်နေတဲ့ ရဲဘော်တွေကို အာဟာရဖြစ်မယ့် အစားအစာတွေ ကျွေးဖို့လိုအပ်သလို၊ ဆေးရည်စိမ်ခြင်ထောင်တွေ၊ Malaria test kit ၊ G6PD test kit၊Chloroquine tablet ၊ ACT (Coartam) tablet၊ primaquine tablet၊ ဆေးဝါးတွေအဓိကလိုအပ်ပါတယ်လို့ CDM ဆရာဝန်တဦးက အကြုံပြု ပြောဆိုပါတယ်။
စာတည်း - နွေဦးငြိမ်းချမ်း
#မြေလတ်အသံ
#မကွေးတိုင်း #ဂန့်ဂေါ #ယောဒေသ #ပကဖ #ငှက်ဖျားရောဂါ #ကျန်းမာရေး #ကုသရေး #အကူညီလိုအပ်
Share Share Share