YOMA GBK တပ်ဖွဲ့က တိုက်ပွဲကျ PDF ရဲဘော်ကို သင်္ဂြိုဟ်ပြီးစီး (ရုပ်/သံ)

ပဲခူးတိုင်းအနောက်ခြမ်း၊ ကြို့ပင်ကောက်မြို့နယ်၊ ကွင်းချောင်းရွာတိုက်ပွဲမှာ ကျဆုံးခဲ့တဲ့ရဲဘော်တဦးကို စက်တင်ဘာ ၁၂ ရက် မွန်းလွဲ ၁ နာရီက သင်္ဂြိုဟ်ပြီးစီးခဲ့တယ်လို့ သာယာဝတီခရိုင်တပ်ရင်း ၃၈၀၁၊ တပ်ခွဲ ၁ YOMA GBK PDF ရဲ့ တပ်ခွဲမှူးရဲဘော်ကရင်လေးက ပြောပါတယ်။

ကျဆုံးခဲ့တဲ့ရဲဘော်ဟာ YOMA GBK PDF တပ်ဖွဲ့ တပ်ခွဲ ၁၊ တပ်စု ၂၊ တပ်စိတ် ၂ က အသက် ၄၂ နှစ်ရှိ ရဲဘော်ဦးကျော်(ခ)ကျော်ကြီးဖြစ်ပြီး စက်တင်ဘာ ၇ ရက် မနက်က ကွင်းချောင်းရွာစစ်အုပ်စုစခန်းကို တိုက်ခိုက်ချိန်မှာ ကျဆုံးခဲ့တာလို့ ဆိုပါတယ်။

စက်တင်ဘာ ၁၃ ရက် ဒီမနက်မှာတော့ ကျဆုံးရဲဘော်ကျော်ကြီးကိုရည်စူးပြီး ရက်လည်ဆွမ်းသွတ်ပေးခဲ့တယ်လို့ ရဲဘော်ကရင်လေးက ဆက်ပြောပါတယ်။

ရဲဘော်ကျော်ကြီးဟာ သာယာဝတီခရိုင်၊ အုတ်ဖိုမြို့နယ်သားတဦးဖြစ်ပြီး ပြီးခဲ့တဲ့နှစ် ဇွန် ၁၂ ရက်က YOMA GBK PDF တပ်ဖွဲ့ မှာ စတင်တာဝန်ထမ်းဆောင်ခဲ့တာဖြစ်ပြီးကျဆုံးချိန်မှာတော့ ဇနီးနဲ့အတူ ၁၉ နှစ်အရွယ်သမီးတဦးကျန်ရစ်ခဲ့တယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ ဇွန်လ ၁၂ ရက်ကလည်း ကြို့ပင်ကောက်မြို့နယ်ထဲမှာ အခြေစိုက်တဲ့ သာယာဝတီခရိုင် တပ်ရင်း ၃၈၀၁၊ တပ်ခွဲ ၅၊ Hero ပြောက်ကျားတပ်ဖွဲ့က အသက် ၄၁ နှစ်အရွယ် ရဲဘော်အောင်နိုင်ဟာလည်း အုတ်ဖိုမြို့နယ်အတွင်း သုံးရက်ကြာတိုက်ပွဲမှာ ဦးခေါင်းကိုလက်နက်ကြီးကျည်ထိကာ ကျဆုံးခဲ့ရပါသေးတယ်။

တည်းဖြတ် - HP

#မြေလတ်အသံ

#ပဲခူး #ကြို့ပင်ကောက် #ကျဆုံး #ရဲဘော် #ဈာပန 

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10