YPDF ဌာနချုပ်မှာပြုလုပ်တဲ့ နှစ်သစ်ကူးဆွမ်းလောင်းလှူပွဲ

YPDF ဌာနချုပ်မှာပြုလုပ်တဲ့ နှစ်သစ်ကူးဆွမ်းလောင်းလှူပွဲ

 

မကွေးတိုင်း၊ ဂန့်ဂေါခရိုင်၊ ယောဒေသပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ - YPDF ဌာနချုပ်တပ်ရင်းမှာ ဧပြီ ၁၇ ရက် (မြန်မာနှစ်ဆန်း ၁ ရက်)မှာ နှစ်သစ်ကူးအလှူအဖြစ် ဆွမ်းလောင်လှုပွဲပြုလုပ်ခဲ့တယ်လို့ အဲ့ဒီအဖွဲ့ဆီက သိရပါတယ်။ 

"အဓိကတော့ တပ်ဖွဲ့ဝင်အများစုက လူငယ်တွေဖြစ်တယ်။ တော်လှန်ရေးကာလမှာ တလျှောက်လုံး ဘာသာရေးပွဲတွေ သိပ်မလုပ်ဖြစ်ပါဘူး။ ရဲဘော်တွေလည်း စိတ်ပိုင်း ရုပ်ပိုင်းဆိုင်ရာ အပြောင်းအလဲလေး ဖြစ်အောင်လို့ လုပ်ဖြစ်တာပါ" YPDF ဥက္ကဌ ကိုယောလေး ကပြောပါတယ်။

တောရဆရာတော်တပါးကို ပင့်ဖိတ်ပြီး YPDF တပ်ဖွဲ့ဝင်ရဲဘော်တွေ၊ မိသားစုဝင်တွေနဲ့ ဒေသခံပြည်သူတွေပူးပေါင်းပြီး သပိတ်၊ သင်္ကန်း၊ ဝတ္ထုငွေကပ်လှူပြီး နေ့ဆွမ်းကပ်လှူခဲ့ကြတယ်လို့ ဆိုပါတယ်။ 

ဒါ့အပြင် ပံ့သကူလှူတာ၊ ပိဏ္ဍပါတ်ဆွမ်းလောင်းတာ (သံဃာတော်များကိုယ်တိုင်ဆွမ်းခံထွက်ချိန် လောင်းလှူသောဆွမ်းနှင့်လှူဖွယ်ဝတ္တု)၊ အန္တရာယ်ကင်း ပရိတ်ပဌာန်းရွတ်ဖတ်ပြီး ရေစက်ချအမျှဝေတာတွေ ပြုလုပ်ခဲ့တယ်လို့ ကိုယောလေးက ဆက်ပြောပါတယ်။ 

ယောဒသပြည်သူ့ကာကွယ်ရေးရဲဘော်တွေအနေနဲ့ သင်္ကြန်ကာလအတွင်းမှာလည်း ဌာနချုပ်အတွင်း ရေကစားခဲ့ကြပြီး တပ်ဖွဲ့ဦးဆောင်သူတွေကလည်း ရဲဘော်တွေအတွက် ကံစမ်းမဲလက်ဆောင်တွေပေးပြီး ဖျော်ဖြေရေးအစီစဥ်အချို့လည်း စီမံပေးခဲ့တယ်လို့ YDF ဆီက သိရပါတယ်။ 

ပုံစာ - နှစ်ဆန်း ၁ ရက်မှာ YDF တပ်ဖွဲ့ဝင်များ ဆွမ်းနဲ့လှူဖွယ်ပစ္စည်းများလောင်းလှူနေကြစဥ်။

စာတည်း - လင်း 

#မြေလတ်အသံ

#မကွေး #YDF #နှစ်သစ်ကူး #ဆွမ်းလောင်းအလှူ #သတင်း #မြေလတ်သတင်း

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10