စစ်ကောင်စီ ကင်းစခန်းကိုတိုက်ခိုက်ရင်း PLA ရဲဘော်တဦးကျဆုံး

စစ်ကောင်စီ ကင်းစခန်းကိုတိုက်ခိုက်ရင်း PLA ရဲဘော်တဦးကျဆုံး

မကွေးတိုင်း၊ ပခုက္ကူခရိုင်၊ ပခုက္ကူမြို့နယ်အနောက်တောင်ဘက်ရှိ ဖလမ်အိုကျေးရွာမှာ အခြေချတပ်စွဲနေတဲ့ စစ်ကောင်စီကင်းစခန်းကိုတိုက်ခိုက်ရင်း ကာကွယ်ရဲဘော်တဦးကျဆုံးခဲ့တယ်လို့ People`s Liberation Army - PLA တပ်ဖွဲ့ဆီက သိရပါတယ်။

အဆိုပါ စစ်ကောင်စီကင်းစခန်းကို မေ ၂၆ ရက် ဒီနေ့မနက်ပိုင်းမှာ အမှတ် ၈၁၅ PLA တပ်ဖွဲ့နဲ့ မဟာမိတ်ပူးပေါင်းအဖွဲ့တွေက တိုက်ခိုက်ခဲ့ရာ နှစ်ဖက်အပြန်အလှန်ပစ်ခတ်ချိန် PLA တပ်ဖွဲ့မှ ရဲဘော်ထွန်းနိုင် (ခ) ကိုအောင်သူရ ကျည်ထိမှန် ကျဆုံးခဲ့တာလို့ ဆိုပါတယ်။ 

"စကားပြောစက်မှာ ထိသွားပြီလို့ ရဲဘော်တွေကိုသတင်းပို့တယ်။ ဘာမှမဖြစ်ဘူးပဲ ပြောခဲ့တယ်။ ဒဏ်ရာရတော့ ရဲဘော်တွေပြန်ကူပြီး ပုခက်နဲ့ ထမ်းခေါ်ဖို့လုပ်နေရင်း ကျဆုံးသွားခဲ့ပါတယ်" လို့ PLA တပ်ဖွဲ့ သတင်းတာဝန်ခံဆီက သိရပါတယ်။

တိုက်ခိုက်နေချိန်အတွင်း စစ်ကောင်စီဘက်က စစ်ကူလာချိန် ရဲဘော်တွေကိုရှေ့က ကာပစ်ပစ်ရင်း သူ့ဦးခေါင်းကို ကျည်ထိမှန်ကျဆုံးခဲ့တာလို့လည်း ဆိုပါတယ်။ 

ကျဆုံးရဲဘော်ထွန်းနိုင်ဟာ အမှတ် ၈၁၅ PLA တပ်ဖွဲ့မှာ နိုင်ငံရေးမှူးအဖြစ် တာဝန်ယူထားသူလည်း ဖြစ်တယ်လို့ သိရပါတယ်။

စာတည်း - လင်း 

#မြေလတ်အသံ

#မကွေး #ပခုက္ကူ #စစ်ကောင်စီ #တိုက်ခိုက် #ရဲဘော်ကျဆုံး

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10