မမှန်သတင်းလွှင့်လို့ဆိုပြီး မင်းလှမြို့ခံတဦးကို စစ်ကောင်စီဖမ်းဆီး

မမှန်သတင်းလွှင့်လို့ဆိုပြီး မင်းလှမြို့ခံတဦးကို စစ်ကောင်စီဖမ်းဆီး

ပဲခူးတိုင်းအနောက်ခြမ်း၊ မင်းလှမြို့က အမျိုးသားတဦးကို မမှန်သတင်းလွှင့်တယ်ဆိုကာ စစ်ကောင်စီတပ်တွေက ဖမ်းဆီးခဲ့တယ်လို့ မြို့ခံတဦးက ပြောပါတယ်။

မင်းလှမြို့ပေါ်မှာ ကွမ်းယာရောင်းချနေတဲ့ အသက် ၄၆ နှစ်အရွယ် ကိုပတ်တီးကို သြဂုတ်လ ၂၁ ရက်ညနေက ဖမ်းဆီးခဲ့တာလို့ ဆိုပါတယ်။

"ဦးပျော့ကို စစ်ကောင်စီကဖမ်းဆီးလို့ သေပြီဆိုတဲ့ သတင်းလွှင့်လို့ဆိုပြီး မနေ့(ဩဂုတ်လ ၂၁)ညနေက ကွမ်းဆိုင်ကနေ အပြန်လမ်းမှာပဲ စစ်သားတွေက ဖမ်းဆီးလိုက်တာ" လို့ မြို့ခံတဦးက ပြောပါတယ်။

ကိုပတ်တီးဟာ မင်းလှမြို့ ဓမ္မာရုံအနီးနဲ့ လမ်းမတော်လမ်းတို့မှာ ကွမ်းယာဆိုင် ဖွင့်လှစ်ရောင်းချနေသူဖြစ်ပြီး လက်ရှိ ဘယ်မှာဖမ်းဆီးထားတယ်ဆိုတာကိုတော့ မသိရသေးဘူးလို့ ဆိုပါတယ်။

နောက်ထပ် မင်းလှမြို့ခံတဦးကလည်း ဩဂုတ်လ ၂၁ ရက်ညနေက ဖမ်းဆီးရာမှာ ကိုပတ်တီးအပြင် မြို့ခံအမျိူးသမီး ၅ ဦးလည်း ပါဝင်တယ်လို့ဆိုပေမယ့် မြေလတ်အသံက အတည်ပြုချက်ရဖို့ စုံစမ်းနေပါတယ်။  

သေဆုံးပြီလို့ သတင်းထွက်ပေါ်ခဲ့တဲ့ မင်းလှမြို့နယ်၊ ထောက်ကြန့်ကွင်းကျေးရွာက ဦးပျော့ဆိုသူဟာ စိတ်ကျန်းမာရေး ချို့တဲ့သူတဦးဖြစ်ပြီး NLD အင်္ကျီဝတ်လို့ဆိုကာ သြဂုတ် ၁၉ ရက်နေ့လယ်ပိုင်းမှာ စစ်ကောင်စီတပ်တွေက ဖမ်းဆီးခဲ့တာဖြစ်ပါတယ်။

အဲ့ဒီနောက် အုတ်ဖိုမြို့နယ်၊ တိမ်မြုပ်ရွာအခြေစိုက် ခမရ ၆ တပ်ရှိ စစ်ကြောရေးမှာ အစစ်ခံရကာ သေဆုံးပြီလို့ သတင်းတွေထွက်ပေါ်ခဲ့တာဖြစ်ပြီး လက်ရှိမှာ သေဆုံးမှုမရှိဘဲ မင်းလှရဲစခန်းက အချုပ်ထဲမှာပဲ ရှိနေသေးတာကြောင့် မမှန်သတင်းလွှင့် ပြောဆိုခဲ့တယ်ဆိုကာ အခုလို ကိုပတ်တီးကို ဖမ်းဆီးခဲ့တာလို့လည်း မြို့ခံတွေက ပြောပါတယ်။ 

စာတည်း - လင်း 

#မြေလတ်အသံ 

#ပဲခူး #မင်းလှ #စစ်ကောင်စီ #ဖမ်းဆီး #ဒေသခံ #သတင်း

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10