သတင်း
- - သတင်းတို
- - စီးပွားရေး
- - ရွေးကောက်ပွဲ
- - နိုင်ငံရေး
- - အင်တာဗျူး
- - မှုခင်း
- - ကျန်းမာရေး
- - ပညာရေး
- - အလုပ်သမား
- - သမိုင်း
- - ပေးစာ
- - စစ်ရှောင်
- - တိုက်ပွဲ
- - သဘာဝဘေး
အမ်း-ပဒါန်း လမ်းပိုင်းက စစ်တပ်ကင်းစခန်း ၂ ခုကို ကာကွယ်ရေးတပ် ၃ ခုပေါင်းပြီး တပြိုင်တည်း စီးနင်းတိုက်ခိုက်ခဲ့တဲ့အတွက် စစ်သား ၆ ဦးကျော်သေဆုံးခဲ့တယ်လို့ တော်လှန်းရေတပ်ဖွဲ့တွေဆီက သိရပါတယ်။
မကွေးတိုင်း၊ မင်းဘူးခရိုင်၊ ငဖဲမြို့နယ်အတွင်း အမ်း − ပဒါန်းလမ်းပိုင်းကို လုံခြုံရေးယူထားတဲ့ ဂုတ်ကြီးရွာထိပ်၊ ဘုံဘောလမ်းဆုံက ကင်းစခန်းနဲ့ မီတာ ၅၀၀ ဝန်းကျင်အကွာမှာရှိတဲ့ မိုင်တိုင် ၁၁ က ကင်းစခန်းတို့ကို နိုဝင်ဘာ ၅ ရက် မနက် ၁၁ လောက်မှာ တပြိုင်တည်း စီနင်းတိုက်ခိုက်ခဲ့ကြတာပါ။
အပြန်အလှန်ပစ်ခတ်မှု နာရီဝက်ကြာ ဖြစ်ခဲ့ကြပြီး စစ်ကောင်စီဘက်က စစ်ကူတွေရောက်လာကာ နှစ်ဖက်ညှပ်ပစ်ခတ်သလို နတ်ရေကန် လေကြောင်းရန်ကာကွယ်ရေးစခန်းကနေလည်း ဟောင်ဝစ်ဇာတွေနဲ့ ပစ်ကူပေးခဲ့တယ်လို့ တိုက်ခိုက်မှုမှာပါဝင်ခဲ့တဲ့ အရှိုချင်းကာကွယ်ရေးတပ်(ACDF)ရဲ့လက်ထောက်အထွေထွေအတွင်းရေးမှူးက ပြောပါတယ်။
“ကျနော်တို့ အနီးကပ်သွားရောက်ပြီးမှ ပစ်ခတ်တိုက်ခိုက်ခဲ့တာပါ။ စခန်းကို ကျနော်တို့ဝင်ရောက်သိမ်းပိုက်နိုင်တဲ့ အခြေနေထိတော့ မရှိခဲ့ပါဘူး။ သေဆုံးမှုကိုတော့ မြေပြင်မှာတိုက်ပွဲဝင်နေတဲ့ ရဲဘော်တွေမျက်မြင်အရှေ့မှာတော့ ၆ ယောက်လောက်ကျဆုံးသွားတယ်။ ဒဏ်ရာရတဲ့သူတွေလည်း အများအပြားရှိတယ်။" လို့ ACDF လက်ထောက်အထွေထွေအတွင်းရေးမှူးက ပြောပါတယ်။
အဲ့ဒီကင်းစခန်း ၂ ခုမှာ အမှတ် ၉၀၅ အမြောက်စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် (မစခ ၉၀၅) လက်အောက်ခံ တပ်တွေရဲ့ စစ်သားအင်းအား ၂၅ ဦးရှိပြီး အမ်း-ပဒါန်းလမ်းပိုင်းလုံခြုံရေးအတွက် လွန်ခဲ့တဲ့ ၁ လခွဲလောက်က ကင်းစခန်းချထားတာလို့ ပူးပေါင်းတပ်တခုဖြစ်တဲ့ လူထုတော်လှန်ရေးမဟာမိတ်အင်အားစု (PRA - Magway) စစ်ဦးစီးချုပ်က ပြောပါတယ်။
အဲ့ဒီတိုက်ပွဲမှာ စစ်ကောင်စီဘက်က သေဆုံးမှုကို မျက်မြင်အရ ၆ ဦးသေဆုံးတယ်လို့ PRA - Magway အပါအဝင် ကာကွယ်တပ်ဖွဲ့တွေဘက်က အတည်ပြုနိုင်ခဲ့ပြီး ၁၀ ဦးအထိသေနိုင်တယ်လို့ ခန့်မှန်းထားကြပါတယ်။
"ဒါဏ်ရာရတဲ့သူတွေကို စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက တိုက်ပွဲဖြစ်ရာနေရာကနေ ဆိုင်ကယ်တွေနဲ့ နတ်ရေကန်လမ်းဟောင်းကနေ ပဒါန်းဘက်ကို ဆင်းသွားတာပါ။" လို့ PRA - Magway စစ်ဦးစီးချုပ် နောင်သူရိန်က ပြောပါတယ်။
ဒီတိုက်ခိုက်မှုကို လူထုတော်လှန်ရေးမဟာမိတ်အင်အားစု (PRA - Magway)၊ အရှိုချင်းကာကွယ်ရေးတပ် (ACDF) နဲ့ မင်းဘူးခရိုင်အမှတ် (၂)တပ်ရင်းတို့က ပူးပေါင်းတိုက်ခိုက်ခဲ့ကြတာပါ။
အမ်း - ပဒါန်းလမ်းဟာ စစ်ကောင်စီအတွက် ရခိုင်နဲ့အခြားမြို့နယ်တွေကို ရိက္ခာပို့ဆောင်တာ၊ လူအင်အားပို့ဆောင်တာတွေကို အသုံးပြုရာမှာ အရေးပါတဲ့ လမ်းပိုင်းဖြစ်ပြီး လုံခြုံရေးအတွက် ကင်းစခန်းပေါင်း ၂၅ ခု ဝန်းကျင်ရှိနေတယ်လို့ သိရပါတယ်။
ပြီးခဲ့တဲ့ အောက်တိုဘာ ၂၈ ရက်ကလည်း အရှိုချင်းကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့ဟာ အမ်းမြို့နယ်ကနေ ရိက္ခာပို့ပြီးပြန်လာတဲ့ စစ်ကောင်စီကား ၂ စီးနဲ့ ဆိုင်ကယ် ၂ စီးကို ကြားဖြတ်တိုက်ခိုက်ခဲ့လို့ စစ်သား ၁၀ ဦးခန့်သေဆုံးခဲ့ပါတယ်။
စာတည်း - ဈာန်မြင့်
#မြေလတ်အသံ
#အမ်းပဒါန်းလမ်း #စစ်တပ် #ကင်းစခန်း #တိုက်ခိုက်
Share Share Share