သတင်း
- - သတင်းတို
- - စီးပွားရေး
- - ရွေးကောက်ပွဲ
- - နိုင်ငံရေး
- - အင်တာဗျူး
- - မှုခင်း
- - ကျန်းမာရေး
- - ပညာရေး
- - အလုပ်သမား
- - သမိုင်း
- - ပေးစာ
- - စစ်ရှောင်
- - တိုက်ပွဲ
- - သဘာဝဘေး
ပဲခူးတိုင်းအနောက်ပိုင်း၊ ပြည်ခရိုင်၊ ပေါက်ခေါင်းမြို့နယ်မှာ အငြိမ်းစားစစ်တပ်အရာရှိ ဗိုလ်ကြီးတဦးကို စက်တာဘာ ၇ ရက် ညနေပိုင်းက သုတ်သင်ရှင်းလင်းလိုက်တယ်လို့ ပြည်ခရိုင်တပ်ရင်း ၃၆၀၂ ထံက သိရပါတယ်။
ပစ်ခတ်ရှင်းလင်းခံရသူဟာ ချောင်းဂွကြီး ရေထိန်းတမံချက် ၂ နဲ့ ၃ ကြားရှိ ဦးပိုင်ရုံးဝန်းအတွင်းနေထိုင်တဲ့ စစ်တပ်အငြိမ်းစားဗိုလ်ကြီး သန်းဝင်း ဆိုသူဖြစ်ပြီး ညနေ ၄ နာရီခန့် ယာထဲကပြန်လာချိန် တောင်နဝင်းဆည်၊ မြောင်းမကြီးတာရိုးပေါ်မှာ သေနတ်နဲ့ပစ်ခတ်ခဲ့တာလို့ ဆိုပါတယ်။
“ပြည်သူတွေနဲ့ တော်လှန်ရေးသမားတွေအပေါ် နည်းမျိုးစုံနဲ့ နှောင့်ယှက်၊ ဂုတ်သွေးစုပ်ဒုက္ခပေးခဲ့တယ် ။ စကစရဲ့ ဒေါက်တိုင်လုပ်နေလို့ ရှင်းလင်းခဲ့တာပါ။ သေနတ်နဲ့ ၂ ချက်ပစ်တာ နေရာတင်ပွဲချင်း ပြီးသေတယ် " လို့ တပ်ဖွဲ့သတင်းတာဝန်ခံက မြေလတ်အသံကို ပြောပါတယ်။
အငြိမ်းစားဗိုလ်ကြီး သန်းဝင်းဟာ စစ်သားနဲ့ရဲတွေကို တလ ၂ ကြိမ်အနည်းဆုံးခေါ်ဆောင်ပြီး ၎င်းနေထိုင်ရာ ဦးပိုင်ရုံးအနီး တံတားကနေ လူငယ်တွေဆိုင်ကယ်မောင်းနှင်လာပါက PDF လို့စွပ်စွဲကာ ငွေညှစ်အနိုင်ကျင့်တာတွေ လုပ်ဆောင်နေသူဖြစ်တယ်လို့ သူကဆက်ပြောပါတယ်။
ဒေသခံသတင်းရင်းမြစ်တဦးကလည်း အသတ်ခံရသူဟာ အင်းငါးခွ သကြားစက်လက်ထောက်စက်ရုံမှူး ဗိုလ်ကြီးအငြိမ်းစားတဦးဖြစ်တယ်လို့ ဆိုပါတယ်။
" ဗိုလ်ကြီးဟောင်းဆိုတာ မှန်ပါတယ်။ ဗိုလ်ကြီးကို ပြည်မြို့နယ်အပိုင် ရှားပြင်ရွာနားမှာ ပစ်သတ်ခံရတာ ။ သူကရှားပြင်ရွာမှာ တာဝန်ကျတာ။ အဲ့ဒီမှာက ကြံခင်းတွေရော ထွန်စက်စခန်းတွေရောရှိတော့ သူက တာဝန်ယူရတာ။ ခုမနက်ပေါက်ခေါင်း အေးချမ်းရာသုဿန်မှာ သင်္ဂြိုဟ်ဖို့သယ်သွားပြီ”လို့ ပေါက်ခေါင်း မြို့ခံတဦးကပြောပါတယ်။
သြဂုတ် ၁၆ ရက်ကလည်း ပေါက်ခေါင်းမြို့နယ်၊ တာကောက်ကျေးရွာက အသက် ၅၀ နှစ်အရွယ် အုပ်ချုပ်ရေးမှူး ဇော်လင်းအောင် ဆိုသူ ခြင်းလုံးခတ်နေချိန် သေနတ်နဲ့ ၄ ချက်ပစ်ခံရပြီး သေဆုံးခဲ့တယ်လို့ သိရပါတယ်။
စာတည်း - ရင်ငြိမ်း
#မြေလတ်အသံ
#ပဲခူး #ပေါက်ခေါင်း #တပ်သတင်းပေး #စစ်မှုထမ်းဟောင်း #အရာရှိ #ပစ်သတ်ခံရ #PPDF #သတင်း
Share Share Share