မင်းဘူးနဲ့ ဂန့်ဂေါခရိုင်က PDF အခြေခံစစ်ပညာသင်တန်းဆင်းပွဲ (ရုပ်/သံ)

မကွေးတိုင်း၊ မင်းဘူးနဲ့ ဂန့်ဂေါခရိုင်အတွင်းမှာ အခြေခံစစ်သင်တန်းဆင်းပွဲတွေ အခုရက်ပိုင်းအတွင်းမှာ ပြုလုပ်ခဲ့ကြပါတယ်။

မင်းဘူးခရိုင် အမှတ် ၂ တပ်ရင်းနဲ့ ဂန့်ဂေါခရိုင်ထဲက CDF-KKG တပ်ရင်း ၇ တို့ အခြေခံစစ်သင်တန်းတွေကို သက်ဆိုင်ရာနယ်မြေတွေမှာ ပြုလုပ်ခဲ့ကြတာပါ။

မင်းဘူးခရိုင် အမှတ် ၂ တပ်ရင်း အမှတ် ၁ စစ်ဒေသ အခြေခံစစ်ပညာသင်တန်း အပတ်စဥ် ၂ ကို တပ်ဖွဲ့အခြေစိုက် တနေရာမှာ ပြုလုပ်ခဲ့ပြီး အဲ့ဒီသင်တန်းကတော့ ၁ လကျော်ကြာ တက်ရောက်ရတဲ့ သင်တန်းဖြစ်တယ်လို့ ဆိုပါတယ်။

အခြေခံစစ်ပညာသင်တန်း အပတ်စဥ် ၂ သင်တန်းကို တက်ရောက်ကြတဲ့ ရဲဘော်၊ ရဲမေတွေဟာ မင်းဘူးခရိုင်ထဲက အထက်မင်းလှနဲ့ ငဖဲမြို့နယ်အတွင်းက လူငယ်တွေဖြစ်ကြပြီး အရင်ကတည်းက အဖွဲ့ကို ချိတ်ဆက်ထားတဲ့ လူငယ်တွေဖြစ်တယ်လို့ တပ်ရင်းတာဝန်ရှိသူက ပြောပါတယ်။

တပ်ဖွဲ့ရဲ့ လိုအပ်ချက်အရ သင်တန်းပြီးလို့ သင်တန်းသာတွေကို ယူနီဖောင်းအဟောင်းတွေသာ ပေးနိုင်သေးပြီး လက်နက်တပ်ဆင်ပေးနိုင်ဖို့ကိုတော့ ခက်ခဲနေသေးတယ်လို့လည်း ဆိုပါတယ်။

ဂန့်ဂေါခရိုင်ထဲက CDF-KKG တပ်ရင်း ၇ မှာတော့ အပတ်စဥ် ၆ သင်တန်းကို သင်တန်းသားဦးရေ ၁၀ယောက်နဲ့ ရက်ပေါင်း ၆၀ ကြာ သင်တန်းပေးခဲ့ပြီး အောက်တိုဘာ ၁၄ ရက်က သင်တန်းဆင်းပွဲပြုလုပ်ခဲ့တာပါ။

CDF-KKG တပ်ရင်း ၇ ရဲ့သင်တန်းဆင်းပွဲမှာ စံပြဆု၊ လက်ဖြောင့်ဆု၊ ဇွဲဆု  အစရှိတဲ့တစ်ဦးချင်း ထူးချွန်ဆုတွေကိုလည်း ပေးအပ်ခဲ့တယ်လို့ သိရပါတယ်။

တည်းဖြတ် - ငြိမ်းဇော်

#မြေလတ်အသံ

#မင်းဘူး #ဂန့်ဂေါ #အခြေခံစစ်ပညာ #သင်တန်းဆင်း #PDF #မြေလတ်ရုပ်သံ

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10