သဲကုန်းနဲ့ နတ္တလင်း မြို့တို့မှာ ပန်းသပိတ်ပြုလုပ်

သဲကုန်းနဲ့ နတ္တလင်း မြို့တို့မှာ ပန်းသပိတ်ပြုလုပ်

ပဲခူတိုင်းအနောက်ခြမ်း၊ သဲကုန်းမြိုနယ် နဲ့ နတ္တလင်းမြို့တို့မှာ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ၇၈ နှစ်ပြည့်မွေးနေ့ ပန်းသပိတ်ပြုလုပ်ခဲ့ကြတယ်လို့ လှုပ်ရှားခဲ့ကြသူများ ထံက သိရပါတယ်။

"ပြည်သူလူထုအနေနဲ့ စစ်အာဏာရှင်ဆန့်ကျင်ခဲ့တာ သွေးအေးသွားမှာဆိုးတယ်။ ပြည်သူတွေရဲ့နိုင်ငံရေး နိုးကြားတက်ကြွမှုတွေကို အမြဲရှင်သန်နေအောင် လှုံ့ဆော်ချင်တဲ့ရည်ရွယ် ချက်နဲ့ ပန်းသပိတ်ကို ပါဝင်လုပ်ခဲ့ရတာ"လို့ သဲကုန်း(ပအဖ) တာဝန်ခံက ပြောပါတယ်။

ပန်းသပိတ်လှုပ်ရှားမှုတွေက လူထုခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည် နဲ့အတူ သဲကုန်းမြို့နယ်ပြည်သူများက တသားတည်း ထပ်တူရပ်တည်နေကြောင်း ကိုထုတ်ဖေါ်ပြသတာဖြစ်သလို အမေစုကျန်းကျန်းမာမာရှိပါစေကြောင်း မေတ္တာပို့ဆုတောင်းနေပါတယ်လို့ သူကဆိုပါတယ်။

အလားတူ နတ်တလင်းမြိုနယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေကလည်း ဇူလိူင် ၁၉ ရက်ဒီနေ့လယ် ၁ နာရီမှာ ဒေါ်အောင်ဆန်းစုကြည်မွေးနေ့အထိမ်းအမှတ် ပန်းသပိတ်ပြုလုပ်ခဲ့ကြပါတယ်။

ဒီနေ့နေ့လယ် ၁ နာရီမှာပြုလုပ်တာဖြစ်ပြီး ဒေါ်အောင်ဆန်းစုကြည်ရဲ့ မွေးနေ့ကို ဆုတောင်းပေးချင်တာနဲ့  ပြည်သူတွေကိုလည်း ဆုတောင်းပေးချင်တာအပြင် စစ်ကောင်စီကို တော်လှန်နေတယ်ဆိုတာကို သိစေချင်တာ​တဲ့အတွက် ဒီနေ့ပန်းသပိတ်ကို ပြုလုပ်တာဖြစ်တယ်လို့ Phoenix DF ရဲ့တာဝန်ရှိသူတဦးဆီက သိရပါတယ်။

 

စာတည်း-နွေဦးငြိမ်းချမ်း

#မြေလတ်အသံ

#ပဲခူးတိုင်း #သဲကုန်း #နတ္တလင်း #ပန်းသပိတ် #ပအဖ #PDF #လူထုလှုရှားမှု

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10