လက်တကမ်းကျန်းမာရေး

“အသဲကြီးခြင်းအတွက် မဲဇလီ” (Podcast)

လိပ်ခေါင်းရောဂါကာကွယ်ဖို့ မဲဇလီပင်ရဲ့ဘယ်အစိတ်အပိုင်းကိုအသုံးပြုနိုင်သလဲ။ မဲဇလီအမြစ်သွေးရေဟာ ဘယ်လိုရောဂါတွေကိုသက်သာစေသလဲ။ သွေးတိုးရောဂါသက်သာစေဖို့ မဲဇလီရွက်ကို ဘယ်လိုအသုံးပြုနိုင်သလဲ။ ရင်ပူ၊ ရင်ပြည့်၊ ရင်ကယ်တဲ့အခါ မဲဇလီပင်ရဲ့ ဘယ်အစိတ်အပိုင်းကို အသုံးပြုကုသနိုင်သလဲစတာတွေကို နားဆင်ရမှာပါ။

“ဆံသားကျန်းမာရေးအတွက် ပဲတောင့်ရှည်ပင်” (Podcast)

ပဲတောင့်ရှည်အစိမ်းစားသုံးခြင်းဟာ အူမကြီးကျန်းမာရေးကို ဘယ်လိုအထောက်အကူပြုသလဲ။ ကိုယ်ဝန်ဆောင် မိခင်တွေအတွက် ပဲတောင့်ရှည်က ဘယ်လိုအထောက်အပံ့ပေးသလဲ။ မျက်လုံးကျန်းမာရေးအတွက် ပဲတောင့်ရှည်ပင်ရဲ့ ဘယ်အစိတ်အပိုင်းကို အသုံးပြုရမလဲ။ ပဲတောင့်ရှည်သီး စားသုံးခြင်းမှာ ဘေးထွက်ဆိုးကျိုးတွေရှိပါသလား စတာတွေကို နားဆင်ရမှာပါ။

“စိတ်ဖိစိးမှုကိုလျော့ကျစေတဲ့ စပါးလင်” (Podcast)

စပါးလင်ရဲ့ ဘယ်အစိတ်အပိုင်းတွေကို ဆေးဘက်ဆိုင်ရာမှာ အသုံးပြုနိုင်သလဲ။ ဒူလာရောဂါကို သက်သာပျောက်ကင်းစေဖို့ စပါးလင်ကိုဘယ်လိုသုံးရမလဲ။ စပါးလင်ဆီကရော ဘယ်လိုရောဂါတွေကို သက်သာပျောက်ကင်းစေသလဲ။ စပါးလင်ရဲ့ဘေးထွက်ဆိုးကျိုးက ဘာတွေလဲ စတာတွေကို နားဆင်ရမှာပါ။

“ပျဉ်းမပင်နှင့် အစာအိမ်နာ” (Podcast)

ပျဉ်းမရွက်ပြုတ်ရေဟာ ဂေါက်ရောဂါ၊ ဆီးချိုရောဂါ၊ ကင်ဆာရောဂါသမားတွေကို ဘယ်လိုအထောက်အကူပြုသလဲ။ ပျဉ်းမရွက် လဘက်ခြောက်ဟာ ဘယ်လိုရောဂါပိုးမွှားတွေကို တိုက်ဖျက်နိုင်သလဲ။ ကျောက်ကပ်ကျန်းမာရေးအတွက် ပျဉ်းမပင်ကို ဘယ်လိုအသုံးပြုသလဲ။ ပျဉ်းမပင်အမြစ်သွေးရေဟာ ဘယ်လိုရောဂါတွေကိုပျောက်ကင်းစေသလဲ စတာတွေကို နားဆင်ရမှာပါ။

“ကင်ဆာကြီးထွားမှုကို လျော့ပါးစေတဲ့ ပိန်းပင်” (Podcast)

ပိန်းပင်ဟာ ဘယ်လိုရောဂါတွေကိုထိန်းချုပ်ကုနိုင်သလဲ။ ခန္ဓာကိုယ်အလေးချိန်ကို ပိန်းပင်ရဲ့ဘယ်အစိတ်အပိုင်းက ထိန်းချုပ်ပေးနိုင်သလဲ။ ပိန်းရွက်စားသုံးခြင်းရဲ့အကျိုးကျေးဇူးတွေက ဘာတွေလဲ။ ပိန်းဥပိန်းရွက်မှာ ဘေးထွက်ဆိုးကျိုးရှိပါသလား စတာတွေကို နားဆင်ရမှာပါ။

“အသားဝါခြင်းအတွက် ဘူးပင်” (Podcast)

ဘူးရွက်ဖျော်ရည်ရဲ့ အစွမ်းသတ္တိတွေက ဘာတွေလဲ။ ဘူးသီးကိုပုံမှန်စားသုံးတာကြောင့် ဘယ်လို အကျိုးကျေးဇူးတွေ ရစေနိုင်သလဲ။ အသားဝါခြင်းအတွက် ဘူးသီးကိုဘယ်လိုသုံးဆောင်သင့်သလဲ။ ဘယ်လိုဘူးသီးတွေကို စားသောက်ဖို့မသင့်ဘူးလဲ စတာတွေကို နားဆင်ရမှာပါ။

“အအေးမိခြင်းကို ကာကွယ်နိုင်တဲ့ ရှောက်ပင်” (Podcast)

မနက်ခင်းမှာ ရှောက်ရေ ၁ ခွက်ကိုသောက်သုံးပေးပါက ခန္ဓာကိုယ်ကို ဘယ်လိုအကျိုးပြုလဲ။ ကိုယ်ဝန်ဆောင်ချိန် ပျို့အန်ခြင်းအတွက် ရှောက်ပင်အခေါက်ဟာ ဘယ်လိုအသုံးဝင်သလဲ။ ရှောက်သီးပုံမှန်စားသုံးခြင်းရဲ့ကောင်းကျိုးတွေက ဘာတွေလဲ။ ရှောက်သီးအခွံမှာ ဘယ်လိုအစွမ်းသတ္တိတွေရှိသလဲ စတာတွေကို နားဆင်ရမှာပါ။

“အသည်းအဆီဖုံးခြင်းကို ကာကွယ်ပေးတဲ့ ကင်းပုံပင်” (Podcast)

ကင်းပုံရွက်မှာ ဘယ်လိုဓာတ်တွေပါဝင်ပါသလဲ။ ကင်းပုံပင်ရဲ့ဘယ်အစိတ်အပိုင်းက အစာခြေလမ်းကြောင်းကိုအထောက်အကူပြုပါသလဲ။ ရောင်ရမ်းနာကျင်မှုတွေအတွက် ကင်းပုံရွက်ကို ဘယ်လိုအသုံးပြုနိုင်သလဲ။ ဆီးချိုဝေဒနာရှင်တွေအနေနဲ့ ကင်းပုံပင်ကိုဘယ်လို စားသုံးရမလဲစတာတွေကို နားဆင်ရမှာပါ။

“အစာအိမ်အချဉ်ပေါက်ခြင်းကို သက်သာစေတဲ့ ဖန်ခါး” (Podcast)

ဆံသားကျန်းမားရေးကောင်မွန်စေဖို့ ဖန်ခါးသီးကိုဘယ်လိုအသုံးပြုရမလဲ။ ဖန်ခါးသီးအမှုန့်ဟာ ဘယ်လိုရောဂါတွေကိုကုသနိုင်သလဲ။ ဆီးချိုရောဂါကိုထိန်းချုပ်နိုင်ဖို့ ဖန်ခါးပင်ရဲ့ဘယ်အစိတ်အပိုင်းကိုအသုံးပြုလို့ရသလဲ။ ဖန်ခါးသီးကို ဘယ်လိုလူတွေ စားသုံးဖို့မသင့်တာလဲ စတာတွေကို နားဆင်ရမှာပါ။

“ဆီးချိုထိန်းညှိဖို့ အထောက်အကူပြုတဲ့ ကဒတ်ပင်” (Podcast)

ကဒတ်ဥဟာ အစာခြေစနစ်မှာ ဘယ်လိုအထောက်အကူပြုလဲ။ မီးလောင်ဒဏ်ရာများအတွက် ကဒတ်ဥကို ဘယ်လိုအသုံးပြုရမလဲ။ ကဒတ်ပင်ရဲ့ ဘယ်အစိတ်အပိုင်းတွေက ကျန်းမာရေးအတွက် အသုံးဝင်သလဲ။ ကဒတ်ဥပြုတ်ရေက ဘယ်လိုရောဂါတွေကို ပျောက်ကင်းစေသလဲ။ ကဒတ်ဥမှာ ဘေးထွက်ဆိုးကျိုးရှိပါသလား စတာတွေကို နားဆင်ရမှာပါ။

“မှတ်ဉာဏ်လုပ်ဆောင်ချက်ကောင်းမွန်စေတဲ့ ခရမ်း” (Podcast)

ခရမ်းပင်ရဲ့ ဘယ်အစိတ်အပိုင်းတွေက ကျန်းမာရေးအတွက်အသုံးဝင်သလဲ။ သွေးတွင်းမကောင်းတဲ့အဆီလျှော့ချနိုင်ဖို့ ခရမ်းသီးကို ဘယ်လိုအသုံးပြုနိုင်သလဲ။ ခရမ်းသီးဟာ ဆီးချိုရောဂါဝေဒနာရှင်တွေအတွက် ဘယ်လိုအထောက်အကူပြုပါသလဲ။ ခရမ်းရွက်သတ္တုရေကို ဘယ်လိုရောဂါတွေအတွက်အသုံးပြုလို့ရသလဲစတာတွေကို နားဆင်ရမှာပါ။

“ကြို့ထိုးခြင်း ပြဿနာ” (Podcast)

ကြို့ထိုးခြင်းဟာ ဘာကြောင့်ဖြစ်တာလဲ။ ကြို့ထိုးခြင်း ဘယ်နှစ်မျိုးရှိပါသလဲ။ ကြို့ထိုးခြင်းမဖြစ်အောင် ဘယ်လိုကာကွယ်နေထိုင်နိုင်သလဲ။ ကြို့ထိုးခြင်းကို သက်သာစေတဲ့ ဆေးဝါးဓာတ်စာရှိပါသလား စတာတွေကို နားဆင်ရမှာပါ။

“သတိပြုစရာ ဝဲယားနာ” (Podcast)

ဝဲယားနာဘာကြောင့်ဖြစ်ရတာလဲ၊ ဘယ်လိုလူတွေမှာအဖြစ်များလဲ၊ ကူးစက်ရောဂါဝဲယားနာ မဖြစ်အောင် ဘာတွေရှောင်ရဆောင်ရမလဲ၊ ဝဲယားနာဖြစ်လာရင် အနီးအနားက ဆေးဖက်ဝင် အသီး အပွင့်တွေနဲ့ဘယ်လိုကုသပေးနိုင်မလဲဆိုတာတွေကို နားဆင်ရမှာပါ။

“ငှက်ဖျားရောဂါအတွက် ကွမ်းပင်” (Podcast)

အစာခြေစနစ်ကောင်းမွန်စေဖို့ ကွမ်းရွက်ကိုဘယ်လိုအသုံးပြုရမလဲ။ ရင်ဘတ်အောင့်၊ ရင်ဘတ်နာရောဂါတွေအတွက် ကွမ်းရွက်ဟာ ဘယ်လိုအသုံးဝင်သလဲ။ ကွမ်းရွက်ဟာ သွားနဲ့ခံတွင်းကို ဘယ်လိုအထောက်အကူပြုပါသလဲ။ ကွမ်းရွက်အမှုန့်ဟာ ဘယ်လိုရောဂါတွေကို သက်သာစေသလဲ။ စတာတွေကို နားဆင်ရမှာပါ။

“ကြွက်သားအားနည်းခြင်းအတွက် သခွါးပင်” (Podcast)

ကြွက်သားအားနည်းတဲ့အခါ သခွါးစေ့ကို ဘယ်လိုအသုံးပြုကုသမလဲ။ သခွါးသီးဟာ အစာခြေလမ်းကြောင်းကို ဘယ်လို အထောက်အကူပြုပါသလဲ။ ဆီးလမ်းကြောင်းရောဂါတွေအတွက် သခွါးပင်ကို ဘယ်လိုအသုံးပြုရမလဲ။ သခွါးပင်မှာရော ဘေးထွက်ဆိုးကျိုးတွေရှိပါသလား စတာတွေကို နားဆင်ရမှာပါ။

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10