ပဲခူးမြို့ အထက ၄ မှာ အလယ်တန်းကျောင်းသားချင်း အုပ်စုဖွဲ့ထိုးကြိတ်မှုဖြစ်

ပဲခူးမြို့ အထက ၄ မှာ အလယ်တန်းကျောင်းသားချင်း အုပ်စုဖွဲ့ထိုးကြိတ်မှုဖြစ်

ပဲခူးတိုင်းဒေသကြီး၊ ပဲခူးမြို့၊ ဇိုင်းမြောက်ရပ်ကွက်၊ ပဲခူးဘူတာအနီးရှိ အထက ၄ ကျောင်းမှာ ၇ တန်းကျောင်းသားအချင်းချင်း အုပ်စုဖွဲ့ထိုးကြိတ်မှုဖြစ်ခဲ့ပြီး အထိုးခံရတဲ့ ကျောင်းသားကတော့ ဆေးကုသမှုခံယူနေရတယ်လို့ ဒေသခံတွေဆီသိရပါတယ်။

၇ တန်း (B) အခန်းမှ မောင်မြင့်မြတ်သာ ၁၃ နှစ်ကို အုပ်စုဖွဲ့ဝိုင်းထိုးကြတာကြောင့် မျက်နှာနဲ့ ဦးခေါင်းတွေမှာ ဖူးယောင်ဒဏ်ရာတွေရပြီး လက်ရှိအချိန်ထိ မသက်သာသေးဘူးလို့ ဆိုပါတယ်။

"ဒဏ်ရာတွေကများတော့ အရှင်းတော့မပျောက်သေးဘူး။ ထိုးကြိတ်တဲ့ကိစ္စနဲ့ပတ်သက်ပြီး ကျောင်းဘက်ကတော့ ထိုးတဲ့ကလေးတွေကို ကျောင်းတပတ်အနားပေးထားတယ်လို့ဘဲ သိရတယ်။ ခံရတဲ့ကလေးကတော့ တော်တော်ခံလိုက်ရတယ်။"လို့ ဒေသခံတဦးကပြောပါတယ်။

မောင်မြင့်မြတ်သာကိုတော့ ပဲခူးပြည်သူ့ဆေးရုံ ပြင်ပလူနာဌာနမှာပြသပြီး ဆေးကုသမှုခံယူ ခဲ့ရပါတယ်။

ဇန်နဝါရီလ ၁၉ ရက်မှာ  ၇ တန်း (B) စာသင်ခန်းထဲမှာ အင်္ဂလိပ်စာဆရာမကို မောင်မြင့်မြတ်သာက စာနဲ့ပတ်သတ်ပြီး ဆွေးနွေးပြောဆိုရာ ဒီကိစ္စကို အတန်းဖော် ကျောင်းသား ၅ ဦးကျော်လောက်က မကျေနပ်တဲ့အတွက် ဝိုင်းဝန်းထိုးကြိတ်ခဲ့ကြတာလို့ ဆိုပါတယ်။ 

အဆိုပါ ကိစ္စနဲ့ပတ်သက်ပြီး ထိုးကြိတ်ခံရတဲ့ ကျောင်းသားမိဘတွေက ကျောင်းအုပ်ဆီကို တိုင်ကြားခဲ့ပြီး ကျောင်းဘက်က ဝိုင်းဝန်းထိုးကြိတ်ခဲ့တဲ့ ကျောင်းသားတွေကို ခံဝန်ထိုးခိုင်းကာ ကျောင်းတပတ်နားခိုင်းပြီး ပြစ်ဒဏ်ချမှတ်ခဲ့တယ်လို့ သိရပါတယ်။

ခုလိုကိစ္စရပ်နဲ့ပတ်သက်ပြီး မောင်မြင့်မြတ်သာရဲ့ မိခင်ဖြစ်သူဒေါ်သူဇာဝင်းက "သားဖြစ်သူရဲ့ ဖူးယောင်ညိုမဲစွဲပြီး ကွဲပြဲနေတဲ့မျက်နှာနဲ့ ခံစားနေရတဲ့ဝေဒနာအပြင် ပြိုလဲသွားရတဲ့ ကလေးရဲ့စိတ်ဓာတ်ကတော့ ကျေနပ်စရာမရှိပါဘူး။ ကျောင်းသူဟောင်းတယောက်၊ မိဘတယောက်၊ ဆရာမတယောက်အနေနဲ့ရော ဒီလိုလုပ်ရပ်ကိုပြင်းပြင်းထန်ထန်ရှုံ့ချပါတယ်။"လိူ့ သူရဲ့ လူမှုကွန်ယက်စာမျက်နှာ ရေးသားထားပါတယ်။

စာတည်း - လင်း 

 #မြေလတ်အသံ

#ပဲခူး #အထက၄ #အုပ်စုဖွဲ့ထိုးကြိတ်မှုဖြစ် #ဒဏ်ရာရ #ကျောင်းနား #သတင်း #မြေလတ်သတင်း

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10