ခင်ဦးနယ်၊ ရှားလွင်ရွာဗုံးကြဲခံရပြီး အမျိုးသား ၃ ဦးဒဏ်ရာရ
"စာသင်ကျောင်းထိပ်က နွားတွေထားတဲ့ နွားတဲကိုချသွားတာ။ တဲကတော့ လုံးဝပျက်စီးသွားတယ်။ ဒဏ်ရာရသူတွေကတော့ အသက်အန္တရာယ်မစိုးရိမ်ရဘူး"
"စာသင်ကျောင်းထိပ်က နွားတွေထားတဲ့ နွားတဲကိုချသွားတာ။ တဲကတော့ လုံးဝပျက်စီးသွားတယ်။ ဒဏ်ရာရသူတွေကတော့ အသက်အန္တရာယ်မစိုးရိမ်ရဘူး"
"လာခေါ်ထုတ်တဲ့အခါမှာ ကောင်းမွန်စွာနဲ့အကြောင်းပြချက်ခိုင်လုံအောင်မပြောတဲ့အတွက် မလိုက်ဘူးပေါ့။ မလိုက်တဲ့ဟာကို သူတို့ဇွတ်ဆွဲခေါ်တဲ့အခါမှာ မလိုက်ဘဲနေတယ်ဆိုတဲ့အကြောင်းပြချက်နဲ့ အဲဒီအမျိုးသမီး (စန်းနွယ်ဦး)က ဦးဆောင်ပြီးမှ ရိုက်တာ၊ ကန်ကျောက်တာတွေလုပ်တာ"
"ထောင်ပြောင်းရောက်လာတဲ့အချိန်မှာ နှစ်ယောက်တတွဲခြေကျင်းတွေနဲ့ပေါ့။ ဝင်လာဆိုတာနဲ့ အကြောင်းပြချက် ထွေထွေထူးထူး မပေးဘူး။ အဲမှာရှိတဲ့ တပ်ကြပ်စိုးမင်းဆိုတဲ့သူ ဦးဆောင်တယ်။ တခြားထောင် ဝန်ထမ်းတွေလည်းပါတယ်။ ထောင်ထဲ မဝင်ခင်မှာ တကြိမ်ရိုက်တယ်။ ထောင်ဗူးဝမှာ ထပ်ပြီးတော့ ရိုက်နှက်ခံရတယ်"
"ဗုံးကြဲတာ ရွာထဲကျတယ်။ အိမ်နှစ်လုံး၊ သုံးလုံးလောက်ပျက်စီးသွားတယ်။ ပြည်သူတဦးကတော့ မှန်ပြီးတော့ သေဆုံးသွားတာပေါ့"
"စစ်ရှောင်တွေအတွက် စားနပ်ရိက္ခာအဓိက လိုအပ်တယ်ခင်ဗျ။ ကျုပ်တို့အနေနဲ့လည်း စစ်ရှောင်တဌာနကို တနပ်စာ စသဖြင့် မျှကူနေရတယ်"
"ပုံစံကြေးဆိုတာ အသုံးအဆောင်ပစ္စည်းတွေအတွက် မဟုတ်ဘူး။ ထောင်အရာရှိနဲ့တွေ့ရင် နေထိုင်ရမယ့်ပုံစံ၊ မတ်တတ်ရပ်ရင် ဘယ်လိုနေရမယ်၊ အရေးပေါ်အခြေအနေမှာဘယ်လို ပြုမူကျင့်ကြံရမယ်။ ဒါတွေကိုသင်ကြားပေးတဲ့ နေရာပေါ့။ အဲ့ဒီလိုသင်ကြားပေးတဲ့အခါ ရိုက်နှက်နှိပ်စက်တာတွေကို မခံရဖို့အတွက်ဆိုရင် ငွေ ၁ သိန်းပေးရမယ်ဆိုပြီး စီးပွားရှာနေတာပေါ့"
"နိုင်လင်း လင်မယားက လယ်တဲမှာ မွေးထားတဲ့ဝက်တွေကို အစာကျွေးဖို့သွားချိန် အဖမ်းခံရတာ။ မိမြိုင်တို့ ညီအစ်မတွေလည်း လယ်ထဲမှာပဲ အဖမ်းခံလိုက်ရတာ"
"ဝင်တိုက်နေတဲ့အချိန်မှာ မိုးကတအားရွာတယ်။ မိုးကတော်တော်ကိုရွာနေတော့ အပြီးမသိမ်းနိုင်ခဲ့ဘူး။ စကစနဲ့ ပျူတွေ အသေအပျောက် များနိုင်တယ်။ ကျနော်တို့အဖွဲ့က အနီးကပ်မတိုက်ခိုက်ခဲ့ရဘဲ အဝေးကနေ လက်နက်ကြီးပစ်ကူပေးခဲ့ရလို့ ရလဒ်အခြေအနေကို မသိရသေးဘူး။"
"ခြေလျင်လာတာဗျ။ ကားလမ်းမအတိုင်းပဲ ထိုးလာတာ။ ရွာထဲတွေတော့ မဝင်ဘူး။ ဒါပေမယ့် ဒေသခံတွေက တခုခုဖြစ်မှာကြောက်တော့ ရွာလုံးကျွတ်ထွက်ပြေးနေကြရတယ်"
ငါးဖမ်းလှေငယ်တွေ ရှိ၊ မရှိကို ကြည့်တာပါ။ မြစ်တလျှောက်မှာ ငါးဖမ်းလှေငယ်တွေကို မတွေ့မြင်ရဘူးဆိုရင် စစ်ကောင်စီNavyသင်္ဘောက မြစ်ထဲဝင်ရောက်နေတယ်ဆိုတဲ့ သဘောပါ။ မြစ်မှာ Navy ရောက်ရှိနေတယ်ဆိုရင် ငါးဖမ်းထွက်တဲ့လှေငယ်တွေကို လက်နက်ငယ်တွေနဲ့ လှမ်းပစ်တာကြောင့် တံငါသည်တွေ ငါးဖမ်းမထွက်ကြတော့ပါဘူး။ အခုတော့ မြစ်တလျှောက်မှာ ကိုယ်တော်မြတ်တံငါသည်တွေက လှေကိုယ်စီနဲ့ ငါးဖမ်းနေတာကို တွေ့မြင်ရတော့ ကျနော်တို့စက်လှေဟာ ကုလားတန်ဖြစ်ကို ဖြတ်ကျော်လို့ လိုရာခရီးကို မောင်းနှင်ပါတော့တယ်။
အင်အား ၄၀ ကျော်ရှိတဲ့ စစ်ကောင်စီတပ်သားတွေနဲ့ ဒေသကာကွယ်ရေးတပ်ဖွဲ့တွေဟာ ရွှေတုတ်ကန်ကျေးရွာ အဝင်လမ်းထိပ်နဲ့ ကျေးရွာထဲမှာ ၁ နာရီကြာ ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့တာကြောင့် ရွှေတုတ်ကန်နဲ့ ဝါရိုးကျေးရွာက ဒေသခံတွေရွာလုံးကျွတ်ထွက်ပြေးခဲ့ရတာလို့ ရွှေတုတ်ကန်ကျေးရွာမှ ထွက်ပြေးနေရသူ အမျိုးသမီးတဦးက ဆိုပါတယ်။
"အရေးတကြီးပြေးခဲ့ရတာမို့ ချက်ပြုတ်စရာအိုးခွက်မပါ၊ မိုးကရွာနဲ့ ဒုက္ခရောက်ရပါတယ်။ မကြီးတိုင်းရွာကို မုန့်လေးသွားဝယ်ခိုင်းစားကြ၊ ခင်မင်သူတွေက ထမင်းလာပို့ကြပါတယ်။ ညကတော့ မိုးရွာတော့ မိုးမလုံလို့ အိပ်မရပါဘူး"
"Mi-17 နဲ့ ရေဦးကိုဆင်းတိုင်း Mi-35က အနောက်ကနေ ကပ်ပါလာတယ်။ Mi-17 ရေဦးကိုဆင်းနေချိန် ကိုယ့်ဘက်ကအဖွဲ့တွေ ဝင်ပစ်ခတ်မှာလည်း စိုးတဲ့အတွက် အခုလိုရမ်းကားပစ်ခတ်ခဲ့တာ"
စစ်သားတဦးက ကျနော့်ရဲ့ ဖုန်းနဲ့ မှတ်ပုံတင်ကဒ်ကို ယူပြီးစစ်တယ်။ စစ်သားက “ခင်ဗျား စစ်တွေကို ဘာလုပ်ဖို့သွားလဲ” ဆိုပြီး မေးရင်း ကျနော့် လက်ကိုင်ဖုန်းထဲက ဓာတ်ပုံတွေကို တပုံချင်းစီး ကြည့်ပါတယ်။ ဓာတ်ပုံတွေကို တပုံချင်ရွှေ့ကာ စစ်ကြည့်နေတဲ့ စစ်သားက “မင်း ငါ့အနားကိုလာခဲ့” လို့ ဆိုတယ်။ ကျနော်ကလည်း စစ်သားအနီးကိုသွားပြီး ဘေးချင်းကပ်ကာ ရပ်လိုက်ပါတယ်။ အဲဒီအချိန်မှာ စစ်သားက ဖုန်းကို ကျနော့်မျက်နှာအနီးကိုကပ်ပြပြီး “ဒါ မင်းရိုက်ထားတဲ့ပုံလား” လို့ အသံတိုးတိုးနဲ့ မေးလိုက်ပါတယ်။ စစ်သားပြတဲ့ဓာတ်ပုံကို ကြည့်လိုက်တော့....
"မနေ့ကဆို နောက်ဆုံးဆိုပြီးတော့ အတင်းတောင်းကြတယ်။ ပေးတဲ့ဟာတွေကများသွားပြီ။ သုံးပုံ ပုံလို့ တပုံပဲ ကျန်တော့တယ်။ မပြေလည်တဲ့အိမ်က နေအုံးပေါ့။ ပြေလည်တဲ့အချိန်ထည့်ပေးမယ်ဆိုပြီး ပြော ထားရတယ်"လို့ ငွေထည့်ဝင်ခဲ့ရတဲ့ ဒေသခံအမျိုးသမီးတဦးက မြေလတ်အသံကို ပြောပါတယ်။