ကနီက ဆက်သွယ်ရေးတပ်စခန်းကို ၂ရက်မြောက်နေ့မှာ PDF တွေသိမ်းနိုင်ခဲ့
"အခု ကျနော်တို့ရဲဘော်တွေ ရှင်းလင်းရေးလုပ်နေပြီ။ စကစသေဆုံးမှုနဲ့ပတ်သက်ပြီး အသေးစိတ် အချက်အလက်မသိရသေးဘူး။"
"အခု ကျနော်တို့ရဲဘော်တွေ ရှင်းလင်းရေးလုပ်နေပြီ။ စကစသေဆုံးမှုနဲ့ပတ်သက်ပြီး အသေးစိတ် အချက်အလက်မသိရသေးဘူး။"
"ဒီကောင်တွေက နတ်ကြီးမှာ နှစ်စပိုင်းကတည်းက လာပြီးအထိုင်ချနေကြတာ။ ဘာဖြစ်လို့ စခန်းပြောင်းသွားလဲဆိုတာကို မသိဘူး။ မှတ်ပုံတင်တွေနဲ့ ပစ္စည်းတွေကို သူတို့(စကစ)နေခဲ့တဲ့ အဆောင်တွေထဲကနေ ရခဲ့တာ"
"ဒီလူတွေက ခြေထောက်မှာဒဏ်ရာတွေရပြီး မပြေးနိုင်လို့ ဖမ်းမိခဲ့တာ။ အဲဒီထဲက ၂ယောက်က ပြန်လည်ခုခံတိုက်ခိုက်လို့ ပစ်သတ်လိုက်ရတယ်”
"တိုက်ပွဲ တနေရာမှာပေါ့။ ဒီတပ်သား၂ ယောက်က ပုန်းနေရာကနေ ကျွတ်ကျွတ်အိတ်ကို အလံဖြူပုံစံလုပ်လို့ ထောင်ပြီး လက်နက်ချ အလင်းဝင်ခဲ့တာ"
သေဆုံးသူမှာ ဒေါ်ခိုင်မာချို ၃၈ နှစ်ဖြစ်ပြီး နိုဝင်ဘာ ၂၁ ရက် ဒီညနေ ၄ နာရီလောက်က အိုင်ကြီးကျေးရွာ ဆိုင်းဘုတ်အနီးရှိ သူရဲ့ယာခင်းထဲမှာ တယောက်တည်း ပေါင်းသင်မြက်ရှင်းနေချိန် လက်နက်ကြီးကျည်ထိမှန်ခဲ့တာလို့ ဆိုပါတယ်။
တိုက်ပွဲမဖြစ်ဘဲ တောင်ငူလေတပ်ကနေ ရဟတ်ဟာဥ် ၂ စီးနဲ့ လာရောက်ပစ်ခတ်ချိန် နေအိမ်အောက်မှာ ရှိနေတဲ့ နဂါးမောက်ကျေးရွာသား ဦးမင်းမင်းစိုး ၄၀ နှစ်ကို ထိမှန်ခဲ့တာဖြစ်ပြီး အခြားထိခိုက်ပျက်စီးမှုတွေတော့ မရှိခဲ့ဘူးလို့ ဆိုပါတယ်။
"ဗုံးကျလို့ ဆိုင်တဆိုင် မီးလောင်သွားတယ်။ ပြီးတော့ အဲ့နေရာမှာ ကုန်စိမ်းတွေ ရောင်းနေကြတဲ့ မိသားစုဝင် ၃ ဦး ထိသွားတယ်။ ၁ ယောက်သေပြီး ၂ ယောက်ဒဏ်ရာရတယ်"
ဒဏ်ရာရရှိသူ ၆ ဦးမှာ အသက် ၉ နှစ် မသဇင်ရွှန်းလဲ့၊ မောင်ဝဏ္ဏဖြိုး ၁၀ နှစ်၊ ဦးစိန်ဇီးကွက် ၄၅ နှစ်၊ ဦးကျောက်စွန်း ၆၀ နှစ်၊ ဒေါ်တင်မိုးဇာ ၄၀ နှစ်၊ မကေသီ ၃၉ နှစ်တို့ဖြစ်ပြီး ၉ နှစ်မိန်းကလေးမှာ ခြေထောက်တဖက် ဆုံးရှုံးရမယ့်အခြေအနေအပြင် အသက်အန္တရာယ်စိုးရိမ်ရတဲ့အတွက် မနေ့ ညနေပိုင်းမှာ ပခုက္ကူမြို့ဆေးရုံကို ပို့ဆောင်လိုက်ကာ ကျန် ၅ ဦးကိုတော့ နီးစပ်ရာဆရာဝန်နဲ့ ကုသနေတယ်လို့ အထက်ပါအမျိုးသမီးက ပြောပါတယ်။
"နေ့စားအလုပ်သမားတွေက ကျောက်ကွင်းမှာ တဲထိုးပြီးနေကြတာ။ အလုပ်သမားတွေ အလုပ်လုပ်နေကြချိန်မှာ လေယာဥ်နဲ့ ပစ်ခတ်ခဲ့လို့ အဲ့ ၂ ယောက်ကပွဲချင်းပြီးသေသွားတာ"
"သေနတ်တော့ မပါဘူး။ သူက ကျနော်တို့ကို ကြားခံကနေတဆင့် ဆက်သွယ်လာတာ။ သူ့ကို ကျနော်တို့ ရဲဘော်တွေကိုယ်တိုင် လုံခြုံရေးပေးပြီး သွားခေါ်ဆောင်ခဲ့တာ"
"ကျနော်တို့ စတိုက်ကတည်းက လက်နက်ကြီးတွေပစ်ပြီး ကျားထိုးဝင်တာ။ လက်နက်ကြီးတွေက ဘန်ကာကိုထိသွားပြီးနောက်ပိုင်း စကစတွေက ရေရှည်တောင့်မခံနိုင်တော့ ထွက်ပြေးသွားကြတာ။ အလောင်းတွေကိုတော့ မတွေ့ခဲ့ရပေမယ့် သွေးကွက်တွေတော့ တွေ့ခဲ့ရတယ်"
မြေပြင်တော်လှန်ရေးတပ်ဖွဲ့တွေရဲ့ ရဲဘော်တွေဟာ မြေပြင်ကျွမ်းကျင်မှုရှိသလို ရည်ရွယ်ချက်နဲ့ အနာဂတ်ရှိပြီး စစ်အာဏာရှင်ကို တိုက်ခိုက်တော်လှန်နေကြတာကြောင့် စစ်ကောင်စီတပ်သားတွေထက် စိတ်ဓာတ်ပိုင်းဆိုင်ရာနဲ့ နယ်မြေကျွမ်းကျင်မှုမှာ အနိုင်ရရှိထားပြီဖြစ်တယ်လို့ ဗိုလ်ကောက်ရိုးက ဆိုပါတယ်။ ဒါပေမဲ့ အဲ့ဒီလိုအသာစီးရထားပေမယ့် တော်လှန်ရေးဘာကြောင့် ကြာနေရသလဲဆိုတဲ့ အချက်ကို သူက အခုလို ပြောပြပါတယ်။ "ဘာဖြစ်လို့ ကြာနေတာလဲဆိုတော့ နိုင်ငံရေးသမားတွေအများစုတော့ မပြောလိုဘူး။ နိုင်ငံရေးသမားတွေ၊ ရေပေါ်ဆီတွေ၊ လေကြီး၊ မိုးကြီးပြောတဲ့အကောင်တွေကြောင့် ကြာနေတာ" လို့ သူ မှတ်ချက်ပြုပါတယ်။
"ပျူစောထီး ၂ ယောက်က ကျနော်တို့တပ်ရင်းကို တိုက်ရိုက်ချိတ်ဆက်ပြီးတော့ ဝင်လာကြတာ။ အလင်းဝင်လာသူတွေထဲမှာ အသက် ၂၈ နှစ် တယောက်သာပါတယ်။ ကျန်တဲ့သူတွေက အကုန်လုံး ၁၈၊ ၁၉ လောက်ပါပဲ"
MA 1 ၂ လက်၊ MA 3 ၁ လက်၊ BA 64(G 4) ၁ လက်၊ အမ်ဂျီ 2 လက်ပစ်ဗုံး ၅ လုံး၊ အီနာဂါဗုံးသီး ၁ လုံး၊ ကျည်ဘောက် ၁၀ ခု၊ ၅.၅၆ မမ အများအပြားနဲ့ ဆက်စပ်ပစ္စည်းတွေ ပါဝင်ပါတယ်။
"အခုတော့ ရဲစခန်းထဲဝင်ပြီး ရဲဘော်တွေ နယ်မြေရှင်းလင်းရေးလုပ်နေကြပြီ။ စခန်းအနီးက ကားလမ်းဘေးမှာတော့ မီးရှို့ထားခဲ့တဲ့ စကစအလောင်း ၇ လောင်းတွေ့ထားတယ်။" လို့ Union Liberation Frint (ULF) ပြန်ကြားရေးတာဝန်ခံ ကိုဂျော်ဒန်က ပြောပါတယ်။