Aung Soe

ဆိပ်ဖြူမှာ စစ်ကောင်စီကား မိုင်းဆွဲခံရ

"တိုက်ခိုက်ပြီးတဲ့အချိန်မှာ သေတဲ့စကစတွေရဲ့ သေနတ်ကို ကောက်ဖို့သွားတာ။ အဲ့ဒီမှာ နောက်ထပ်ကားတစီးရောက်လာပြီးတော့ ပစ်ခတ်လို့ သေနတ်တွေကိုမကောက်နိုင်ခဲ့ဘူး။ သေတာကို မျက်မြင်တွေ့ခဲ့တာ"

အင်းတော်မှာ အမျိုးသား ၂ ဦးကို စစ်ကောင်စီတပ်က ပစ်ခတ်ဖမ်းဆီးသွား

"ကောင်လေးနှစ်ယောက်က မြို့ပေါ်က ဆိုင်ကယ်နဲ့ ရွာကိုပြန်လာတာ။ နန့်ကင်ရွာလမ်းမကိုအရောက်မှာ စကစတွေနဲ့ တွေ့ပြီးတော့ ပစ်ခတ်ခံလိုက်ရတာ။ လမ်းမမှာ သွေးတွေပေကျန်ခဲ့တယ်"

ယင်းမာပင်မှာ ပြည်သူအသုံးပြုနေရတဲ့ လမ်းပျက်စီးနေလို့ Black Vote Fighter အဖွဲ့က ဦးဆောင်ပြုပြင်ပေး

"ရွံ့ထူပျက်စီးနေတာကို ကျနော်တို့တွေက ကျောက်တွေခင်း၊ သဲတွေဖို့ပြီး ပြုပြင်ပေးနေတာပါ။ အခုက ပြီး သလောက်ရှိနေပြီ" လို့ Black Vote Fighterမှ တာဝန်ရှိသူတဦးက ပြောပါတယ်။

ရေစကြိုမြို့လယ်ခေါင်မှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်တွေ အနီးကပ်တိုက်ခိုက်ခံရ

ရေစကြိုမြို့လယ်ခေါင်က စည်ပင်သာယာရပ်ကွက်မှာရှိတဲ့ စုပေါင်းရုံးထဲမှာ အင်အား ၁၀၀ ကျော်နဲ့ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်သားတွေကို ၄၀ မမ ၁ လုံးနဲ့ ပစ်ခတ်ခဲ့တဲ့အပြင် လက်နက်ငယ်တွေပါ ပစ်ခတ်ခဲ့ကြတာလို့ ဆိုပါတယ်။

အင်းတော်မှာ အသတ်ခံထားရတဲ့ အမျိုးသားအလောင်းတွေ့

"အလောင်းကို လက်ပြန်ကြိုးတုပ်ထားတယ်။ ပြီးတော့ ဓားထိုးသွင်း ဒဏ်ရာတွေ၊ ရိုက်နှက်ဒဏ်ရာတွေနဲ့ တွေ့ရတာ။ သေနတ်ဒဏ်ရာတော့ မတွေ့ရဘူး”

ယင်းမာပင်နဲ့ပုလဲမှာ စစ်အုပ်စုအဖွဲ့တွေ တိုက်ခိုက်ခံရလို့ ထိခိုက်မှုရှိ

"ဘန့်ဘွေးက တရွာလုံးပျူတွေချည်းပဲ။ လက်နက်ကြီးကျည်တွေကလည်း ရွာထဲကိုကျတယ်။ ငိုသံတွေ၊ အော်သံတွေကြားခဲ့ရတယ်။ ထိခိုက်သေဆုံးမှုကိုတော့မသိရဘူး"

အင်းတော်မှာ စစ်ကောင်စီတပ်နဲ့ ABSDF တို့ တိုက်ပွဲဖြစ်ပြီး နှစ်ဖက်ထိခိုက်မှုရှိ

"ABSDF က ၄ ယောက် မစိုးရိမ်ဒဏ်ရာရတယ်။ စကစဘက်ကတော့ ၅ယောက်ထက်မနည်း သေဆုံးပြီးတော့ ဒဏ်ရာရသူတွေများခဲ့တယ်"

ဒီပဲယင်းမှာ ၃ ရက်ကြာစစ်ကြောင်းထိုးခဲ့တဲ့ ခမရ ၇၁ က အမျိုးသား ၂ ဦးကို သတ်ပြီး ကားဆိုင်ကယ်တွေကို မီးရှို့

"ဦးဝင်းအောင်ကို ပုဂံရွာနားက ငရုတ်ခင်းမှာ ပစ်သတ်ထားခဲ့တာ။ သူ့ရဲ့အလောင်းကို ဒေသခံတွေရွာကို ပြန်ဝင်လာချိန်မှာ တွေ့ရတာ"

နွားထိုးကြီးမှာ စစ်အုပ်စုစီးနင်းလာတဲ့ အိမ်စီးကား ၂ စီးကို PDF က မိုင်းဆွဲ

မိုင်းဆွဲခံလိုက်ရတဲ့ကားတွေပေါ်က စစ်သားနဲ့ ရဲတွေက နွားထိုးကြီးမြို့ကို သွားရာလမ်းတလျောက်မှာရှိတဲ့ ကျေးရွာတွေဘက်ကို သေနတ်နဲ့ပစ်ခတ်ခဲ့ပြီး ဒေသခံတွေထိခိုက်မှု ရှိ၊မရှိကို မသိရသေးဘူးလို့ ဗိုလ်မိုက်ခဲက ပြောပါတယ်။

အင်းတော်မှာ ကျောင်းထိုင်ဘုန်းကြီးတပါး အသတ်ခံရ

ဦးဉာဏိကဟာ သူနေထိုင်ရာဘုန်းကြီးကျောင်းမှာရှိနေစဉ် အရပ်ဝတ်နဲ့ သေနတ်ကိုင်ဆောင်သူ အမျိုးသား ၃ ဦးက စက်တင်ဘာ ၂၇ ရက် ညပိုင်းမှာ ဆိုင်ကယ် ၂ စီးနဲ့လာရောက်ဖမ်းဆီးသွားပြီးနောက် ၅ ရက်အကြာမှာ အခုလိုအလောင်းကို တွေ့ရှိခဲ့ရတာဖြစ်တယ်လို့ အထက်ပါအမျိုးသားက ပြောပါတယ်။

နွားထိုးကြီးမှာ တပ်သတင်းပေးဆိုသူ ကြံ့ခိုင်ရေးပါတီဝင် ၄ ဦး အသတ်ခံရ

"ဒီ ၄ ယောက်က စစ်ကောင်စီသတင်းပေးနဲ့ စစ်ကောင်စီရဲ့ထောက်တိုင်တွေမို့ပါ။ ဆူးရစ်ကုန်းမှာ ဒီလို သတင်းပေးလုပ်နေတာ ၁၅ ယောက်ရှိတယ်တဲ့။ အဲ့ဒီထဲက ဒီ ၄ ယောက်က ခေါင်းဆောင်တွေလို့ သိရတယ်"

တောင်ငူမှာ စစ်တပ်နဲ့ပေါင်းပြီး သစ်ခိုးထုတ်နေတဲ့ အမျိုးသား ၃ ဦး သေနတ်ပစ်ခံရလို့ ၂ ဦးသေ

"ဒီ ၃ ယောက်က စစ်တပ်၊ ငြိမ်းချမ်းရေးအဖွဲ့တို့နဲ့ ပေါင်းပြီး သစ်တွေခိုးထုတ်လို့ ပစ်သတ်ခံရတာပါ။ ဘယ်အဖွဲ့က ပစ်သတ်လဲ ဆိုတာမသိရသေးပါဘူး"

ဒီပဲယင်းမှာ ကျေးရွာပကဖ ၁ ဦးကို စစ်တပ်က အပိုင်းပိုင်းခုတ်ဖြတ်၊ အမျိုးသား ၂ ဦးကို ဖမ်းဆီးသွား

"ကိုနိုင်လင်းကို ဦးခေါင်း၊ လက်တဖက်၊ ခြေနှစ်ဖက်ဖြတ်ထားခဲ့တာ။ ခန္ဓာကိုယ်ပဲကျန်တယ်။ လက်တဖက်ကို (အိမ်က ဝါး)ထရံမှာ ချိတ်ဆွဲထားခဲ့တယ်"

စစ်တပ်က စစ်ကြောင်းထိုးလို့ ဒီပဲယင်းဒေသခံ ၁ သောင်းကျော်ထွက်ပြေးနေရ

ထွက်ပြေးတိမ်းရှောင်နေရတဲ့ ဒေသခံတွေဟာ မိုးရေထဲမှာ ပြေးရတာဖြစ်ပြီး လမ်းတွေမှာ ဗွက်ထနေတာကြောင့် ဆိုင်ကယ်လည်း အသုံးပြုမရဘဲ ခြေလျင်ပြေးနေရတာဖြစ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။

ရဟတ်ယာဉ်နဲ့လာပို့ပြီး ချောင်းဦးနယ်ထဲ စစ်ကြောင်းထိုးနေတဲ့စစ်အုပ်စု မိုင်းဆွဲခံရလို့ ထိခိုက်မှုရှိ

"မိုင်းဆွဲခံရတဲ့ စစ်ကြောင်းထဲက အနည်းဆုံး ၅ ယောက်နဲ့ ၁၀ယောက်ကြားသေဆုံးနိုင်တယ်။ အတိကျတော့မသိရဘူး။ မိုင်းဆွဲခံရပြီး နာရီဝက်အကြာမှာ အလောင်းတွေကို တံတားဘက်ကနေ ဖောကားတစီးနဲ့လာသယ်သွားတာကိုမြင်လိုက်ရတယ်။"

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10