Aung Soe

ကျောက်ရစ်ရဲစခန်းနဲ့စစ်ကြောင်း ဗုံးကြဲတိုက်ခိုက်ခံရလို့ ၁၀ ဦးခန့် ဒဏ်ရာရ (ရုပ်/သံ)

စစ်ကောင်စီတပ်သား ၁၀၀ လောက်တပ်စွဲနေတဲ့ ကျောက်ရစ်ရဲကင်းစခန်းနဲ့ စခန်းကနေ ကင်းရွာဘက်ကို စစ်သားအင်အား ၃၀ ကျော် နဲ့စစ်ကြောင်းထွက်တဲ့အဖွဲ့တို့ကို တပြိုင်နက်တည်း ဒရုန်း ၁ စီး၊ မောင်းသူမဲ့လေယာဥ် ၂ စီးတို့နဲ့ ဗုံးသီး ၉ လုံးချ တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။

ချောင်းဦးမှာ ရဲတပ်သား ၂ ဦးကို PDFက ပစ်ခတ်ရှင်းလင်း

အသတ်ခံရသူ ၂ ဦးမှာ ကံဇီးကျေးရွာထဲ စစ်ကောင်စီတပ်နဲ့ပေါင်းကာ တပ်စွဲနေတဲ့ ရဲတပ်သား ထွန်းကျော်စွာ၊ အောင်ဆန်းမြင့်တို့ဖြစ်ပြီး ၎င်းတို့ ၂ ဦးကို မုံရွာခရိုင် အမှတ် ၅ တပ်ရင်း - Aung San Force က ရှင်းလင်းခဲ့တာဖြစ်ပါတယ်။

ရေဦးမှာ စစ်ကောင်စီတပ်က စစ်ကြောင်းထိုးလို့ ကျေးရွာ ၈ ရွာက ဒေသခံတွေ ထွက်ပြေးနေရ

"ကားလမ်းဘေးက ရွာတွေကတော့ ** ကြောင်းနဲ့ မလွတ်တော့ ပြေးကြရတယ်။ တချို့ရွာတွေက စစ်ကြောင်းမဝင်ပေမယ့် လက်နက်ကြီးထုမှာစိုးတော့ ပြေးကြရတယ်"

မုံရွာက အမျိုးသားတဦးကို စစ်ကောင်စီတပ်သားတွေ ပစ်သတ်

အသတ်ခံရသူမှာ အသက် ၃၀ ကျော်အရွယ် ကိုနေမျိုးအောင်ဖြစ်ပြီး ကျေးရွာဘုန်းကြီးကျောင်းကို စက်ဘီးစီးသွားချိန် စစ်ကောင်စီတပ်နဲ့တွေ့ကာ ဖမ်းဆီးခံလိုက်ရပြီးနောက် ဦးခေါင်းကို ပစ်သတ်ခံခဲ့ရတာလို့ ဆိုပါတယ်။

PDF ၂ ဦးနဲ့ အမျိုးသား ၆ ဦးကို စစ်ကောင်စီတပ်က ရက်ရက်စက်စက် သတ်ဖြတ်သွား (ရုပ်/သံ)

စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်မှာ စစ်ကောင်စီတပ်က PDF ၂ ဦးနဲ့ အသက်မပြည့်သေးတဲ့ အမျိုးသား ၃ ဦးအပါအဝင် ၈ ဦးကို အောက်တိုဘာ ၁၄ ရက်နဲ့ ၁၅ ရက်တွေမှာ သတ်ဖြတ်ခဲ့ကြတယ်လို့ ​ဒေသခံတွေက ပြောပါတယ်။

နွားထိုးကြီးနဲ့ငါန်းဇွန်မှာ စစ်ကောင်စီတပ်တွေ မိုင်းဆွဲခံရ

"ကားပေါ်မှာဘဲ စကစ ၂ ကောင်ပွဲချင်းပြီးသေတယ်။ ကားဘေးမှန်တွေလည်း ပေါက်ထွက် ပျက်စီးသွားတယ်။ ကားတွေ မီးလောင်ပျက်စီးတာမျိုးမဖြစ်ခဲ့ဘူး။ တပ်တွင်းဖရဲသီးရဲ့ သတင်းပေးပို့ချက်အရ အတည်ပြုခဲ့တာ" လို့ Myingyan Black Tiger (MBT)ခေါင်းဆောင် ဗိုလ်မိုက်ခဲက ပြောပါတယ်။

နွားထိုးကြီးက စစ်အုပ်စုတပ်စွဲတဲ့ နေရာ ၂ ခု ဗုံးကြဲခံရ

"စကစတွေက ဒီရွာတွေထဲမှာ သီးသန့်စခန်းချပြီး နေတာမဟုတ်ဘူး။ အခိုင်အမာ ကောင်းကောင်းလုပ်ပြီးတော့ ပြည်သူတွေရဲ့ ခြံဝန်းထဲမှာနေကြတာ။ အဲ့ဒါကို ဒရုန်းနဲ့ကြည့်ပြီး တိုက်ခိုက်တာ”

အင်းတော်မှာ PDF စစ်တိုင်းထောက်ပို့တာဝန်ခံကို စစ်တပ်က ဖမ်းဆီးသတ်ဖြတ်

"ကမ်းနီရွာနားမှာ စကစစွန့်ပစ်ခဲ့တဲ့အလောင်းကို သေချာစစ်ကြည့်လိုက်တော့ ကိုသိန်းဇော်ဦးဖြစ်နေတယ်။ သူ့က လက်ပြန်ကြိုးတုတ်ခံရပြီးတော့ ဓားထိုးသွင်းဒဏ်ရာတွေနဲ့ သေဆုံးနေတာ"

စစ်တပ်က စစ်ကြောင်းထိုးပြီး ကျေးရွာပကဖစခန်းတခုကို မီးရှို့၊ ဒေသခံထောင်ချီ ထွက်ပြေးနေရ

မကွေးတိုင်း၊ ရေစကြိုမြို့နယ်ကို စစ်ကောင်စီတပ်တွေက အောက်တိုဘာ ၁၃ ရက် ဒီမနက် ၃ နာရီလောက်ကစပြီး ကျေးရွာတွေဘက်ကို စစ်ကြောင်းထိုးကာ ကျေးရွာပြည်သူ့ကာကွယ်ရေး စခန်းတခုကိုလည်း မီးရှို့ခဲ့တယ်လို့ ဒေသခံတော်လှန်ရေးတပ်ဖွဲ့တွေဆီက သိရပါတယ်။

ဘုတလင်မြို့ပေါ်က စစ်တပ်စခန်းတွေကို PDF က  ၂ ရက်ဆက် ဗုံးကြဲတိုက်ခိုက်

"မြို့က သိပ်မကျယ်ဘူးလေ။ ကျဥ်းကျဥ်းလေး။ ရုံးတွေက တခုနဲ့တခု သိပ်မဝေးကြဘူး။ အဲ့ဒါကို တရုံးပြီးတရုံး ဗုံးကြဲခဲ့တာ။ အဓိကတော့ ရဲစခန်းကို ပစ်မှတ်ထားတိုက်ခိုက်ခဲ့တာ" လို့ B-21Kani PDF (ယင်းမာပင်ခရိုင် တပ်ရင်း ၁၇) မှ တာဝန်ရှိသူတဦးက ပြောပါတယ်။

ကောလင်းမြို့ပေါ်မှာ သားဖ ၂ ဦး မိုင်းနင်းမိလို့ ဒဏ်ရာရ

"မိုင်းကိုအဖေကနင်းမိတာဖြစ်လို့ ဒဏ်ရာတော်တော်များများရသွားတယ်။ သားကတော့ ခန္ဓာမှာ အနည်းငယ်ရသွားတာ။ အဖေဖြစ်သူကိုဆေးရုံပို့လိုက်ရတယ် " လို့ ကောလင်းမြို့ခံအမျိုးသားတဦးက မြေလတ်အသံကို ပြောပါတယ်။

နယ်မြေအသာစီးရနေပေမယ့် လက်နက်လိုအပ်ချက်ရှိနေပြန်တဲ့ NDRF (ရုပ်/သံ)

Ngwe Dwin Revolution Force အနေနဲ့ နယ်မြေစိုးမိုးမှုမှာ အသာစီးရရှိထားပေမယ့် စစ်ကောင်စီတပ်ရဲ့ထိုးစစ်တွေကို ခုခံကာကွယ်နိုင်ဖို့နဲ့ စစ်ကောင်စီစခန်းတွေကို သွားရောက်တိုက်ခိုက်နိုင်ဖို့အတွက် ကျည်ဆံတွေ၊ လက်နက်ကြီးတွေ လိုအပ်နေတာလို့ NDRF တာဝန်ခံ ကိုစစ်နိုင်က ပြောပါတယ်။

ခင်ဦးမှာ စစ်ကောင်စီတပ် ၁ ရက်တည်း ၃ ကြိမ် တိုက်ခိုက်ခံရ (ရုပ်/သံ)

စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်ထဲကို စစ်ကြောင်းထိုးဝင်ရောက်လာတဲ့ စစ်ကောင်စီတပ်သားတွေကို အောက်တိုဘာ ၁၀ ရက် ၁ရက်တည်းမှာ ၃ ကြိမ်တိုက်ခိုက်ခဲ့တယ်လို့ Royal Tiger Guerrilla Force (KU)က ပြောပါတယ်။

စစ်ကောင်စီတပ်က ခင်ဦးဒေသခံ ၂ ဦးကိုသတ်ဖြတ်ပြီး ၁ ဦးကို ဖမ်းဆီးသွား

"စကစကရွာထဲဝင်ပြီး အိမ်တလုံးကို မီးရှို့တယ်။ အဲ့အိမ်က လင်မယား ၂ ယောက်ကို ဖမ်းပြီးတော့ မယားကို လယ်ပြင်မှာ ပစ်သတ်ထားခဲ့တယ်။ လင်ကိုတော့ ဖမ်းခေါ်သွားတယ်"

ခင်ဦးနဲ့ ပုလဲနယ်မှာ စစ်ကောင်စီစစ်ကြောင်းတွေ မိုင်းဆွဲတိုက်ခိုက်ခံရ (ရုပ်/သံ)

"အနီးကပ်ဆွဲတိုက်ခိုက်တာဖြစ်လို့ စကစ ၁၀ ကောင်လဲသွားတာကို မြင်ခဲ့ရတယ်။ နောက်ထပ်လည်း ဒဏ်ရာရ၊ သေဆုံးသူတွေရှိနိုင်တယ်"

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10