ရေဦးမှာ စစ်တပ်က စစ်ကြောင်းထိုးလို့ ကျေးရွာ ၁၀ ရွာကျော် ထွက်ပြေးနေရ
ခလရ ၇၁ တပ်ရင်းမှ အင်အား ၁၀၀ ကျော်ပါတဲ့ စစ်ကောင်စီတပ်သားတွေက ရေဦးမြို့နယ် အနောက်ခြမ်းမှာရှိတဲ့ကျေးရွာတွေကို တိုက်ပွဲမဖြစ်ဘဲ စစ်ကြောင်းထိုးဝင်ရောက်နေတာလို့ ရေဦးမြို့နယ်အခြေပြု People's Defense Comrade မှ ပြန်ကြားရေးတာဝန်ခံ ထူးခန့်ဇော် (အမေ့သား) က ပြောပါတယ်။