Aung Soe

ယင်းမာပင်မြို့နယ်မှာ စစ်အာဏာရှင်ဆန့်ကျင်ရေးသပိတ် ပြုလုပ် (Photo News)

သပိတ်မှာ ဒေသခံပြည်သူ ၁၀၀ ဝန်ကျင်ပါဝင်ဆင်နွှဲခဲ့ပြီး သပိတ်ဦးဆောင်သူတွေက "လက်ရှိ နိုင်ငံရေးဖြစ်စဥ်တွေ၊ လူထုအားလုံးအတွက် တိုက်ပွဲဝင်ရင်း ကျဆုံးသွားခဲ့ရတဲ့ ရဲဘော်တွေအတွက် ဆက်လက်တိုက်ပွဲဝင်ကြဖို့" စတာတွေကို ဟောပြောခဲ့ကြတယ်လို့ ယင်းမာပင်-ဆားလင်းကြီးရွာပေါင်စုံ သပိတ်ဦးဆောင်ကော်မတီမှ သတင်းနဲ့ ပြန်ကြားရေးတာဝန်ခံ ကိုစနေက ပြောပါတယ်။

မြောင်က ကျောက်ရစ်ရဲစခန်းကို ရှော့တိုက်ဒုံး ၆ လုံးနဲ့ PDFပူးပေါင်းအဖွဲ့က တိုက်ခိုက်

"၆ လုံးပစ်တာမှာ ၄ လုံးက စခန်းထဲကိုကျတယ်။ ကျန် ၂ လုံးမှာ ၁ လုံးကကျော်ကျသွားပြီး တလုံးက မရောက်လိုက်ဘူး။ သေဆုံး၊ ဒဏ်ရာရစာရင်းမသိရသေးဘူး" လို့ လျှပ်စီးတပ်ခွဲ(မုံရွာခရိုင် အမှတ်-၁၂ တပ်ရင်း၊ တပ်ခွဲ- ၃ )မှ တပ်ခွဲမှူး မိုးကြိုးက ပြောပါတယ်။

မန္တလေးမှ ဗန်းမော် ဆန်တက်သွားတဲ့ စစ်သင်္ဘောက ရမ်းပစ်လို့ သားအမိ ၂ ဦးဒဏ်ရာရ

"မန်းလေးကနေ ထွက်လာတဲ့ သင်္ဘောတွေက မင်းကွန်းမှာ တထောင့်နားကြတယ်။ အဲကနေ ဆက်သွား တဲ့အချိန်မှာ ရှေ့ပြေးသင်္ဘောက စက်လက်နဲ့ ရမ်းသမ်းပစ်ခတ်ခဲ့လို့ ကျည်ထိသွားတာ"လို့ မတ္တရာဒေသခံ အမျိုးသားတဦးက ပြောပါတယ်။

တမူးမြို့ပေါ်မှာ သားအမိ ၃ ဦး သေနတ်နဲ့ပစ်သတ်ခံရ

ပျူစောထီအဖွဲ့တွေဟာ မေးမြန်းစရာရှိတယ်လို့ဆိုကာ အသတ်ခံရသူတွေရဲ့ နေအိမ်ကိုရောက်လာပြီး ညစာ ထမင်းစားသောက်ပြီးတဲ့နောက်မှာတော့ နေအိမ်အိပ်ခန်းထဲမှာပဲ သေနတ်နဲ့ ပစ်သတ်သွားတာလို့ ဆိုပါတယ်။

မန္တလေးမှ ရိက္ခာ၊လက်နက် တင်ဆောင်ထားတဲ့ စစ်သင်္ဘော ၉ စီး ဗန်းမော်ကို ဆန်တက်နေ

"အဓိကတော့ စစ်လက်နက်ပစ္စည်းတွေနဲ့ စားနပ်ရိက္ခာပါလာတယ်လို့ သိထားရတယ်။ အင်အားကတော့ လုံခြုံရေးအဖြစ် စစ်သား ၂၀၀ ကျော်၊ ၃၀၀ လောက်ပါတယ်"

ကျောက်တံခါးမှာ စစ်ကောင်စီတပ်ရဲ့ လက်နက်ကြီးထိမှန်လို့​ ကလေး ၂ ဦးအပါမိသားစုဝင် ၄ ဦးသေဆုံး

"သူတို့က မိသားစုတွေပါ။ သားမိသားဖတွေပေါ့။ ၄ ယောက်တန်းစီပြီးတော့ အိပ်နေချိန်မှာ အိမ်ခေါင်မိုးကို လက်နက်ကြီးကျရောက် ပေါက်ကွဲပြီးတော့ ပွဲချင်းပြီးသေသွားတာ" လို့ ကျောက်တံခါးဒေသခံ အမျိုးသားတဦးက မြေလတ်အသံကို ပြောပါတယ်။

စဉ့်ကူးက NLD ပါတီဝင်တဦးအပါ အမျိုးသား ၃ ဦး စစ်ကြောရေးမှာ နှိပ်စက်ခံနေရ

"စစ်ကြောရေးကို ဖမ်းဆီးခေါ်ဆောင်သွားပြီးကတည်းက မိသားစုတွေနဲ့ တွေ့ခွင့်မပေးဘူး။ ရိုက်နှက်စစ်ဆေးတာတွေကြောင့် ခန္ဓာကိုယ်တွေ၊ မျက်နှာတွေ၊လက်တွေမှာ ဒဏ်ရာတွေရရှိနေ​ကြပေမယ့် ဆေးကုသမှုလုံးဝမပေး​ဘူး လို့ ဖရဲသီး (အတွင်းသတင်းပေး)ဆီကသိရတယ်"လို့ စဉ့်ကူးပကဖလက်အောက်ခံ မြေပြင်ကင်းထောက်အဖွဲ့မှ တာဝန်ရှိသူတဦးက ပြောပါတယ်။

ရွှေဘိုတွင် ရွာခံတွေကို စစ်တပ်က အဓမ္မပျူလုပ်ခိုင်းပြီး သေနတ်ပေးကိုင်၊ သေဆုံးသူ ရွာခံတွေရှိ

"ရွာသားတွေက အလှည့်ကျ ကင်းစောင့်ပေးရပါတယ်။ မစောင့်မနေရပါ။ အသက်အရွယ်မရွေး ကင်းစောင့်ပေးရတယ်။ သေနတ်ပေးကိုင်ထားပေမယ့် ရွာသားတွေက မပစ်တတ်ဘူး။ တိုက်ပွဲဖြစ်တော့ ရွာသားတွေက ကြားညပ်ပြီး သေကုန်တာပါ။ လက်နက်အမြဲကိုင်ထားရတဲ့ ပျူတွေကိုပဲ သေနတ်ပစ်သင်ပေးထားတာပါ။ ရွာသားတွေကို သင်မပေးပါဘူး"

ပျူစောထီးရွာကို စီးနင်းချိန် သေနတ် ၃ လက်ရရှိကာ ပျူ ၉ ဦးကိုပါ ရှင်းလင်းနိုင်ခဲ့ဟုဆို

“ကပ်လျက်ပျူရွာက ကူပစ်ပေးနေတော့ ကင်းတကင်းတော့ကျန်ခဲ့တယ်၊ အပြည့်အဝမသိမ်းနိုင်ခဲ့ဘူး။ ကျန်တဲ့ဟာ အကုန်သိမ်းနိုင်ခဲ့တယ်။ အဲ့မှာက လက်နက်ကိုင်ထားတဲ့ ပျူ ၂၀လောက်ရှိတယ်၊ တိုက်ပွဲဖြစ်တော့ သူတို့က ပစ်ပြေး ပြေးသွားတာ။ ဘေးကပျူရွာတခုနဲ့လည်း တအားကပ်နေတော့ ရှင်းစရာရှိတာရှင်းပြီး ပြန်ထွက်ခဲ့ကြတယ်”

ရွှေကျင်မြို့နယ်အတွင်း စစ်ကောင်စီတပ် ကြားဖြတ်တိုက်ခိုက်ခံရလို့ သေဆုံးမှုများဟုဆို

" တိုက်ပွဲမဖြစ်ခင်တရက် မဒေါက်အောက်ဘက်ခြမ်းကို စကစအဖွဲ့တွေရောက်လာကတည်းက သတင်းရလို့စောင့်နေတာ။ မနေ့က တိုက်ပွဲက ၃ နာရီလောက်ကြာတယ်။ သူတို့ဘက်က လေယာဉ်သုံး တိုက်ခိုက်လာလို့ ပြန်ဆုတ်လာရတယ်"

တရက်တည်း ၁၄ ဦးသတ်ခံလိုက်ရတဲ့ စုန်းချောင်းရွာဖြစ်စဥ်

ဒလံသတင်းပေးမှုအရ ဇူလိုင်၂၁ရက် မနက် ၂နာရီလောက်မှာ စုန်းချောင်းရွာထဲ တိတ်တဆိတ်ဝင်လာပြီး အသက် ၁၆ နဲ့ ၁၇ကြား အသက်မပြည့်သေးတဲ့ လူငယ်၄ဦးအပါအဝင် ၁၄ဦးကို သတ်ထားခဲ့တာပါ။

စုန်းချောင်းရွာမှာ အဖမ်းခံရသူ ၃၀အနက်၁၄ဦးကို စစ်တပ်က ချက်ချင်းသတ်ပစ်

အင်အား ၈၀ ကျော်ပါတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်ဟာ အရပ်ဝတ်တွေနဲ့ စုန်းချောင်းကျေးရွာသို့ ဇူလိုင် ၂၁ ရက် ဒီနေ့ မနက်စောစော ၂ နာရီခန့်မှာ စီးနင်းဝင်ရောက်ခဲ့ကာ အမျိုးသား ၃၀ ခန့်ကို ဖမ်းဆီးပြီး ၁၄ဦးကို ချက်ချင်းသတ်ပစ်လိုက်တာ ဖြစ်တယ်လို့ ပြောပါတယ်။

မိုးညိုမှာ မိုင်းဆွဲခံရတဲ့စစ်အုပ်စုက လူငယ် ၇ ဦးကို ဖမ်းဆီး

"မိုင်းဆွဲသံတော့ မကြားလိုက်ဘူး။ ရွာအပြင်မှာ ဂိမ်းဆော့နေကြတဲ့ ကလေး ၇ ယောက်ကိုတော့ ဖမ်းခေါ်သွားတယ်။ ရိုက်နှက်စစ်ဆေးတာတွေ လုပ်နေတယ်လို့သိရတယ်"လို့ ညောင်လေးပင် ရွာခံ အမျိုးသားတဦးက ပြောပါတယ်။

ချောင်းဦးဒေသခံ ၂ ဦးကို စစ်ကောင်စီက ဖမ်းဆီးသတ်ခဲ့

ဇူလိုင်လ ၁၄ ရက်မှာ မသဲကြိုးကျေးရွာက ဦးသက်ဇော် ၄၀ နှစ်နဲ့ ၁၅ ရက်မှာ ကျားပိုင်ကျေးရွာက ကိုသွယ်မင်း ၃၈ နှစ်တို့ကို ချောင်းဦး-ပခုက္ကူလမ်းကွေ့မှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်သားတွေက ဖမ်းဆီးပြီး သတ်ခဲ့တာလို့ ဆိုပါတယ်။

အညာမြေက မင်းအောင်လှိုင်ရဲ့ သူခိုးစစ်တပ် (သတင်းဆောင်းပါး)

စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ စစ်ကိုင်းတိုင်းနဲ့ မကွေးတိုင်းဒေသက ကျေးရွာတွေကိုဝင်ရောက်တဲ့အခါ လူနေအိမ်တွေကို မီးရှို့ဖျက်ဆီးတာ၊ လူဖမ်းသတ်ဖြတ်တာတွေ ဆက်တိုက်ပြုလုပ်နေတာကြောင့် ဒေသခံတွေဟာ စစ်ကောင်စီတပ်ရဲ့ စစ်ကြောင်းတွေ ထိုးလာတဲ့အခါ ကျေးရွာထဲမှာ မနေရဲတော့ဘဲ ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်ကြရပါတယ်။ ဒီလိုထွက်ပြေးကြရာမှာ စစ်ကြောင်းထိုးခံရတဲ့ကျေးရွာအပြင် အနီးအနားက ကျေးရွာတွေပါ ထွက်ပြေးကြရတာ ဖြစ်ပါတယ်။

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10