Aung Soe

၈၈၈၈ အရေးတော်ပုံနေ့မှာ နှစ်သောင်းကျပ်တန် ငွေစက္ကူကို မီးရှို့ပြီး ဆန္ဒပြ

လက်ပံတောင်းဒေသ အာဏာရှင်ဆန့်ကျင်ရေး သပိတ်အင်အားစုက ဒီမိုကရေစီတိုက်ပွဲအတွင်း ကျဆုံးသွားတဲ့ သူရဲကောင်းတွေအတွက် ဂုဏ်ပြုတာ၊ ဆေးအနီရောင်တွေကို လမ်းမကြီးပေါ်မှာ ပက်ဖြန်းကာ စစ်တပ်ထုတ်ကုန် ငွေကျပ်နှစ်သောင်းတန်တွေကို ပြည်သူတွေအနေနဲ့ အသုံးမပြုကြဖို့ တိုက်တွန်းတဲ့အနေနဲ့ မီးရှို့တဲ့အစီစဥ်ကို ပြုလုပ်ခဲ့ကြတာ ဖြစ်တယ်လို့ အဲ့ဒီသပိတ်အင်အားစုကော်မတီဝင် ကိုမျိုးမျိုးက ဆိုပါတယ်။

ပုလဲနယ်မှာ တိုက်ပွဲဖြစ်၊ စစ်ကောင်စီတပ်က လေကြောင်းသုံးတိုက်ခိုက်

"ဒေသခံ အထိအခိုက်ရှိ၊မရှိတော့ မသိရသေးဘူး။ ဂျက်လေယာဥ်က လက်နက်ကြီးတွေနဲ့ ခဏအကြာ ပစ်သွားတာ။ ဗုံးကြဲတာမဟုတ်ဘူး။ အခုကပြန်သွားပြီ"

ယင်းမာပင်ဘက်ကတိုက်ပွဲတခုမှာ PDF တဦးဒဏ်ရာရပြီး ပျူစောထီးတဦးအရှင်ဖမ်းမိ

"ထိခိုက်ထားတဲ့ရဲဘော်နောက်မှာလည်း သေနတ်နဲ့အဖော်တွေပါတယ်ရှင့်။ သူတို့က မျှားခေါ်သလိုမျိုးပဲ။ ပျူနှစ်ယောက်က ကင်းပုန်းထဲက ထွက်လာတယ်။ အဲ့နှစ်ယောက်ထဲက ပထမတယောက်ဖမ်းမိပြီး သေနတ်ဒင်နဲ့ရိုက်လိုက်တဲ့ချိန်မှာ နောက်တယောက်က ထွက်ပြေးသွားတာ။ ထိတွေ့တိုက်ပွဲတော့ မဖြစ်ခဲ့ဘူး"

စကျင်မြို့ပေါ် တောကြီးမြွေပွေးအဖွဲ့ လှည့်လည်ပြီးနောက် စစ်ကောင်စီက အလုံးအရင်းနဲ့ ပိတ်ဆို့စစ်ဆေး

"စကျင်ကျေးရွာကို စစ်ကောင်စီတပ်က စစ်ကား ၇ စီးနဲ့ မနက်၄နာရီကျော်မှာ ဝင်လာပြီး တပ်စွဲထားသလို အဲ့ဒီစစ်ကြောင်းက အင်အားခွဲပြီးတော့ စကျင်ရွာရဲ့မြောက်ဘက်မှာရှိတဲ့ မြွေပုံကန်ရွာအနီးက တောင်တန်းမှာလည်း တပ်စွဲထားပါတယ်။"

LPDF အဖွဲ့က သံမရှိလို့ သေနတ်ကို သတ္တုဖြင့် စမ်းသပ်ထုတ်လုပ်ရာ မအောင်မြင်

"သေနတ်ကို ၃ ချက်ပစ်ခတ်လိုက်တဲ့အခါမှာ Gas လိုင်းက မခံနိုင်တော့ကျိုးသွားတာ။ ကျနော်တို့က LPDF ဖြစ်တော့ ကုန်ကြမ်းဝယ်ဖို့ ငွေကြေးမတတ်နိုင်ဘူး။ အခုက ရဲဘော်တွေရဲ့ မိသားစုဝင်တွေဆီက ပိုက်ဆံချေးပြီး လုပ်နေရတာ"

စစ်ကိုင်းမှာ ပျူစောထီးတွေစီးလာတဲ့ကား မိုင်းဆွဲခံရ

"ကားက သူတို့(ပျူ)ရွာက လူမှုရေးအသင်းကား။ ဒီကောင်တွေက အုန်းတောတပ်ကို အမြဲ သွားလာနေကျ။ ကျနော်တို့ မိုင်းဆွဲလိုက်တဲ့အချိန်မှာ ကားကလမ်းဘေးကို ထိုးရပ်သွားတယ်၊ မှန်တွေလည်း ပျက်စီးသွားတယ်။ လူအထိအခိုက်တော့ မသိခဲ့ရဘူး"

နှစ်ကြိမ်မီးရှို့ခံရလို့ ယာယီတဲနဲ့နေရသူတွေရဲ့တဲဆောင်တွေ ထပ်မံမီးရှို့ခံရ

ရမကန်ကျေးရွာကို စစ်ကောင်စီတပ်က ၂ ကြိမ်မီးရှို့ထားပြီး ယမန်နေ့က ၃ ကြိမ်မြောက်မီးရှို့ခံရတာမှာတော့ အသစ်ပြန်ဆောက်ထားတဲ့ ယာယီတဲဆောင် ၂၀ အပါအဝင် နေအိမ် ၂၇ ဆောင်မီးရှို့ခံရလို့ ပျက်စီးသွားတယ်လို့ ဆိုပါတယ်။

ကနီမြို့မရဲစခန်းမှူး မွေးနေ့ပွဲ ဗုံးသီးချတိုက်ခိုက်ခံရလို့ စခန်းမှူးအပါ ၂ ဦးသေဆုံးဟုဆို

"မွေးနေ့ပွဲလုပ်နေတယ်လို့ သတင်းရတာနဲ့ သွားတိုက်ခဲ့တာ။ စခန်းမှူးနဲ့နယ်ထိန်းကတော့ ဗိုက်ပွင့်ပြီး ပွဲချင်းပြီးသေတယ်။ သေဆုံး၊ ဒဏ်ရာရတာကိုတော့ ဖရဲသီးပြောလို့အတည်ပြုနိုင်ခဲ့တာ" လို့ ယင်းမာပင်ခရိုင် တပ်ရင်း 21/22/23 KLG PDF (ကျောက်လုံးကြီး)မှ ပြန်ကြားရေးတာဝန်ခံ အေတီ က ပြောပါတယ်။

မုံရွာမှာ ကင်းပုန်းဝပ်နေတဲ့ စစ်သား ၂ ဦး မိုင်းဆွဲခံရပြီး သေဆုံး

"ကားကိုတော့ မဆွဲလိုက်ရဘူး။ တောပုတ်ထဲ ကင်းပုန်းကျန်တဲ့ ၂ ကောင်ကိုပဲ အသင့်ထောင်ထားတဲ့ မိုင်းတလုံးနဲ့ ဆွဲလိုက်တာ။ ၂ ကောင်လုံး ပက်လက်လန်ပြီသေသွားတယ်"

ပခုက္ကူမြို့နယ် ဖလံအိုရွာကို စစ်အုပ်စုက ဒုတိယအကြိမ် မီးရှို့

"အခုအချိန်ထိ မီးကမငြိမ်းသေးပါ။ ဒေသခံတွေ အထိအခိုက်ရှိ၊ မရှိလည်း မသိရသေးဘူး။ အိမ် ဘယ်လောက် မီးလောင်သွားလဲ မသိရသေးဘူး။ အဲ့ကောင်တွေ(စစ်ကောင်စီ)က ရွာထဲကနေ မထွက်ကြသေးဘူး"

ချင်းတွင်းမြစ်ထဲက စစ်သင်္ဘော ၂ စီးကို လက်နက်ကြီး မရှိလို့ မတိုက်ခိုက်လိုက်ရဟုဆို

"ပစ်ချင်နေတာ ထိရောက်မှု မရှိဘဲ ပစ်ရင် မလိုအပ်ဘဲ ကျည်ဖြုန်းသလို ဖြစ်နေမှာမို့လို့ လက်လွှတ် လိုက်ရတာပါ။ RPG၊ R7 တို့ ရှိရင်တော့ ထိရောက်အောင်ပစ်လို့ရပါတယ်။ အခုက ကြည့်ပြီး ပြန်လာခဲ့ရတယ်"

ဗန်းမော်ဘက်သွားတဲ့ စစ်သင်္ဘော ၉ စီး သပိတ်ကျင်းမှာ ဆိုက်ကပ်နေချိန် ထပ်မံတိုက်ခိုက်ခံရလို့ ၄ ဦး သေဆုံး

"ဖရဲသီးပြောပြချက်အရ အရာရှိတဦးက ဝမ်းဗိုက်ပေါက်ပြီး သေတယ်။ တပ်သား ၃ယောက်ကတော့ ဆေးရုံမှာ သေတယ်"

96 Soldiers LPDF ကို မြို့နယ်အတွင်းနေထိုင်ခွင့် မပြုကြောင်း NUG လက်အောက်ခံ မြို့နယ်ပကဖက စာထုတ်

"ဒီကနေ့အချိန်ထိ တိတိကျကျဖြေရှင်းပေးတာ မရှိသေးဘူးဗျ။ ကျနော်က အောက်ခြေမှာညှိနှိုင်းဆောင်ရွက်ဖို့ ကြိုးစားနေပါတယ်။ ပကဖကတော့ တခြားအဖွဲ့တွေလာနေတုန်းက ပြဿနာတွေဖြစ်လို့ ကျနော်တို့ အဖွဲ့ကိုလည်း ပြဿနာဖြစ်မှာစိုးလို့ နေထိုင်ခွင့်မပြုဆိုတဲ့ အကြောင်းရင်းပဲပြောတယ်" လို့ 96 Soldiers (LPDF) ခေါင်းဆောင် ကိုဇေယျာလွင်က ဆိုပါတယ်။

ပုလဲမှာ နှမ်းခင်းထွက်ရိတ်တဲ့ စစ်တပ်နဲ့ ပျူစောထီးတွေကို PDF က ပစ်ခတ်တိုက်ခိုက်

"ကျနော်တို့ ကင်းထောက်ဒရုန်းနဲ့ ကြည့်တဲ့အချိန် Rocket တွေ၊ ၁၂၀မမ တွေကျတဲ့နေရာမှာ ထိတာတွေတော့ရှိတယ်။ အတိအကျတော့ မသိဘူး။ ထိတဲ့ကောင်တွေကို ဆွဲခေါ်သွားတာတွေ မြင်ခဲ့ရတယ်။ ပျူတွေက စကစတွေ ရောက်မှ နှမ်းထွက်ရိတ်ရဲကြတာ"

ယင်းမာပင်မြို့မှာ တူမီးတော်လှန်ရေးစာစောင်တွေကို ဒေသခံတွေဆီ ဖြန့်ဝေ

"လူထုကို စည်းရုံးဟောပြောမှုတွေလုပ်ဖို့မှာ အလွန်ကိုနည်းနေသေးတယ်။ မလုံလောက်သေးဘူးပေါ့။ ဒီလိုစာစောင်တွေကတော့ အပတ်စဥ်တိုင်းမှာ ရွာတိုင်းကို ရောက်နိုင်အောင် ကြိုးစားနိုင်တယ်ပေါ့။ ကြာရှည်လာတဲ့ တော်လှန်ရေးမှာ လူထုရဲ့ တော်လှန်ရေးသက်လုံကို မြှင့်နိုင်ဖို့က အဓိကအချက်ပါ"

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10