Aung Soe

နှစ်ကြိမ်မီးရှို့ခံရလို့ ယာယီတဲနဲ့နေရသူတွေရဲ့တဲဆောင်တွေ ထပ်မံမီးရှို့ခံရ

ရမကန်ကျေးရွာကို စစ်ကောင်စီတပ်က ၂ ကြိမ်မီးရှို့ထားပြီး ယမန်နေ့က ၃ ကြိမ်မြောက်မီးရှို့ခံရတာမှာတော့ အသစ်ပြန်ဆောက်ထားတဲ့ ယာယီတဲဆောင် ၂၀ အပါအဝင် နေအိမ် ၂၇ ဆောင်မီးရှို့ခံရလို့ ပျက်စီးသွားတယ်လို့ ဆိုပါတယ်။

ကနီမြို့မရဲစခန်းမှူး မွေးနေ့ပွဲ ဗုံးသီးချတိုက်ခိုက်ခံရလို့ စခန်းမှူးအပါ ၂ ဦးသေဆုံးဟုဆို

"မွေးနေ့ပွဲလုပ်နေတယ်လို့ သတင်းရတာနဲ့ သွားတိုက်ခဲ့တာ။ စခန်းမှူးနဲ့နယ်ထိန်းကတော့ ဗိုက်ပွင့်ပြီး ပွဲချင်းပြီးသေတယ်။ သေဆုံး၊ ဒဏ်ရာရတာကိုတော့ ဖရဲသီးပြောလို့အတည်ပြုနိုင်ခဲ့တာ" လို့ ယင်းမာပင်ခရိုင် တပ်ရင်း 21/22/23 KLG PDF (ကျောက်လုံးကြီး)မှ ပြန်ကြားရေးတာဝန်ခံ အေတီ က ပြောပါတယ်။

မုံရွာမှာ ကင်းပုန်းဝပ်နေတဲ့ စစ်သား ၂ ဦး မိုင်းဆွဲခံရပြီး သေဆုံး

"ကားကိုတော့ မဆွဲလိုက်ရဘူး။ တောပုတ်ထဲ ကင်းပုန်းကျန်တဲ့ ၂ ကောင်ကိုပဲ အသင့်ထောင်ထားတဲ့ မိုင်းတလုံးနဲ့ ဆွဲလိုက်တာ။ ၂ ကောင်လုံး ပက်လက်လန်ပြီသေသွားတယ်"

ပခုက္ကူမြို့နယ် ဖလံအိုရွာကို စစ်အုပ်စုက ဒုတိယအကြိမ် မီးရှို့

"အခုအချိန်ထိ မီးကမငြိမ်းသေးပါ။ ဒေသခံတွေ အထိအခိုက်ရှိ၊ မရှိလည်း မသိရသေးဘူး။ အိမ် ဘယ်လောက် မီးလောင်သွားလဲ မသိရသေးဘူး။ အဲ့ကောင်တွေ(စစ်ကောင်စီ)က ရွာထဲကနေ မထွက်ကြသေးဘူး"

ချင်းတွင်းမြစ်ထဲက စစ်သင်္ဘော ၂ စီးကို လက်နက်ကြီး မရှိလို့ မတိုက်ခိုက်လိုက်ရဟုဆို

"ပစ်ချင်နေတာ ထိရောက်မှု မရှိဘဲ ပစ်ရင် မလိုအပ်ဘဲ ကျည်ဖြုန်းသလို ဖြစ်နေမှာမို့လို့ လက်လွှတ် လိုက်ရတာပါ။ RPG၊ R7 တို့ ရှိရင်တော့ ထိရောက်အောင်ပစ်လို့ရပါတယ်။ အခုက ကြည့်ပြီး ပြန်လာခဲ့ရတယ်"

ဗန်းမော်ဘက်သွားတဲ့ စစ်သင်္ဘော ၉ စီး သပိတ်ကျင်းမှာ ဆိုက်ကပ်နေချိန် ထပ်မံတိုက်ခိုက်ခံရလို့ ၄ ဦး သေဆုံး

"ဖရဲသီးပြောပြချက်အရ အရာရှိတဦးက ဝမ်းဗိုက်ပေါက်ပြီး သေတယ်။ တပ်သား ၃ယောက်ကတော့ ဆေးရုံမှာ သေတယ်"

96 Soldiers LPDF ကို မြို့နယ်အတွင်းနေထိုင်ခွင့် မပြုကြောင်း NUG လက်အောက်ခံ မြို့နယ်ပကဖက စာထုတ်

"ဒီကနေ့အချိန်ထိ တိတိကျကျဖြေရှင်းပေးတာ မရှိသေးဘူးဗျ။ ကျနော်က အောက်ခြေမှာညှိနှိုင်းဆောင်ရွက်ဖို့ ကြိုးစားနေပါတယ်။ ပကဖကတော့ တခြားအဖွဲ့တွေလာနေတုန်းက ပြဿနာတွေဖြစ်လို့ ကျနော်တို့ အဖွဲ့ကိုလည်း ပြဿနာဖြစ်မှာစိုးလို့ နေထိုင်ခွင့်မပြုဆိုတဲ့ အကြောင်းရင်းပဲပြောတယ်" လို့ 96 Soldiers (LPDF) ခေါင်းဆောင် ကိုဇေယျာလွင်က ဆိုပါတယ်။

ပုလဲမှာ နှမ်းခင်းထွက်ရိတ်တဲ့ စစ်တပ်နဲ့ ပျူစောထီးတွေကို PDF က ပစ်ခတ်တိုက်ခိုက်

"ကျနော်တို့ ကင်းထောက်ဒရုန်းနဲ့ ကြည့်တဲ့အချိန် Rocket တွေ၊ ၁၂၀မမ တွေကျတဲ့နေရာမှာ ထိတာတွေတော့ရှိတယ်။ အတိအကျတော့ မသိဘူး။ ထိတဲ့ကောင်တွေကို ဆွဲခေါ်သွားတာတွေ မြင်ခဲ့ရတယ်။ ပျူတွေက စကစတွေ ရောက်မှ နှမ်းထွက်ရိတ်ရဲကြတာ"

ယင်းမာပင်မြို့မှာ တူမီးတော်လှန်ရေးစာစောင်တွေကို ဒေသခံတွေဆီ ဖြန့်ဝေ

"လူထုကို စည်းရုံးဟောပြောမှုတွေလုပ်ဖို့မှာ အလွန်ကိုနည်းနေသေးတယ်။ မလုံလောက်သေးဘူးပေါ့။ ဒီလိုစာစောင်တွေကတော့ အပတ်စဥ်တိုင်းမှာ ရွာတိုင်းကို ရောက်နိုင်အောင် ကြိုးစားနိုင်တယ်ပေါ့။ ကြာရှည်လာတဲ့ တော်လှန်ရေးမှာ လူထုရဲ့ တော်လှန်ရေးသက်လုံကို မြှင့်နိုင်ဖို့က အဓိကအချက်ပါ"

ဗန်းမော်ကိုသွားမယ့် စစ်သင်္ဘော၉စီး ကြားဖြတ်တိုက်ခိုက်ခံရလို့ စစ်သား ၃၀ကျော်သေဆုံးပြီး သင်္ဘော ၂စီးပျက်စီးခဲ့( ရုပ်/သံ)

လက်နက်နဲ့ ရိက္ခာတွေသယ်လာပြီး ဗန်းမော်မြို့ကို သွားမယ့် အဲ့ဒီ သင်္ဘော ၉စီးကို ဇူလိုင် ၂၇ရက် နေ့လယ် ၁နာရီကျော်မှာ PDF ပူးပေါင်းအဖွဲ့တွေက ကျောက်မြောင်းမြို့အထက် သပိတ်ကျင်းမရောက်ခင်မှာ တိုက်ခိုက်ခဲ့ကြတာပါ။ ရွှေဘိုမြို့နယ် ကျောက်မြောင်းမြို့အထက် ရုံးပင်ရွာအနီးမှာ စတင်တိုက်ခိုက်ခံရပြီး သပိတ်ကျဉ်းဆိပ်ကမ်းမှာမရပ်ခင်အထိ တနေကုန် တိုက်ပွဲ ၈ကြိမ်ဖြစ်ခဲ့လို့ စစ်သင်္ဘော ၂စီးထိခိုက်ပျက်စီးခဲ့တယ်လို့ ဆိုပါတယ်။

မြောင်မှာ စစ်သင်္ဘောကို လုံခြုံရေးယူဖို့သွားတဲ့ စစ်ကြောင်း တိုက်ခိုက်ခံရ

"စကစသေဆုံးမှုက အတိအကျ မသိနိုင်ဘူးဗျ။ များတော့ များမယ်။ ရဲစခန်းအထဲထိ ဝင်မရတော့သေဆုံးမှု မသိနိုင်ပါဘူး။ ကျွန်တော်တို့ဘက်က အော်တိုမောင်းပြန် ၁၅ လက် လောက်နဲ့ တရစပ် ဝင်ပစ်တာပါ။ ကိုးလုံးနဲ့ ၄၀ တွေရောပါတယ်"

ပုလဲမှာ စစ်ကောင်စီစစ်ကြောင်းမိုင်းဆွဲခံရလို့ ၄ ဦးသေဆုံးဟုဆို

"စစ်ကြောင်းမှာ ရှေ့ပြေး၄ကောင်ကို ဆွဲလိုက်တာ။ နေရာမှာတင် ပွဲချင်းပြီးသေတယ်။ ဒဏ်ရာရသူတွေလည်းရှိတယ်။ သေတဲ့ကောင်တွေကိုတော့ ထမ်းစင်နဲ့ သယ်သွားကြတယ်"

ထီးလင်းမှာ အမျိုးသားတဦးကို စစ်ကောင်စီက ပစ်သတ်

"ရွာကိုဝင်တဲ့အချိန်မှာ ယောင်္ကျား ၄ ယောက်ကို အဖမ်းခံရတယ်။ စကစ တွေက သေနတ်ပစ်ပြီးတော့ ဝင်လာတာ။ စကစ တွေ ရွာထဲကနေထွက်သွားတဲ့အချိန်မှာတော့ ဖမ်းခံရတဲ့ ၄ ယောက်ကို ပြန်လွတ်ခဲ့တယ်။ ရွာထဲပိတ်မိနေကြတဲ့ သူတွေထဲက တယောက်ကိုပစ်သတ်သွားခဲ့တာ"လို့ ထီးလင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့တာဝန်ခံ ဆရာကျော်က ပြောပါတယ်။

မန္တလေးမှထွက်လာတဲ့ စစ်သင်္ဘော ၉ စီး ဝိုင်းဝန်းတိုက်ခံရလို့ ၁ စီးနစ်မြုပ်ဟု PDF ပြော

"ကျနော်တို့အဖွဲ့တွေ လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ ပစ်ခတ်လိုက်တဲ့အချိန်မှာ သင်္ဘောတစီးက ရေလယ်ကောင်မှာ ဆိုက်ထိုးမြုပ်သွားတယ်။ ၂ စီးကတော့ စက်ရပ်သွားတယ်။ အဲ့ဒါတွေကို ကျန်သင်္ဘောတွေက တွဲယူသွားရတယ်"

လက်နက်၊ ရိက္ခာအခက်အခဲဖြစ်လာလို့ SKY HERO အဖွဲ့ကို ဖျက်သိမ်း

"အဖွဲ့ထဲမှာ အချင်းချင်းအဆင်မပြေမူတွေ မရှိခဲ့ဘူး။ ကျနော်တို့မှာက လက်နက်အစစ် မရှိဘူး။ ကိုယ်တိုင်ထုတ်လုပ်တဲ့ လက်လုပ်သေနတ် တထောင့်ထိုး၊ မိုင်း၊ ၆၀ မမတွေပဲရှိတာ။ အဲတာတွေနဲ့ပဲ mission တွေ လုပ်ဆောင်ခဲ့ကြတာ" လို့ SKY HERO (LPDF) တာဝန်ခံ ကိုထက်ရှားက ပြောပါတယ်။

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10