ရေဦးနဲ့ ကောလင်းမှာ လေကြောင်းကြဲခံရလို့ ကလေး ၂ ဦးအပါ ပြည်သူ ၆ ဦးသေဆုံး
စစ်ကိုင်းတိုင်းထဲက ရေဦးနဲ့ ကောလင်းမြို့နယ်မှာရှိတဲ့ ကျေးရွာတွေကို စစ်ကောင်စီက လေကြောင်းနဲ့ ဗုံးကြဲခဲ့တာကြောင့် ကလေး ၂ ဦးအပါအဝင် ပြည်သူ ၆ ဦး သေဆုံးခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
စစ်ကိုင်းတိုင်းထဲက ရေဦးနဲ့ ကောလင်းမြို့နယ်မှာရှိတဲ့ ကျေးရွာတွေကို စစ်ကောင်စီက လေကြောင်းနဲ့ ဗုံးကြဲခဲ့တာကြောင့် ကလေး ၂ ဦးအပါအဝင် ပြည်သူ ၆ ဦး သေဆုံးခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
“ ဆုံးသွားတဲ့ လူနဲ့နောက်တယောက်ပါသေးတယ်။ ဗုံးကြဲတာကို သွားကြည့်ကြတာ။ ဆုံးသွားတဲ့သူက ခြေတဖက်မသန်ဘူး။ နောက်တယောက်ကတော့ မြောင်းတခုမှာ ဝပ်နေလိုက်ရလို့ ဘာမှမထိခိုက်ခဲ့တာ။ ကျတဲ့ဗုံးသီးတလုံးနဲ့ တလုံးအကွာအဝေးက ပေ ၃၀၊၄၀၊၅၀ အဲ့လောက်ပဲကွာတယ်”
အရှေ့အရပ်မှ ပြူးထွက်လာတဲ့ နေမင်းကြီးရဲ့ ရောင်ခြည်တွေကြောင့် အရပ်လေးမျက်နှာစလုံးမှာ အုံ့မှိုင်းနေကြတဲ့ မြူနှင်းတွေဟာ တရွေ့ရွေ့ ပြယ်စပြုလာနေတယ်။ ကားလမ်းမပေါ်မှာတော့ ယာဉ်တွေ ဥဒဟိုသွားလာနေကြတဲ့ မနက် ၉ နာရီအချိန်။ ကျနော်တို့နှစ်ဦးလို စစ်တွေမြို့ထဲကို ဝင်ရောက်မည့် ခရီးသည်တွေကို တင်ဆောင်လာတဲ့ မှန်လုံကားငယ်တစီးကို လက်တဖက်နဲ့ အချက်ပြ ရပ်တန့်ခိုင်းလိုက်တယ်။ ကားထဲကို ချောင်းကြည့်လိုက်တော့ ကားဝမ်းဗိုက်ထဲမှာ ခရီးသည် ဆယ်ယောက်နဲ့ ပြည့်ကြပ်လို့နေတယ်။
“အိပ်နေတဲ့အချိန် (ဗုံး)လာချတာ။ မထင်မှတ်ပဲချလာတာဆိုတော့ ပြေးချိန်မရလိုက်ကြဘူး။ လူ ၅ ယောက်ဒဏ်ရာရပြီးတော့ နွား ၂ ကောင်သေတယ်။ အိမ်တွေလည်းပျက်စီးသွားတယ်။ ပျက်စီးအိမ် အရေအတွက်ကိုတော့ စာရင်းမကောက်ရသေးဘူး”
“လက်နက်ကြီးစတွေက နားနောက်ဖက်ကနေ နောက်စေ့ကိုဖောက်ဝင်သွားတာ။ ပွဲချင်းပြီးသေတာ။ နောက်စေ့အသားတခြမ်းက ပွင့်ထွက်သွားလို့ ရှာမတွေ့ခဲ့ဘူး။ ဦးခေါင်းနောက်စေ့က ကွက်လပ်ဖြစ်သွားတယ်”
“ရွာထဲမှာ ပြည်သူတွေ တယောက်မှမရှိဘူး။ အကုန်လုံးရှောင်နေကြတာ။ လူမရှိချိန် စကစတွေက မီးဝင်ရှို့သွားတာ”
"စကစတွေက သူတို့ (ပကဖရဲဘော်တွေ)ကို ဖမ်းမိပြီးတော့ ပစ်သတ်သွားတာ။ ၄ ယောက်က ကင်းစောင့်နေရင်း မိသွားတာ။ ကျန်တဲ့ ၁ ယောက်ကတော့ စစ်ကြောင်းကို ကင်းလိုက်ထောက်နေရင်း မိသွားတာ။ သူ့ကိုတော့ ဖမ်းခေါ်သွားတယ်။ သူ့ကိုလည်း အခုချိန်လောက်ဆို သတ်ပြီးလောက်ပြီ။ အလောင်းမတွေ့သေးတာပဲရှိတာ"
"အခုလည်းမီးရှို့နေတယ်ဗျ။ ပေါက်သင်တုံ၊ ဂျပိုရွာနှစ်ရွာကိုကိုမီးရှိနေတာ။ မနက် ၁၀ နာရီထိုးကတည်းက အခုချိန်ထိရှိနေတာဗျ" လို့ ခင်ဦးမြို့နယ်မှ PDF ရဲဘော်တဦးက ပြောပါတယ်။
"အဲဒီ(သြဂုတ် ၃၀)နေ့လယ်မှာပဲ နမခ ကနေ Mi-35 ရောက်လာပြီးတော့ တနေကုန် Mi-35 နဲ့ လုံးဝ နောက်ပြန် မသွားဘဲနဲ့ ဝိုက်ဝိုက်ပြီးတော့ ကြဲပေးတယ်။ ပြီးတော့ နမခကနေ စစ်သင်္ဘောသုံးစီးနဲ့ တပ်ကူတန်းလာတာဗျ။ ဟောင်ဝစ်ဇာနဲ့လည်း တောက်လျောက်ပစ်ကူပေးတာ။ အဲ့တော့ ရဲဘော်တွေက ဆုတ်ပေးလိုက်ရတယ်"
အာရက္ခတပ်တော် (AA) က အမတ ၃၇၇ တပ်ရင်းကို ထိုးစစ်ဆင်တိုက်တဲ့ ဒုတိယမြောက်နေ့မှာ စစ်ကောင်စီ တပ်သားတွေဟာ တပ်ရင်းရှိလက်နက်တိုက်ကို ဓာတ်ဆီလောင်းမီးရှို့တာ၊ အမြောက်လက်နက်ကြီး ဟောင်ဝစ်ဇာအပါအဝင် တာဝေးပစ်အမြောက် အကုန်လုံးနီးပါးကို အသုံးပြုပစ်ခတ်လို့မရအောင် ဖျက်ဆီးမှု ပြုလုပ်ပြီး ခမရ ၅၃၉ တပ်ရင်းထဲကို အားကိုးတကြီးနဲ့ ထွက်ပြေးခဲ့ကြတယ်။
"ရွာထဲကို ရော့ကတ် ၅ လုံး၊ ဗုံးသီး ၃ လုံး ချသွားတာ။ ကျနော်တို့က အစောပိုင်းကတည်းက ရွာသူ ရွာသားတွေ ရွာမှာမနေဘဲ တောထဲမှာသွားအိပ်ကြဖို့ ပြောထားတဲ့အတွက် အထိအခိုက်က ၃ ဦးပဲရှိတာ။"
"သူတို့ဘက်က အလောင်းကတော့ သုံးလောင်းတွေ့တယ်။ လက်နက်ကတော့ တပ်ရင်းကသိမ်းသွားတာဆိုတော့ ၁၀ လက်ကျော် ခန့်မှန်းရတယ်။ ဆိုင်ကယ်ငါးစီးနဲ့သယ်သွားတာ။ ကျနော်တို့နဲ့ တဖက်စီဖြစ်နေတာဆိုတော့ မသိလိုက်ဘူး။ ကျနော်တို့က နောက်မှရှင်းလင်းရေးပြန်ဝင်ရတာ။ အလောင်းတွေကတော့ ဒီအတိုင်း လယ်ထဲမှာပက်လက်ပဲ"
"စကစနဲ့ ပျူတွေပေါ့။ ဦးကင်းကြည်ရွာက အိမ် ၆၀ ကျော်ကို မီးရှို့သွားတယ်။ ရွာထဲမှာရှိနေတဲ့ အရပ်သား ၃ ဦးကိုလည်းသတ်သွားတယ်။ ရွာက ဆန်တွေ၊ ဆီတွေကိုလည်း တိုက်သွားတယ်။"လို့ ကန့်ဘလူမှ တော်လှန်ရေးရဲဘော်တဦးက မြေလတ်အသံကို ပြောပါတယ်။
"ဗုံး ၂ လုံးကြဲတာ။ တလုံးက ရွာထဲမှာ တပ်ရင်းနေသွားတဲ့နေရာအနီး လမ်းမကိုကျတာ။ တပ်ရင်းကို ကျနော်တို့က ရွှေ့ထားတော့ ရဲဘော်တွေ မထိတာ။ လမ်းသွားနေတဲ့ ရဲဘော်တဦးကိုပဲ ထိတာ။ အသက်အန္တရာယ်ကတော့ မစိုးရိမ်ရဘူး။ နောက်တလုံးကတော့ ရွာနဲ့အလှမ်းဝေးတဲ့ တောထဲကိုကျတာ"
"လုံခြုံရေး တအားတင်းကျပ်တာကတော့ မနက် ၆ နာရီလောက်ကစပြီးတော့ ညနေ ၆ နာရီလောက်ထိပဲ။ အမှတ် ၃ ရဲစခန်းတိုက်ခိုက်မှုက ရဲစခန်းရှေ့ကနေ ရှေ့ထွက်မိုင်းနဲ့ တိုက်ခိုက်ခဲ့တာပါ။ ထိခိုက်မှုတော့ နည်းမယ်။ သူတို့ လုံခြုံရေးဂိတ်ကို တိုက်ခိုက်တာ"