သမိုင်းကိုသင်ခန်းစာယူပြီး နှစ်သစ်အတွက်အားမွေးပါ
ယခုတကြိမ်စစ်အာဏာသိမ်းမှုသည် မြန်မာနိုင်ငံတွင် အဆိုးဆုံးနှင့်အရက်စက်ဆုံးလို့ အာဏာသိမ်းမှုကို တွေ့ကြုံခဲ့ဖူးသူများက ပြောဆိုကြသည်။ တကယ်လည်းမှန်နေပါသည်။ အာဏာသိမ်းသည့် ဖေဖော်ဝါရီလ ၁ ရက်နေ့ကစလို့ ဒီဇင်ဘာလဆန်းအထိ စစ်အာဏာရှင်၏အကြောင်းအမျိုးမျိုးဖြင့် ဖမ်းဆီးနှိပ်စက်သတ်ဖြတ် ပစ်ခတ်ခံရမှုကြောင့် အပြစ်မဲ့ပြည်သူ ၁၃၈၂ ဦးကျဆုံး ကျဆုံးခဲ့ပြီလို့ နိုင်ငံရေးအကျဥ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ၏စာရင်းများအရသိရပါသည်