MLAT

တော်လှန်ရေးမိခင်တဦးအတွက်စာအပါအဝင် အခြားစာတွေကိုပါ နားဆင်ရမယ့် "မြေလတ်တံတား ၁၉"

အခုတပတ်မြေလတ်တံတားအစီအစဉ်မှာ တော်လှန်ရေးမိခင်တဦးအတွက်စာ၊ PDF ရဲဘော်လေးအတွက် သူ့ကောင်မလေးက ပေးပို့ထားတဲ့စာနဲ့အတူ အခြားစာတွေကိုပါနားဆင်ရမှာပါ။ စာလွှာတွေပေးပို့ရင်း တော်လှန်ရေးအတွက်အထောက်အပံ့ဖြစ်စေဖို့ ပါဝင်ထောက်ပံ့ပေးကြပါဦးနော်။

တောင်သူကို အခက်တွေ့စေတဲ့ စိုက်ပျိုးရေးစီမံကိန်းအလွဲများ

ခေတ်အဆက်ဆက်မှာ အစိုးရစီမံကိန်းဆိုပြီး စိုက်ပျိုးရေးကိုခေါင်းစဉ်အမျိုးမျိုးတပ်ကာ ပြည်သူလူထုတွေကို မဖြစ်မနေအကောင်အထည်ဖော်စေခဲ့တဲ့ စိုက်ပျိုးရေးစီမံကိန်းအလွဲများစွာ ရှိခဲ့ဘူးပါတယ်။ ယခုလည်း စကစ ကလုပ်နေတဲ့ ဝါစိုက်ပျိုးရေးအထူးစီမံကိန်းနဲ့ နေကြာ စီမံကိန်းတွေကရော ဘယ်လောက်အထိ ထိရောက် အောင်မြင်မလဲ ဆိုတာ စောင့်ကြည့်နေရတဲ့အခြေအနေပါ။

အင်းတော်အဝင်ဂိတ်မှာ စစ်ကောင်စီက ဓာတ်ပုံနဲ့တိုက်စစ်ပြီး ဖမ်းဆီးမှုတွေပြုလုပ်တဲ့သတင်းအပါ တပတ်အတွင်းသတင်းများ

ကန်းဒေါင့်ရွာနားက စစ်ကောင်စီစခန်းကို PDF က တက်သိမ်းခဲ့ပေမယ့် ကျည်ကုန်လို့ ပြန်လာခဲ့ရတဲ့သတင်း၊ စလင်း၊ သရက်တောရဲစခန်း စီးနင်းတိုက်ခိုက်ခံရလို့ စစ်အုပ်စုဘက်က ၅ ဦးသေဆုံး၊ ၁၁ ဦးဒဏ်ရာရတဲ့သတင်း၊ ကလေးမြို့သပိတ်အဖွဲ့ဝင် ၄ ဦးပါ ဒေသခံ ၈ ဦးကို ထောင်ဒဏ် ၂ နှစ်စီချမှတ်တဲ့သတင်းအပါအဝင် တပတ်အတွင်းသတင်းများကို နားဆင်နိုင်ပါပြီ။

တပတ်အတွင်း မြေလတ်သတင်း

- အကျဉ်းသူ/သားတွေက ထောင်ထဲမှာ ပိုက်ဆံစုပြီး PDF ထံ ကျပ် ၅ သိန်းလှူဒါန်း - မုံရွာ - မန္တလေးကားလမ်းမှာ သွားလာမယ်ဆိုရင် စစ်ကောင်စီကားတွေနဲ့ အဝေးမှာနေဖို့ PKDF ကပြော - တပ်ကူလာသူတွေနဲ့ သွားကြိုတဲ့စစ်အုပ်စု ၂ ခုလုံးကို ကြားဖြတ်တိုက်ခိုက်လို့ သေဆုံးမှုများနိုင် - ခိုင်ကမ်းမြို့ ရဲစခန်းနဲ့ တမိုင်ပတ်လည်က ပြည်သူတွေကို နေရာပြောင်းရွှေ့ခိုင်း - ရေဦးမှာ စစ်တပ်က လေယာဥ်နဲ့ဗုံးကြဲ၊ ဒေသခံ ၅၀၀၀ ကျော် တိမ်းရှောင်နေရ - စစ်ကောင်စီဘက်က ၂၀ ကျော်သေဆုံးခဲ့တဲ့ ဇီးဖြူကုန်းရွာတိုက်ပွဲ - စစ်ကောင်စီတပ်က ကျေးရွာထဲ ၂ လနီးပါးကြာ တပ်စွဲနေလို့ တောင်သူတွေ သီးနှံမသိမ်းရတဲ့အခက် ကြုံတွေ့ - မုံရွာ - အမြင့်လမ်းသပိတ်ကော်မတီက ဦးဆောင်တဲ့ လူထုဟောပြောပွဲ - ပုလဲမြို့ပေါ်မှာ ကင်းလှည့်နေတဲ့ စစ်အုပ်စု တိုက်ခိုက်ခံရလို့ ၁ ဦးသေဆုံး - ABSDF (ချင်းတွင်းဒေသ) က ပြည်သူကို ဝန်မပိစေဖို့ တပ်ရိက္ခာနွေစပါးတွေ စိုက်ပျိုး

ဆေးဖက်ဝင် ဆင်တုံးမနွယ်

ဆင်တုံးမနွယ်ဟာ နာတာရှည်အဖျားရောဂါ၊ သွေးလွန်တုပ်ကွေးရောဂါ၊ အစာလမ်းကြောင်း ရောဂါတွေကိုဘယ်လိုကုသနိုင်လဲ။ ဆင်တုံးမနွယ်မှာရှိတဲ့ ဘေးထွက်ဆိုးကျိုးတွေကရော ဘာတွေလဲဆိုတာကို နားဆင်ရပါမယ်။

"ဘယ်လက်နဲ့ဘုရားတည်ပြီး ညာလက်နဲ့ဘုရားတွေဖျက်" (မြင်မိ ကြားမိသမျှ အစီအစဉ်)

မြေလတ်အသံသတင်းဌာနမှာ အပါတ်စဉ်တင်ဆက်နေတဲ့ ဆောင်းပါးရှင် သခင်နွေရဲ့ မြင်မိ ကြားမိသမျှ အစီအစဉ်ရဲ့ ဒီတပါတ်မှာတော့ "ဘယ်လက်နဲ့ဘုရားတည်ပြီး ညာလက်နဲ့ဘုရားတွေဖျက် "ဆိုတဲ့ခေါင်းစဉ်ကို နားဆင်နိုင်ကြပါပြီ။

တပတ်အတွင်း မြေလတ်သတင်း

- စစ်ကောင်စီက ခရီးသည်တွေကို လမ်းဆင်းလျှောက်ခိုင်းပြီး မိုင်းရှင်းလို့ မိုင်းအလုံးရေ ၁၀၀ ကျော်ဆုံးရှုံး - ပခုက္ကူရှိ ကျေးရွာတွေကို စစ်ကောင်စီက ကုန်းလမ်း၊ ရေလမ်းကပါ စီးနင်းဝင်ရောက်လို့ ဒေသခံ သောင်းချီထွက်ပြေးနေရ - ဒရုန်းနဲ့ ဗုံးကြဲခံရလို့ ၁ ဦးသေ ၁ ဦးဒဏ်ရာရ - တနိုင်ငံလုံးအတိုင်းအတာနဲ့ ၅၀၅-က နိုင်ငံရေးအကျဉ်းသားတွေကို လွတ်ပေးခဲ့ရာ ပဲခူးတိုင်းထဲက သာယာဝတီနဲ့ ပြည်အကျဉ်းထောင်တို့က နိုင်ငံရေးအကျဉ်းသားအချို့ ပြန်လည်လွတ်မြောက် - မုံရွာ ကညနရုံး နဲ့ စိုက်ပျိုးရေးရုံးရှိ စစ်ကောင်စီတပ်သားတွေ တိုက်ခိုက်ခံရပြီး ၅ ဦးသေဆုံးဟု ဆို - ညောင်ခါးရှည်ရဲစခန်း တိုက်ခိုက်ခံရပြီးနောက် ဒေသခံ ၃၀ ကျော်ကို စစ်ကောင်စီဖမ်းဆီး - စခန်းစီးနင်းမီးရှို့ခံရပြီးနောက် ရေစကြိုတောင်ပိုင်း PDF စားနပ်ရိက္ခာအခက်အခဲ ကြုံတွေ့နေ - လှတောရဲစခန်း တိုက်ခိုက်ခံရလို့ ၅ ဦးသေဆုံးဟု ဆို - စစ်ရှောင်နဲ့ ရိက္ခာအတွက် သီးနှံတွေကို PDF ရဲမေတွေက တိုက်ပွဲနားချိန်မှာ စိုက်ပျိုးနေ - လက်နက်ကြီးအချက် ၁၀၀ ကျော် ပစ်ခံရလို့ ထိခိုက်သေဆုံးမှုရှိနိုင်

ကလေးတိုင်းက အကြမ်းဖက်မှုကင်းစင်တဲ့ကမ္ဘာကြီးမှာ ရှင်သန်ဖို့ထိုက်တန်တယ်

ဆယ်ကျော်သက်အရွယ်ယောကျ်ားလေးတွေဟာ စစ်ပွဲအတွင်း အဓ္ဓမစစ်မှုထမ်းစေဖို့ အသုံးချခံရပါတယ်။ မိန်းကလေးငယ်တွေဟာ စစ်ပွဲရဲ့ပဋိပက္ခအစွန်းနှစ်ဘက်မှာ ပါဝင်သူတွေရဲ့ လိင်ပိုင်းဆိုင်ရာ အသုံးချခံတွေဖြစ်လာကြရပါတယ်။

စားသုံးဆေးဝင် သင်္ဘောပင်

သင်္ဘောပင်ဟာ ဘယ်လိုအစွမ်းသတ္တိတွေရှိသလဲ။ ဒူလာရောဂါ၊ ကြွက်နို့နဲ့အသားမာတို့ကို ဘယ်လို ကုသလို့ရသလဲ၊ အဆစ်ရောင်ရမ်းနာအတွက် သင်္ဘောပင်ကို ဘယ်လိုအသုံးပြုလို့ရသလဲ၊ သင်္ဘောပင်ရဲ့ ဘေးထွက်ဆိုးကျိုးကဘာတွေလဲ ဆိုတာတွေကို နားဆင်ရမှာပါ။

လက်နက်ကိုင် တော်လှန်ရေးဟာ ဘယ်သူ့အတွက်လဲ၊ ဘာကြောင့် လက်နက်ကိုင်တာလဲ (ပေးစာကဏ္ဍ)

“ဗိုလ်ချုပ်အောင်ဆန်းဟာ စစ်ဦးထုပ်ကိုချွတ်ပြီး နိုင်ငံရေးခေါင်းပေါင်း ပေါင်းခဲ့ပါတယ်။ ယခုခေတ် လွှတ်တော်ကိုယ်စားလှယ်တွေကတော့ ဗိုလ်ချုပ်လမ်းစဉ်နဲ့ အရှေ့နဲ့အနောက်၊ တောင်နဲ့မြောက်ပမာ ဆန့်ကျင်နေပါတယ်။ လွှတ်တော်ကိုယ်စာလှယ်တွေဟာ နိုင်ငံရေးအရလုပ်ဆောင်ရမယ့်အရာတွေ မလုပ်ဆောင်ဘဲ စစ်ယူနီဖောင်းဝတ် ခါးပိုက်ဆောင်တပ်တွေထောင်ပြီး ထင်ရာဆိုင်းနေတာဟာ ကြီးမားတဲ့ အခက်အခဲ တစ်ခုပါပဲ”

"အသက်လု ရှင်သန်နေရသော တပိုင်တနိုင်လုပ်ငန်းများ"

ရင်းနှီးမြုပ်နှံမှုများစွာပြုလုပ်နိုင်တဲ့ လုပ်ငန်းရှင်ကြီးတွေက လူနည်းစုဖြစ်ပေမယ့် သူတို့ရဲ့အကျိုးအမြတ်က အလွန်များပြားနေတာတွေ့ရပြီး မြန်မာနိုင်ငံရဲ့ စီးပွါးရေးကဏ္ဍမှာ အလွန်းအရေးပါပြီး အရေအတွက်အလွန်များပြားလှတဲ့ SME နဲ့ MSMEs လို့ခေါ်ကြတဲ့ အရင်းအနှီးအနည်းငယ်မျှနဲ့ တပိုင်တနိုင် ကိုယ်ပိုင်စီးပွါးရေးလုပ်ငန်းလေးတွေကတော့ အသက်လုရှင်သန်နေရတာ တွေ့ရပါတယ်

NUG အစိုးရ မြင်စေ ကြားစေ၊ လက်တွေ့လုပ်နိုင်ကြပါစေ၊

ဒီနေရာမှာ ဦးလေး ထပ်မေးချင်တာက ချောင်းဦးမြို့က ပကဖတွေ၊ ပအဖတွေရဲ့ ကျူးလွန်ခဲ့တဲ့ မတရားမှုတွေ ကို NUG အနေနဲ့ တားဆီးတာ၊ ဟန့်တားတာ၊ လူသိရှင်ကြား သတိပေးတာတွေ မလုပ်တော့ဘူးလား။ ဒီလိုလုပ်ရပ်တွေကို ဆက်ဖြစ်အောင် ခွင့်ပြုပေးနေတာလား။

တပတ်အတွင်း မြေလတ်သတင်း(ရုပ်သံ)

- သာယာဝတီမြို့ NLD ပါတီရုံးကို စစ်အုပ်စုက ဝင်ရောက်ဖျက်စီး - ပဇီကြီးစစ်ရှောင်တွေ ဆေးဝါးအကူညီလိုအပ်နေပြီး စစ်ကြောင်းကိုရှောင်ရင်း မြွေကိုက်ခံရလို့ ၁ ဦးသေဆုံး - ဝက်လက်ကရွာတွေကို စစ်တပ်က မီးရှို့၊ ဒေသခံသောင်းချီ ထွက်ပြေးနေရ - မုံရွာ ကညနရုံး တိုက်ခိုက်ခံရလို့ စစ်ကောင်စီတပ်သား ၂ ဦးသေဆုံး - ထောင်ပြောင်းခံရတဲ့ နိုင်ငံရေးအကျဉ်းသူ ၄ ဦးမှာ ကင်ဆာရောဂါသည် သက်ကြီးအမျိုးသမီးလည်း ပါဝင် - စစ်ကောင်စီစခန်း ၄ ခု တပြိုင်တည်းတိုက်ခိုက်ပြီး စခန်း ၂ ခုကို ဖျက်ဆီးနိုင်ခဲ့ - တန့်ဆည်က စစ်အုပ်စုစခန်း စီးနင်းခံရပြီး စစ်သားနဲ့ပျူ ၂၀ ခန့်သေဆုံးကာ လက်နက်အချို့လည်း သိမ်းခံလိုက်ရ - ထီးချိုင့်မှာ ၃ ရက်ကြာ တိုက်ပွဲအတွင်း စစ်ကောင်စီတပ် ထိခိုက်မှုများလို့ လေယာဥ် ၃ စီးနဲ့ ဗုံးကြဲ - ပုလဲမှာ စစ်တပ်ကမီးရှို့တဲ့ရွာကို မြို့နယ် ပအဖ က ငွေ ၂၇ သိန်းနဲ့ စားနပ်ရိက္ခာထောက်ပံ့ - ကနီမှာ ရေပြတ်သွားတဲ့ ရွာကို PDF တွေစုပေါင်းရေလှူ

လိင်ပိုင်းဆိုင်ရာအကြမ်းဖက်ခံရမှုဟာ ကိုယ်ရေးကိုယ်တာကိစ္စမဟုတ်

လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှုဆိုတာ အသက်အရွယ်၊ ကျား၊မ၊ လူမျိုးအပြုအမူတွေဘယ်လိုပဲ ဖြစ်နေပါစေ အချိန်နေရာမရွေး ကြုံတွေ့နိုင်ပါတယ်။ သင့်အသံနဲ့သင့်လုပ်ရပ်တွေက ကြီးမားတဲ့ပြောင်းလဲမှုတွေဖော်ဆောင်ပေးနိုင်ပါတယ်။

စစ်ကောင်စီလေတပ်နဲ့ ဆက်စပ်နေရာတွေကို တိုက်ခိုက်မယ့် UG အဖွဲ့ တွေကိုဖိတ်ခေါ်တဲ့သတင်းအပါ တပတ်အတွင်းသတင်းများ

သေဆုံးစစ်သားတွေကိုပေးတဲ့ မြေကွက်တွေကို တပ်ရင်းမှူးမိန်းမက ဈေးနှိမ်ဝယ်နေလို့ မကျေမနပ်ဖြစ်နေတဲ့သတင်း၊ ဒေသခံအများအပြားကိုသတ်ပြီးနောက် စစ်ကောင်စီက ပဇီကြီးကို PDF ရွာ‌ဆိုပြီး ဝါဒဖြန့်လာတဲ့သတင်း၊ ထောင်တွင်းတောင်းဆိုမှုတွေ ပြုလုပ်ခဲ့တဲ့ အကျဉ်းသူအပါ အမျိုးသမီး ၄ ဦး ထောင်ပြောင်းရွေ့ခံရတဲ့သတင်း၊ ကနီမှာ လေပြင်းတိုက်ခတ်လို့ ရွာ ၈ ရွာက အိမ်ခြေ ၁၅၀ နီးပါး ပျက်စီးတဲ့သတင်းစတဲ့သတင်းများကို နားဆင်နိုင်ပါပြီ။

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10