MLAT

စစ်တပ်စစ်ကြောင်း ၂ ခု ဝက်လက်နယ်မှာ ချေမှုန်းမခံရခင် လူနေအိမ် ၃၂ လုံးကို ဖျက်ဆီးခဲ့ (ရုပ်/သံ)

စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့၊ အမှတ် ၈ စစ်အခြေခံလေ့ကျင့်ရေးတပ်ရင်းက စစ်ကြောင်းနဲ့ တပ်မ ၃၃ လက်အောက်ခံစစ်ကြောင်း ဝက်လက်မြို့နယ်မှာ ပိတ်ဆို့တိုက်ခိုက်ခြင်းမခံရခင်က ဝက်လက်မြို့နယ်အရှေ့ပိုင်းနဲ့ တောင်ပိုင်းကကျေးရွာတွေကို လက်နက်ကြီးပစ်ခတ်ကာ နေအိမ်တွေကိုလည်း မီးရှို့ခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

အိမ်စာကြေမှ ရလဒ်ကောင်းမယ့် သွေးလင်းထက် (အားကစားသတင်း)

သွေးလင်းထက်အနေနဲ့တော့ ပြီးခဲ့တဲ့ပွဲမှာရှုံးနိမ့်လိုက်တာဟာ သူ့အတွက်အချက်ပေးသံဖြစ်သွားခဲ့ပြီး ပွဲအတွင်းမှာ ထိုးသတ်တဲ့စနစ်အပြောင်းအလဲမလုပ်နိုင်ရင် ONE မှာထိပ်တန်းရောက်ဖို့ မလွယ်ဘူးဆိုတာ ကောင်းကောင်းသိသွားလောက်ပါတယ်။

စစ်တပ်စစ်ကြောင်း ၂ ခု ဝက်လက်နယ်မှာ ချေမှုန်းမခံရခင် လူနေအိမ် ၃၂ လုံးကို ဖျက်ဆီးခဲ့

စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့၊ အမှတ် ၈ စစ်အခြေခံလေ့ကျင့်ရေးတပ်ရင်းက စစ်ကြောင်းနဲ့ တပ်မ ၃၃ လက်အောက်ခံစစ်ကြောင်း ဝက်လက်မြို့နယ်မှာ ပိတ်ဆို့တိုက်ခိုက်ခြင်းမခံရခင်က ဝက်လက်မြို့နယ်အရှေ့ပိုင်းနဲ့ တောင်ပိုင်းကကျေးရွာတွေကို လက်နက်ကြီးပစ်ခတ်ကာ နေအိမ်တွေကိုလည်း မီးရှို့ခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

စစ်ကောင်စီတပ်ဖွဲ့က ပိတ်ခိုင်းလို့ မုံရွာက စက်သုံးဆီအရောင်းဆိုင်ငယ် ၃၀ ကျော် ပိတ်ထားရ

"မနေ့က ဆိုင်ထိလာပြီး ဓာတ်ပုံတွေလာရိုက်သွားတယ်၊ ဖွင့်ရင် ဖမ်းမှာလို့လည်း ပြောသွားတယ်။ အဲ့ဒါကြောင့် ဒီနေ့ ဆိုင်ပိတ်ထားတာ။ တမြို့လုံးက လမ်းဘေးဆီဆိုင်တွေလည်း ပိတ်ထားတယ်။"

"လိပ်ခေါင်းရောဂါအတွက် ခရူပင်” (Podcast)

ခရူပင်မှာပါဝင်တဲ့ ကျန်းမာရေးအကျိုးပြုဓာတ်ပေါင်းတွေက ဘာတွေလဲ။ အမျိုးသားဆီးကြိတ်ရောဂါအတွက် ခရူပင်က ဘယ်အစိတ်အပိုင်းကိုအသုံးပြုကုသနိုင်သလဲ။ အရေပြားယားယံနာအတွက် ခရူရွက်ကိုဘယ်လိုအသုံးပြုနိုင်သလဲ။ ခရူရွက်ဟာ ဆီးနဲ့ကျောက်ကပ်ကို ဘယ်လိုအကျိုးသက်ရောက်စေသလဲစတာတွေကိုနားဆင်ရမှာပါ။

တပ်မ ၃၃ ကထွက်လာတဲ့ သံပြားကာ ကား ၃စီး မိုင်းဆွဲခံရပြီး စစ်ကောင်စီတပ်သား ၁ ဦးသေ

"သူတို့ထွက်လာတာ သတင်းကြိုရလို့ အသင့်စောင့်နေတာဗျ။ မိုင်းဆွဲအပြီးမှာပဲ စစ်*တွေဘက်က လက်နက်ငယ်တွေနဲ့ ၁၅ မိနစ်လောက်တော့ ပစ်ခတ်တယ်။ သေဆုံးထိခိုက်မှုက ဆေးရုံသတင်းပါ။ ကျနော်တို့ ရဲဘော်တွေဘက်ကတော့ အထိခိုက်မရှိ ဆုတ်ခွာနိုင်ခဲ့တယ်။"

ပခုက္ကူတွင် တော်လှန်ရေးတပ်ဖွဲ့တိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၅ ဦးသေ

မကွေးတိုင်း၊ ပခုက္ကူမြို့နယ်မှာ မြိုင်မြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့အပါအဝင် တော်လှန်ရေးပူးပေါင်း တပ်ဖွဲ့တွေရဲ့ တိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၅ ဦးသေဆုံးခဲ့တယ်လို့ မြို့ပကဖက ဇန်နဝါရီ ၈ ရက် ဒီနေ့မှာ ထုတ်ပြန်ပါတယ်။

စစ်ရေးအရှိန်မြှင့်တဲ့အနေနဲ့ ထီးလင်းမြို့ပေါ်က စစ်ကောင်စီတပ်စခန်းတွေကို ဗုံးသီး ရာနဲ့ချီပစ်ခတ်

စစ်ရေးအရှိန်မြှင့်ပြီဖြစ်တဲ့အကြောင်း အသိပေးတဲ့အနေနဲ့ ထီးလင်းမြို့ပေါ်က စစ်ကောင်စီတပ်စခန်းတွေကို လက်နက်ကြီးကျည် အလုံးရေ ၁၀၀ ဝန်းကျင်နဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ ထီးလင်းမြို့နယ်တပ်ရင်းများ ပြန်ကြားရေးတာဝန်ခံတဦးဆီက သိရပါတယ်။

ရေဦးမှာ စစ်ကောင်စီတပ်ဖွဲ့တွေက အမျိုးသမီးတွေကိုပါပေါ်တာဆွဲလို့ မြို့တဝက်ကျော် တိမ်းရှောင်နေရ

"မြို့ခံတွေ အကုန်နီးပါး အိမ်ထောင်စုတွေအလိုက်ကို လွတ်ရာရှောင်နေကြတာ။ မြို့ပေါ်ရပ်ကွက်တိုင်းလိုလို ပြည်သူမရှိတော့သလောက်အထိ ဖြစ်နေတယ်လို့ သိရတယ်။ ပြည်သူမရှိတဲ့ နေအိမ်က ပိုများတယ်။"

မြေလတ်ပေးစာ (Podcast)

- တက္ကစီသမားက ခရီးသည်ကို စစ်တပ်ထဲပို့ခဲ့တယ်ဆိုတဲ့အကြောင်း။ - မြောင်မြို့နယ်က လောင်းကစားဝိုင်းတွေ ဘယ်သူထိန်းပေးမလဲ။ - ညောင်လေးပင်မြို့၊ စီပင်ရွာမှာ ကျေးရွာဥက္ကဌက ဘယ်လိုဖိနှိပ်မှုတွေလုပ်နေလဲ။

ကလေးမြို့အတွက် အဓိက လမ်းပိုင်းကို စစ်ကောင်စီက မြေတူးစက်နဲ့ဖျက်ဆီး

စစ်ကိုင်းတိုင်း၊ ကလေးမြို့အဝင်အထွက်လမ်းဖြစ်တဲ့ လေးအိမ်စုကျေးရွာအနီးက မြို့လှ- လေးအိမ်စုလမ်းပိုင်းကို စစ်ကောင်စီက ဇန်နဝါရီ ၆ရက် မနက် ၁၀ နာရီခွဲဝန်းကျင်က မြေတူးစက်နဲ့ လာရောက်ဖျက်ဆီးသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ကန့်ဘလူမှာ ကျေးရွာ ပအဖ ခေါင်းဆောင်တဦး သေနတ်နဲ့ ပစ်သတ်ခံရ

စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်၊ တင်ငုပ်ကြီးကျေးရွာပအဖ ခေါင်းဆောင်တဦးဖြစ်တဲ့ ဦးသိန်းဝေဟာ သေနတ်နဲ့ ပစ်ခတ်ခံခဲ့ရပြီး သေဆုံးခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

ထန်းပင်တွေ ရှားပါးလာလို့ ထန်းခေါက်ဖာရက်လုပ်သူတွေ အခက်ကြုံတွေ့နေ

"ဒီမှာက ထန်းပင်တွေ အရင်ကလောက် မရှိတော့ဘူး၊ လူဦးရေတိုးလာကြတော့ လူနေအိမ်တွေ ပိုပြီးလိုအပ်လာတယ်၊ ကုန်ဈေးနှုန်းကလည်း မြင့်နေတော့ ထန်းပင်တွေပဲ ခုတ်ပြီး အိမ်ဆောက်နေကြတာများတယ်။ အဲ့ထက်ဆိုးတာက အုတ်ထင်းခုတ်ရောင်းကြတာပဲ၊ ထန်းလက်ခုံတွေက မှာတဲ့သူလည်းရှိတယ်၊ အများအားဖြင့်တော့ ဆိုင်ကယ်ပေါ်တင်ပြီး ရွာစဉ်လှည့်ရောင်းရတာပဲ၊ ဆိုင်ကယ်ဆီဈေးနဲ့တင် အမြတ်က သိပ်မကျန်တော့ဘူး"

ဟိန္ဒူဘုရားကျောင်းအတွင်း ဒရုန်းဗုံးထိမှန်သေဆုံးသူတွေကို အကြမ်းဖက်သမားတွေလို့ စစ်တပ်ထောက်ခံသူတွေ ဝါဒဖြန့် (Fact Check)

ပဲခူးတိုင်း၊ ဖြူးမြို့နယ်၊ ဇေယျဝတီမြို့၊ အမဲခေါင်အုပ်စု၊ ရမ်းနဂါးကျေးရွာရှိ ဟိန္ဒူဘုရားကျောင်းပေါ် ဇန်နဝါရီ ၁ ရက်က ဒရုန်းဗုံးကျရောက်ပေါက်ကွဲမှုအတွင်း သေဆုံးဒဏ်ရာရရှိသူတွေဟာ အကြမ်းဖက်သမားတွေလို့ စစ်တပ်ဝါဒဖြန့်တယ်လီဂရမ်လူမှုကွန်ယက်တွေမှာ သတင်းအမှားတွေဖြန့်ဝေနေပါတယ်။

မုံရွာမှာ အိုးဝေမောင်းသူ အမျိုးသားတဦး လည်ပင်းဓားထိုးခံရလို့ သေဆုံး

"လူမှုရေးနဲ့တော့ မဆိုင်ဘူးထင်တယ်ဗျ။ သူက အေးဆေးနေတတ်တဲ့သူပါ။ အရင်က ကားမောင်းတာ အခုကျ အိုးဝေပဲဆွဲတော့တာ။ မုံရွာမှာ နေတာကြာပြီ နှစ်ပိုင်းတော့ ရှိပြီ။ မနေ့ကညနေမှာပဲ အလောင်းကို ရွာဘက် ချက်ချင်းပြန်သယ်သွားတယ်။"

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10