တစ်ပတ်အတွင်း မြေလတ်သတင်း
- ပဲခူးတိုင်းအရှေ့ခြမ်းက မြို့နယ် ၁၁ မြို့နယ်မှာ မိုးကြီးရေလျှံမှုဖြစ်နိုင် - စစ်ကိုင်းတိုင်း၊ ကလေးမြို့နဲ့အရာတော်တို့မှာ ကိုဂျင်မီ၊ ကိုဖြိုးဇေယျာသော်အပါအဝင် ကြိုးပေးအသတ်ခံရသူ ၄ ဦးအတွက် ၂ နှစ်ပြည့် ဝမ်းနည်းခြင်းသပိတ်များကျင်းပ - မင်းကွန်းဆရာတော်ဘုရားကြီး ကျောင်းနံဘေးနေအိမ်တွေအပါ လူနေအိမ် ၃၀ ကျော်ကို စစ်အုပ်စုမီးရှို့ - တိုက်ပွဲအကြီးအကျယ်ဖြစ်လာမယ်ဆိုတဲ့သတင်းကြောင့် ပဲခူး-ကရင်ပြည်နယ်အစပ်က ဒေသခံထောင်ချီ ပြောင်းရွှေ့နေ - မြေပဲအောင်ကာနီး ရက်ပိုင်းအလိုမှရေကြီးလို့ ရွာ ၅ ရွာက ပဲဧက ၂၅၀ ကျော် ပျက်စီးဆုံးရှုံး - ဂန့်ဂေါနဲ့ချင်းပြည်နယ်ဆက်သွယ်ထားတဲ့ တံတား ၂ စင်းကို စစ်တပ်က မိုင်းခွဲဖျက်ဆီး - ကလေးနယ်က စစ်ရှောင်ပြည်သူတွေအတွက် ဆေးခန်းအသစ် ၁ ခု ဖွင့်လှစ်ကုသပေး - မိုးတွင်းကာလ တပ်ဖွဲ့ရိက္ခာအတွက်အသုံးဝင်တဲ့ တောင်ယာစိုက်ခင်းတွေ ကိုယ်ထူကိုယ်ထစိုက်ပျိုး