တိုက်ပွဲဖြစ်နေတဲ့ ဝက်လက်မြို့မှာ ကုန်ပစ္စည်းတွေပြတ်လပ်ပြီး ဈေးမြင့်တက်နေ
"ဆန် ၁ ပြည် ၇ ထောင်ကျော်တယ်။ ဆီက ၁ ပိဿာ ၁၈,၀၀၀၊ ကြက် ၁ တလုံး ၈၀၀၊ ဓာတ်ဆီက ၁ လီတာ ၁ သောင်း၊ ကွမ်းက ၁ရွက်ကို ၃၀၀ နှုန်းဖြစ်နေပြီ၊ အကုန်ငတ်နေပြီ။"
"ဆန် ၁ ပြည် ၇ ထောင်ကျော်တယ်။ ဆီက ၁ ပိဿာ ၁၈,၀၀၀၊ ကြက် ၁ တလုံး ၈၀၀၊ ဓာတ်ဆီက ၁ လီတာ ၁ သောင်း၊ ကွမ်းက ၁ရွက်ကို ၃၀၀ နှုန်းဖြစ်နေပြီ၊ အကုန်ငတ်နေပြီ။"
"အောင်ဇေယျကုန်းရဲ့ ဂိတ် ၂ ခုကို တိုက်ခိုက်တာ။ အရှေ့ဘက် အနောက်ဘက် ၂ ဂိတ်လုံးပေါ် ကျတယ်။ အဲဒီလို ကျလို့လည်း အထိအခိုက်ရှိတာပါ။ သူတို့ဘက်က လက်နက်ကြီးနဲ့ ၂ ကြိမ်ပစ်တာ သိလိုက်တယ်။ တိုက်ပွဲအနီးဝန်းကျင်မှာ ကျပေမယ့် အထိအခိုက်ကတော့ မရှိပါဘူး။"
စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်၊ ထောက်ကြန့်ရွာ အမှတ် ၄ ရပ်ကွက်မှာ ဇန်နဝါရီ ၁၈ ရက် ဒီနေ့ ၁၂ နာရီဝန်းကျင်က စစ်ကောင်စီရဲ့လက်နက်ကြီးကြောင့် ဒေသခံအမျိုးသား ၁ ဦးသေဆုံးခဲ့ပြီး ၄ ဦးဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
"၁၆ ရက်နေ့က ပြည်အကျဉ်းထောင်ကို အကုန်လုံးရောက်ပါတယ်။ ဆေးမှုနဲ့ရင်ဆိုင်ဖို့ ကျန်ဦးမယ်ပြောတယ်။ အခုကတော့ ရဲစည်းကမ်းဥပဒေနဲ့ အမိန့်ချတာလို့ ပြောပါတယ်။"
ဇန်နဝါရီ ၁၈ ရက် ဒီနေ့မနက် ၇ နာရီဝန်းကျင်မှာ စစ်ကောင်စီက ကလေးနယ်မြောက်ပိုင်း၊ စော်ဘွားရေရှင်ရွာအနီး ချင်းပြည်နယ်အစပ်က ကာကွယ်ရေးတပ်စခန်း ၁ ခုကို လေကြောင်းကနေတိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။
စစ်ကိုင်းတိုင်း၊ မုံရွာမြို့ ချင်းတွင်းမြစ်အနောက်ဘက်ကမ်းက ပြည်သူတွေကို စစ်ကောင်စီက စစ်ဆေးဖမ်းဆီးတာတွေ လုပ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
- စစ်ကောင်စီတပ်သားတွေလိုက်ပါလာတဲ့ ကား ၂ စီး ကြားဖြတ်တိုက်ခံရလို့ သေနတ် ၁၀ လက်ရရှိကာ ၂၀ ဦးထက်မနည်းသေဆုံးတယ်လို့ဆို - ပန်းတောင်းနယ်ထဲက ကပစတပ်တွေမှာ စက်တပ်လေထီးတွေရောက်ရှိနေပြီး လေ့ကျင့်ပျံသန်းမှုတွေလုပ်နေ - ဘုန်းကြီးကျောင်းထဲ တပ်စွဲနေတဲ့ စစ်ကောင်စီတပ်ဖွဲ့ ဒရုန်းနဲ့ ဗုံးကြဲခံရလို့ စစ်ဗိုလ် ၁ ဦးအပါ ၅ ဦး ဒဏ်ရာရ - ရွှေဘိုထောင်ကလွတ်လာတဲ့ နိုင်ကျဥ်းတွေကို ရဲတပ်ဖွဲ့ကစောင့်ဖမ်းပြီး ပြန်ချုပ်နှောင်ထား - စစ်ကောင်စီတပ်ဖွဲ့ လက်ပံကျင်း(တောင်)ရွာကိုမီးရှို့၊ ကိုယ်ဝန်ဆောင် ၁ ဦးအပါ ၄ ဦးသေဆုံးပြီး အိမ်ခြေ ၄၀၀ ပျက်စီးကာ အဲ့ဒီရွာကနေ ခွဲထွက်လာတဲ့ စစ်ကောင်စီတပ်ဖွဲ့ တိုက်ခိုက်ခံရလို့ ၇ ဦးသေ - စစ်တပ်က လက်နက်ကြီးနဲ့ပစ်လို့ ကျောင်းဆရာ ၁ ဦးအပါ ၂ ဦး ဒဏ်ရာရ၊ နေအိမ် ၅ လုံးပျက်စီး - ဝေါဘူတာအနီးက အိမ် ၂၀၀ ကျော် ဖျက်သိမ်းမိန့်ထုတ်ပြီးနောက် တချို့အိမ်တွေကို အင်အားသုံး ဖျက်ဆီးနေ - ကွာရန်တင်း(Quarantine)ဆောင်တွေ လုပ်ထားရတဲ့ထိ စခန်းတွင်း ယားနာရောဂါကူးစက်မှု ပြန့်ပွားနေ - စိုက်ပျိုးစရိတ်ကြီးမြင့်လို့ ယင်းမာပင်က ကြက်သွန်းစိုက်တောင်သူတွေ ဧကလျှော့စိုက်
"ရွာနားရောက်မှ သေနတ်တွေ ပစ်ဖောက်ဝင်တာဗျ၊ အိမ်တွေထဲက ပြည်သူပိုင် ပစ္စည်းတွေလည်း မွှေနှောက်ပြီး ယူချင်တာ ယူသွားကြတာ၊ ဖမ်းဆီးခံရတာတော့ မရှိဘူးဗျ၊ ဘာလို့ဆို ရွာက ဒီနေ့အလှူရှိတော့ ချက်ပြုတ်နေကြတာ၊ သူတို့သေနတ်သံတွေ ကြားတာနဲ့ ထွက်ပြေးတော့ လွတ်သွားကြတယ်၊ အိမ်တွေ မီးမစွဲမချင်း ရွာထဲကနေ မထွက်ဘူး၊ အလှူအိမ်မှာ ပြင်ဆင်ထားတာတွေလည်း အကုန်မီးထဲပါသွားတယ်၊ သိုလောင်ထားတဲ့ စပါးကျီတွေလည်း မီးထဲပါသွားတယ်။"
တော်လှန်ရေးတပ်ဖွဲ့တွေ ထိန်းချုပ်ထားတဲ့ ခမ်းပါတ်မြို့နဲ့ ကနန်ရွာကို စစ်ကောင်စီက ဇန်နဝါရီ ၁၆ ရက် ညက လေကြောင်းတိုက်ခိုက်ခဲ့တာကြောင့် အသက် ၂ နှစ်အရွယ်ကလေးအပါအဝင် ၂ ဦးသေဆုံးပြီး ၈ ဦးဒဏ်ရာရကာ လူနေအိမ် ၂၀ ကျော်ပျက်စီးခဲ့တယ်လို့ သိရပါတယ်။
တော်လှန်ရေးတပ်ဖွဲ့တွေ ထိန်းချုပ်ထားတဲ့ ခမ်းပါတ်မြို့နဲ့ ကနန်ရွာကို စစ်ကောင်စီက ဇန်နဝါရီ ၁၆ ရက် ညက လေကြောင်းတိုက်ခိုက်ခဲ့တာကြောင့် အသက် ၂ နှစ်အရွယ်ကလေးအပါအဝင် ၂ ဦးသေဆုံးပြီး ၈ ဦးဒဏ်ရာရကာ လူနေအိမ် ၂၀ ကျော်ပျက်စီးခဲ့တယ်လို့ သိရပါတယ်။
၂၀၂၄ ဒီဇင်ဘာ ၃၁ ရက်ကနေ ၂၀၂၅ ဇန်နဝါရီ ၁၄ ရက်အထိ စစ်ကိုင်းတိုင်းက ကန့်ဘလူ၊ မုံရွာ၊ ယင်းမာပင်၊ ဝက်လက်၊ ဒီပဲယင်းမြို့နယ်တွေနဲ့ မကွေးတိုင်းက မင်းဘူးနဲ့ ချောက်မြို့နယ်တွေမှာ မီးရှို့ဖျက်ဆီးခံခဲ့ရတာဖြစ်ပါတယ်။
မကွေးတိုင်း၊ မြိုင်မြို့နယ်မှာ စစ်ကောင်စီတပ်ဖွဲ့တွေ စစ်ကြောင်းထိုးနေတာကြောင့် ကျေးရွာတွေကနေ ဘေးလွတ်ရာကို စစ်ရှောင်နေရတဲ့ပြည်သူ ၃,၀၀၀ ကျော်ဟာ စားနပ်ရိက္ခာအခက်အခဲတွေ ရှိလာနေတယ်လို့ သိရပါတယ်။
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်၊ ဆင်လူးကျေးရွာက စစ်ကောင်စီနဲ့ပျူစောထီးတွေ အထိုင်ချတပ်စွဲထားတဲ့ စခန်း ၁ ခုကို တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တွေက ဇန်နဝါရီ ၁၅ ရက်က သွားရောက်တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။
စစ်ကိုင်းတိုင်း၊ တမူးမြို့နယ်၊ ခမ်းပတ်မြို့ကို စစ်ကောင်စီက ဒီကနေ့ ည ၈ နာရီခွဲဝန်းကျင်က လေကြောင်းနဲ့ ၃ ကြိမ်ဆက်တိုက် ဗုံးကြဲခဲ့တာကြောင့် ပြည်သူသေဆုံးမှုရှိတယ်လို့ သိရပါတယ်။
အခုလို NUG က တော်လှန်ရေးတပ်ဖွဲ့တွေနဲ့အတူ တသားတည်းရှိလာမယ့်အခြေအနေအပေါ် မြေပြင်က တော်လှန်ရေးအင်အားစုတွေ ဘယ်လိုရှုမြင်မျှော်လင့်ကြသလဲဆိုတာ မြေလတ်အသံက ဆက်သွယ်မေးမြန်ခဲ့တာကို ဖော်ပြလိုက်ပါတယ်။