MLAT

မန္တလေးမြို့မှာစစ်မဖြစ်ရေးဟုဆိုကာ စစ်တပ်က လက်သပ်မွေးထားတဲ့ ပျူစောထီးတွေဆန္ဒပြ

"ပြောရရင် လူမိုက်ပေါက်စလေးတွေကို ခေါ်ထားတာပေါ့။ နားအပေါက်ကြီးကြီးဖောက်ထားတဲ့ကောင်တွေ၊ တက်တူးအပြည့်နဲ့ကောင်တွေ၊ ပုံမှန်ဆို တီရှပ်အစိမ်းရောင်ကို မြန်မာအလံရင်ဘတ်မှာ ရိုက်ထားတဲ့ အင်္ကျီဝတ် ထားတဲ့ ပျူစောထီးတွေ။ အခုအဝတ်လဲပြီး ဆန္ဒပြန်ပြနေတာ"

အိုလံပစ်အိပ်မက်မက်နေတဲ့ မွေထိုင်းနဲ့ အနာဂတ်ပျောက် ရိုးရာလက်ဝှေ့ (အားကစားဆောင်းပါး)

အိမ်နီးချင်းနိုင်ငံရဲ့ မွေထိုင်းတိုက်ခိုက်ရေးအားကစားက အိုလံပစ်မှာ ပါဝင်ခွင့်ရဖို့ ကြိုးစားနေချိန်မှာ ဒူး၊ တံတောင်၊ လက်သီး၊ ခြေထောက်၊ ခေါင်းဆိုပြီး မွေထိုင်းထက် သတ် ၁ သတ်ပိုတဲ့ သတ်ကိုးသတ် ရိုးရာလက်ဝှေ့အနေအထားကတော့ ဆက်လက်ရှင်သန်ရပ်တည်ရေး အရမ်းစိုးရိမ်ရတဲ့ အနေအထားကို ရောက်ရှိနေပါပြီ။ ပြည်တွင်းပွဲတွေ လက်ချိုးရေစရာမရှိလောက်တဲ့အထိ နည်းပါးသွားခြင်းနဲ့အတူ မျိုးဆက်သစ်လက်ဝှေ့သမားတွေအတွက် ကျင်လည်ရာ ကြိုးဝိုင်းတွေလည်း ပျောက်ရှနေပါတယ်။

အလုပ်မရှိ စစ်ထဲဝင်ခဲ့တဲ့ ကပစ စစ်သားတွေရဲ့ လားရာ (အက်ဆေး)

ဇာတိမြေကို နှစ် ဆယ်နဲ့ချီပြီး ပြန်မရောက်တဲ့သူတွေအတွက် ကိုယ့်ဇာတိမြေက လူတချို့နဲ့ မထင်မှတ်ဘဲ ပြန်ဆုံတဲ့အချိန်မှာ ကြုံရတဲ့ခံစားချက်မျိုးပေါ့။ ဒါပေမယ့် ဒီလူနှစ်ယောက်ကို မြင်လိုက်ရတာတော့ အဲ့ဒီလို ခံစားချက်မျိုးအပြင် ကျနေ့ာ်ဇာတိမြေ ကပစတပ်က စစ်သားတွေရဲ့ အဆုံးသတ်ဟာ “ဒီလိုပါလား” ဆိုတဲ့ သံဝေဂမျိုးလို ခံစားချက်ကိုပါ ရလိုက်တယ်။

လက်နက်ကိုင်တဲ့နည်းလမ်းနဲ့ ဖြေရှင်းနေတာဟာ ပညာတတ်နည်းပါးတာကြောင့်လို့ စစ်ခေါင်းဆောင်ပြော

“မဲမသမာမှုကြောင့် နိုင်ငံရေးအရအရေးပေါ်အခြေအနေဖြစ်ပေါ်ခြင်းကို နိုင်ငံရေးနည်းလမ်းအရ ဖြေရှင်းခြင်းမပြုလုပ်ဘဲ လက်နက်ကိုင်အကြမ်းဖက်တဲ့နည်းလမ်းနဲ့ဖြေရှင်းရန် လုပ်ဆောင်လာခြင်းများကြောင့်ပင်ဖြစ်ကြောင်း၊ ထိုသို့ဖြစ်ရခြင်းကို သုံးသပ်ရမည်ဆိုပါက မိမိတို့နိုင်ငံမှာ ပညာတတ်များနည်းပါးခြင်းကြောင့်ဖြစ်တာကိုလည်း တွေ့ရှိရမှာဖြစ်ကြောင်း၊ နိုင်ငံတော်အကျိုးကိုမကြည့်ဘဲ လက်နက်ကိုင်အကြမ်းဖက်မှုများဖြင့် နိုင်ငံတော်ရဲ့အနာဂတ်ကို ဖျက်ဆီးနေကြခြင်းပင်ဖြစ်ကြောင်း”

တောင်ငူလေတပ်ဌာနချုပ်ကို ဒုံးများ၊ ဒရုန်းများဖြင့် ပစ်ခတ်တိုက်ခိုက်

တိုက်ခိုက်ရာမှာ 114 mm ရှော့တိုက်ဒုံး၊ ကာမီကာဇေဒရုန်းတို့နဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တာဖြစ်ပြီး စစ်ကောင်စီရဲ့ လေတပ်ဌာနချုပ်အတွင်း ထိခိုက်၊ သေဆုံး ပျက်ဆီးမှုတွေရှိခဲ့ကာ ကနဦးသတင်းများအရ စစ်‌ကောင်စီတပ်ဖွဲ့ဝင် ၅ဦးထက်မနည်းသေဆုံးပြီး ဒဏ်ရာရသူတွေလည်း ရှိတယ်လို့သိရသလို ထိခိုက်ပျက်စီးမှုများကို အတည်ပြုနေဆဲလို့ သိရပါတယ်။

ပေါင်းတည်မြို့နယ် PDF တွေ စစ်ကြောင်းထိုးရှင်းလင်းခံရတယ်ဆိုတဲ့ သတင်းအမှား (Fact Check)

ပေါင်းတည်မြို့နယ် PDF တွေကို စစ်ကောင်စီစစ်ကြောင်းက စစ်ကြောင်းထိုးရှင်းလင်းပြီး မီးရှို့ခဲ့တယ်ဆိုတဲ့ သတင်းအမှား ပျံ့နှံ့ခဲ့ပါတယ်။

ပြည်မြို့ ရဲတပ်ရင်း ၁၀ က ရဲအလောင်း ၁၇ လောင်းနဲ့ ဒကစ က ဗိုလ်ကြီး ၁ လောင်း အေးငြိမ်းရာသုဿန်မှာ သင်္ဂြိုဟ်ခဲ့

ပဲခူးတိုင်းအနောက်ခြမ်း၊ ပြည်မြို့အခြေစိုက် အမှတ် ၁၀ လုံခြုံရေးရဲတပ်ဖွဲ့ခွဲက ရဲတပ်ဖွဲ့ဝင်အလောင်း ၁၇ လောင်း ဒီကနေ့ ဩဂုတ် ၂၆ ရက် နေ့လယ်ပိုင်းမှာ သင်္ဂြိုဟ်ခဲ့တယ်လို့ သုဿန်အနီးနေထိုင်သူ မြို့ခံတချို့ထံက သိရပါတယ်။

ပြင်ဦးလွင်စစ်ရှောင်တွေထဲမှာ မျောက်ကျောက်ရောဂါ သံသယရှိသူတဦးတွေ့ရှိတယ်ဆိုတဲ့ သတင်းအမှား (Fact Check)

မန္တလေးတိုင်း၊ ပြင်ဦးလွင်မြို့နယ်က စစ်ရှောင်တွေထဲမှာ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီးက အရေးပေါ်အခြေအနေကြေညာထားတဲ့ မျောက်ကျောက်ရောဂါ သံသယရှိသူတဦးတွေ့ရှိတယ်ဆိုတဲ့ သတင်းအမှား ဖေ့စ်ဘုတ်နဲ့ တယ်လီဂရမ်လူမှုကွန်ယက်တွေမှာ ပျံ့နှံ့နေပါတယ်။

One Friday Fights 76 မှာ မြန်မာဖိုက်တာ ၃ ဦးအနိုင်ရ (အားကစားသတင်း)

ဩဂုတ် ၂၃ ရက် ဒီနေ့ညနေမှာ ကျင်းပတဲ့ One Friday Fights 76 ပွဲတွေမှာ အဲမွီ၊ သွေးလင်းထက်နဲ့ သန့်ဇင်တို့နိုင်ပွဲကိုယ်စီရယူနိုင်ခဲ့ကြပြီး အဲမွီနဲ့ သွေးလင်းထက်တို့က ဘောနပ်စ်ဆုဘတ်သုံးသိန်းခွဲစီ သိမ်းပိုက်နိုင်ခဲ့ကြပါတယ်။

တပတ်အတွင်း မြေလတ်သတင်း

- ပဲခူးနဲ့ မကွေးတိုင်းက မြို့နယ်တွေမှာ စစ်တပ်က တပ်သားသစ်စုဆောင်းမှုနဲ့ ငွေကြေးကောက်ခံတာတွေလုပ်နေ - ဒီပဲယင်းမြို့သိမ်းတိုက်ပွဲအတွင်း နိုင်ငံရေးအမှု ၁၇ ဦးအပါ အချုပ်သား ၂၀ ဦးကိုကယ်ထုတ်နိုင် - ခင်ဦးမြို့နဲ့ ထန်းတပင်မြို့တို့မှာ စစ်တပ်ကလေကြောင်းကနေ တိုက်ခိုက်ခဲ့တာကြောင့် ပြည်သူတွေထိခိုက်သေဆုံးပြီး ထွက်ပြေးတိမ်းရှောင်နေ - ပေါင်းတည်က နေအိမ် ၂၁ လုံးကို စစ်တပ်ကမီးရှို့၊ ကား ဆိုင်ကယ်တွေလည်း ပျက်စီး - ဒိုက်ဦးထောင် နိုင်/ကျဥ်းအမျိုးသမီး ၇ ဦး အသက်အန္တရာယ်စိုးရိမ်ရတဲ့အထိ ရိုက်နှက်ခံထားရ - မုံရွာ-ခန္တီးရေကြောင်းတလျှောက် စက်လှေ ၁ စီးကို ကောက်ခံငွေကျပ်သိန်း ၁၀၀ ကျော်ပေးရလို့ စက်လှေ ပြေးဆွဲမှုတချို့ ရပ်နား - စစ်ကိုင်းတိုင်း၊မန္တလေးတိုင်းထဲကကျေးရွာတချို့နဲ့ မုန်းမြို့က စစ်ဘေးရှောင်တွေမှာ တုပ်ကွေးနဲ့အရေပြားရောဂါအတွက် ဆေးဝါးတွေလိုအပ်နေ - ဒီပဲယင်းက စစ်ဘေးရှောင် ၂ သောင်းကျော် စားနပ်ရိက္ခာအရေးပေါ်လိုနေ

ရှမ်း-မန်း စစ်ဆင်းရေးတွင် ကျဆုံးသွားသော ရဲဘော်ကို ဈာပနအခမ်းအနားလုပ် (Photo News)

သြဂုတ် ၁၆ ရက် သပိတ်ကျင်းမြို့နယ်၊ လက်ပံပြန့်ကျေးရွာအနီး မန်းစိန်ဆိုဒ် ကို ထိုးစစ်ဆင်ရာမှာ လေယာဉ်ဗုံးထိမှန်ပြီး ကျဆုံးခဲ့တဲ့ ရဲဘော် သုတ (ခ) ဟိန်းထက်ကိုရဲ့ ဈာပနအခမ်းအနားကို အမှတ် ၁ စစ်ဒေသ၊ ရွှေဘိုခရိုင် ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ အမှတ် ၂၆ တပ်ရင်း တနေရာမှာ သြဂုတ် ၂၂ ရက်က ပြုလုပ်ခဲ့ကြောင်းသိရှိရပါတယ်။

မြန်မာဖိုက်တာ ၅ ဦးအထိ ပါဝင်ထိုးသတ်သွားမယ့် One Friday Fight 76 (အားကစားသတင်း)

ဩဂုတ် ၂၃ ရက် ယနေ့ညနေပိုင်း One Championship က ကျင်းပမယ့် One Friday Fights 76 ပွဲမှာ မြန်မာဖိုက်တာ ၅ ဦးအထိ ပါဝင်ထိုးသတ်သွားမှာ ဖြစ်ပါတယ်။ ဒီပွဲဟာ One က ကျင်းပတဲ့ပွဲတွေမှာ မြန်မာဖိုက်တာ အများဆုံး ပါဝင်ထိုးသတ်ခွင့်ရတဲ့ပွဲစဉ်တခုဖြစ်ပြီး မြန်မာဖိုက်တာအားလုံးဟာ သူတို့ရဲ့သတ်မှတ်ဝိတ်တန်းအတွင်း ဝင်ရောက်နိုင်ခဲ့ကြပါတယ်။

“ငှက်ဖျားရောဂါအတွက် ကွမ်းပင်” (Podcast)

အစာခြေစနစ်ကောင်းမွန်စေဖို့ ကွမ်းရွက်ကိုဘယ်လိုအသုံးပြုရမလဲ။ ရင်ဘတ်အောင့်၊ ရင်ဘတ်နာရောဂါတွေအတွက် ကွမ်းရွက်ဟာ ဘယ်လိုအသုံးဝင်သလဲ။ ကွမ်းရွက်ဟာ သွားနဲ့ခံတွင်းကို ဘယ်လိုအထောက်အကူပြုပါသလဲ။ ကွမ်းရွက်အမှုန့်ဟာ ဘယ်လိုရောဂါတွေကို သက်သာစေသလဲ။ စတာတွေကို နားဆင်ရမှာပါ။

ကလေးမြို့မှာ ဘူးသပိတ်ပြုလုပ်

ဩဂုတ် ၂၁ ရက်ဒီနေ့မှာ လူထုသပိတ်တိုက်ပွဲကို "ဘူးသပိတ်ဆင်နွဲ ဖက်ဆစ်ဖြိုလှဲ"ခေါင်းစဉ်နဲ့ ကလေးမြို့ လူထုတိုက်ပွဲဦးဆောင်ကော်မတီက ဦးဆောင်ပြုလုပ်ခဲ့ပြီး စစ်တပ်ထုတ်ကုန်မှန်သမျှ မသုံးစွဲရေးနဲ့ ဘူးသပိတ်လူထုတိုက်ပွဲအရှိန်မြှင့်တင်ရေး လူထုအသိပညာပေးဟောပြောမှုတွေကို လုပ်ဆောင်ခဲ့ကြပြီး ပြည်သူတွေလည်း ပူပေါင်းပါဝင်ခဲ့ကြပါတယ်။

မြေလတ်ပေးစာ (Podcast)

- အွန်လိုင်းအလုပ်ခေါ်စာကြောင့် အလုပ်သွားလျှောက်ရင်း စစ်တပ်ထဲရောက်သွားသူအကြောင်း။ - အောင်လံ မူလွန်ကျောင်းတကျောင်းက လက်ထောက်မူလတန်းပြဆရာ လူမရှိဘဲ လစာထုတ်စားနေ။ - မြင်းခြံ၊ ရွာစည်ရွာအုပ်ကြီးက ရွာသားတွေကို အတင်းအကြပ်ကင်းစောင့်ခိုင်း။

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10