MLAT

မုံရွာ-ချောင်းဦးလမ်းပိုင်းမှာ စစ်ကောင်စီက ခရီးသွား ပြည်သူတွေကို မိုင်းရှင်းခိုင်း

"မိုင်းကဖြင့် အများကြီးမရှိတော့ပါဘူး။ အခုက ကတ်ကြေးကိုင်ရတဲ့သူက ကိုင်ပြီး မိုင်းကြိုးတွေ တွေ့ရင် ညှပ်ခိုင်းတယ်။ ကတ်ကြေး မရလိုက်တဲ့သူက လမ်းဘေးခြုံထဲက ဒုတ်ကောက်ခိုင်းပြီး မိုင်းရှာထွက်ရတာ။ မိုင်းစမ်းမိရင် သူတို့ကိုပြောတဲ့ စမ်းမိရက်နဲ့ မပြောဘဲနေရင် သူတို့သိတာနဲ့ ပစ်သတ်မယ်လို့က ပြောသေးတာ။"

အမ်းနဲ့ တောင်ကုတ်ကို လက်လွှတ်ရပြီးနောက် ပြည်မြို့ မင်းကြီးတောင်နဲ့ တန့်ကြည့်တောင်မှာ စစ်ကောင်စီ ခံစစ်ပြင်

ပဲခူးတိုင်းအနောက်ခြမ်း၊ ပြည်ခရိုင်၊ ပြည်မြို့ နဝဒေးတံတားနဲ့ ကပ်လျက်တည်ရှိတဲ့ မင်းကြီးတောင်ပေါ်နဲ့ ပန်းတောင်းမြို့နယ် တန့်ကြည့်တောင်ပေါ်မှာ စစ်ကောင်စီက ၁၀၅ မမ၊ ၁၂၀ မမ လက်နက်ကြီးတွေ အထိုင်ချ တပ်ဆင်ထားတယ်လို့ စစ်တပ်နဲ့နီးစပ်တဲ့အသိုင်းအဝိုင်းဆီက သိရပါတယ်။

စည်းရုံးရေးအနေနဲ့ တော်လှန်ရုပ်ရှင်ကို ကျေးရွာ ၁၅ ရွာမှာ လှည့်လည်ပြသ

စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်အတွင်းမှာ လူထုစည်းရုံးရေးအနေနဲ့ တော်လှန်ရေးရုပ်ရှင်ကို ကျေးရွာပေါင်း ၁၅ ရွာမှာ လှည့်လည်ပြသလျက်ရှိတယ်လို့ သိရပါတယ်။

တပ်တွင်းဝေဖန်မှုတွေမြင့်တက်နေချိန် "ဘယ်သူခွဲခွဲဒို့မကွဲ အမြဲစည်းလုံးကြ” ဖို့ စစ်ခေါင်းဆောင်သတိပေး(ရုပ်/သံ)

" ဘယ်သူခွဲခွဲဒို့မကွဲ အမြဲစည်းလုံးမည်ဆိုတဲ့ ဆောင်ပုဒ်အတိုင်း တပ်မတော်သားများနဲ့မိသားစုဝင်များဟာ စုစည်းညီညွတ်ရန် အထူးလိုအပ်တယ်"

တပ်တွင်းဝေဖန်မှုတွေမြင့်တက်နေချိန် "ဘယ်သူခွဲခွဲဒို့မကွဲ အမြဲစည်းလုံးကြ” ဖို့ စစ်ခေါင်းဆောင်သတိပေး ■ တပ်ပြင်စည်းရုံးရေးလည်း အထူးအလေးထားလုပ်ဆောင်ဖို့မှာကြား

" ဘယ်သူခွဲခွဲဒို့မကွဲ အမြဲစည်းလုံးမည်ဆိုတဲ့ ဆောင်ပုဒ်အတိုင်း တပ်မတော်သားများနဲ့မိသားစုဝင်များဟာ စုစည်းညီညွတ်ရန် အထူးလိုအပ်တယ်"

စစ်ကောင်စီစစ်ကြောင်းကို ကြားဖြတ်တိုက်ခိုက်ပြီး ပြန်လာတဲ့ရဲဘော်တွေကို ဂုဏ်ပြုကြိုဆို

"ပြည်သူတွေက ဂုဏ်ပြုကြိုဆိုချင်ပါတယ်ဆိုလို့ ရဲဘော်တွေပြန်ဆုတ်လာတဲ့အချိန် စီစဥ်ပေးလိုက်တာပါ။ ပင်ပန်းခဲ့ကြတာကြာပြီဆိုတော့ တပ်ရင်းမှာလည်း အနားယူဖို့ပြင်ဆင်ထားပါတယ်။"

၃ နှစ်ကျော်တဲ့အထိ အိမ်မပြန်နိုင်သေးတဲ့ စိုင်နိုင်ကွေ့ရွာခံတွေ အမိုးအကာနဲ့ခြုံစောင်တွေ လိုအပ်နေ

ရွာလုံးကျွတ် တိမ်းရှောင်နေခဲ့ရတာဖြစ်ပြီး လူဦးရေ ၁၂၀ ကျော်ဟာ သူတို့ရွာရဲ့ ၂ မိုင်ကျော်အကွာမှာရှိတဲ့ မူး(ရေပေးမြောင်း)ရဲ့ နံဘေးတလျှောက်မှာ တဲတွေထိုးကာ နေထိုင်နေကြရသလို တချို့တွေကလည်း နီးစပ်ရာကျေးရွာတွေနဲ့ ဘုန်းကြီးကျောင်းတွေမှာ နေထိုင်လျက်ရှိတယ်လို့ သိရပါတယ်။

တမူးမှာ စက်သုံးဆီပြတ်လပ်ပြီး ဆိုင်တချို့ပိတ်၊ စက်သုံးဆီဈေးခေါက်ချိုးမြင့်တက်

အိန္ဒိယ-မြန်မာနယ်စပ်၊ စစ်ကိုင်းတိုင်း၊ တမူးမြို့မှာ စက်သုံးဆီပြတ်လပ်ပြီး ဆီဆိုင်တချို့ပိတ်ထားရကာ ဆီဈေးနှုန်းမှာလည်း ခေါက်ချိုးအထိ မြင့်တက်သွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

စစ်တပ်နဲ့ပျူ‌စောထီးစိုးမိုးထားတဲ့ သရက်ကွရွာကို ၃ ရက်အတွင်း တော်လှန်ရေးတပ်တွေတိုက်ခိုက်သိမ်းပိုက် (ရုပ်/သံ) ■ စစ်ကူလာတဲ့စစ်ကြောင်းလည်း တိုက်ခိုက်ခံရပြီး စစ်ကောင်စီဘက်က ၁ ဒါဇင်ကျော်သေဆုံး

မကွေးတိုင်း၊ မြိုင်မြို့နယ်ထဲက စစ်ကောင်စီတပ်ဖွဲ့၀င်တွေနဲ့ ပျူစောထီးတွေစိုးမိုးထားတဲ့ သရက်ကွရွာကို ဒေသခံကာကွယ်ရေးတပ်ဖွဲ့တွေ ပူးပေါင်းကာတိုက်ခိုက်ခဲ့ရာ ၃ ရက်အတွင်း ရွာကိုသိမ်းပိုက်နိုင်ခဲ့တယ်လို့ မြိုင်မြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တာဝန်ရှိသူဆီက သိရပါတယ်။

စစ်တပ်နဲ့ပျူ‌စောထီးစိုးမိုးထားတဲ့ သရက်ကွရွာကို ၃ ရက်အတွင်း တော်လှန်ရေးတပ်တွေတိုက်ခိုက်သိမ်းပိုက်  ■ စစ်ကူလာတဲ့စစ်ကြောင်းလည်း တိုက်ခိုက်ခံရပြီး စစ်ကောင်စီဘက်က ၁ ဒါဇင်ကျော်သေဆုံး

“ပျူစခန်းက ဘန်ကာရှိတဲ့နေရာတွေနဲ့ တရွာလုံးကို ဒရုန်းနဲ့ ဗုံးကြဲချခဲ့တာ။ ဒရုန်း ၉ စီးလောက်နဲ့ ဗုံး ၁၀၀ ကျော်ကြဲချခဲ့တာ၊ ၄ ကြိမ်လောက် ထိတွေ့ တိုက်ခိုက်မှုဖြစ်တယ်။ စစ်ကောင်စီဘက်က လေကြောင်းပစ်ကူ‌လုပ်တာက အကြိမ်ပေါင်းများစွာပဲ။ လေကြောင်းနဲ့ ပစ်တာက ထိတာတွေတော့မရှိဘူး။ လက်နက်ခဲယမ်းနဲ့ ငွေကြေးအနည်းငယ် သိမ်းဆည်းရခဲ့တယ်။"

ပညာတတ်တွေ တပ်ထဲရောက်လာပြီ (ကာတွန်း)

ပညာတတ်တွေ တပ်ထဲရောက်လာပြီ (ကာတွန်း)

ဗိုလ်အောင်ကျော်နေ့ အခမ်းအနားကို မြို့နယ် ၃ ခုမှာ တပြိုင်နက်ထဲ ကျင်းပ

"ကျောင်းသားတွေကို နိုင်ငံရေးအသိ နိုးကြားစေခြင်း၊ ကျနော်တို့နိုင်ငံမှာ သမိုင်းဝင်လှုပ်ရှားမှု‌တွေ၊ ဖိနှိပ်မှုကို တွန်းလှန်တိုက်ထုတ်တဲ့ အရေးအခင်းတွေမှာ ပါဝင်ခဲ့တဲ့‌ ကျောင်းသားတွေရဲ့ အခန်းကဏ္ဍ၊ သူတို့ရဲ့ စိတ်ဓာတ်ကို လက်ရှိကျောင်းသားတွေ သိမြင်နားလည်ပြီး လက်ရှိတော်လှန်ရေးမှာပါ ကျရာအခန်းကဏ္ဍက ပါဝင်လာနိုင်ရေးတွေအတွက် ရည်ရွယ်တယ်"

တပတ်အတွင်း မြေလတ်သတင်း

- ရေလာလေးစခန်းသိမ်းတိုက်ပွဲမှာ စစ်ကောင်စီဘက်က ၆ ဦးသေဆုံးပြီး သုံ့ပန်း ၇ ဦးဖမ်းမိ - မန္တလေးတိုင်းက တိုက်ပွဲရှောင် ဆင်ဦးစီးတွေနဲ့ ဆင်အချို့ကို TNLA ဆီ လွှဲပြောင်း - အမျိုးသမီး ၂ ဦးအပေါ် ကိုယ်ထိလက်ရောက်ကျူးလွန်သူကို ဝိုင်းဝန်းဖယ်ကျဉ်ရန်နဲ့ ထိုက်သင့်တဲ့ ပြစ်ဒဏ်ပေးရန် WAB တောင်းဆို - CDM ရဲတပ်သားရဲ့အကူအညီနဲ့ တမူးပလဖထိန်းသိမ်းထားတဲ့ စစ်သုံ့ပန်း ၃၄ ဦးထွက်ပြေးလွတ်မြောက် - ကနီမှာ လေကြောင်းကြဲခံရလို့ ကျောင်းသား ၃ ဦးအပါ ၅ ဦးသေဆုံး - စစ်ကိုင်းတိုင်း၊ မန္တလေးတိုင်း၊ မကွေးတိုင်းတို့မှာ အမျိုးသားတွေကို စစ်မှုထမ်းဖို့အတွက် အဓမ္မဖမ်းဆီးနေ - ကလေးအကျဉ်းထောင်မှာ အခန်းခ ၃သိန်းထိကောက်ခံပြီး မပေးနိုင်သူတွေကို ဖိနှိပ်ချုပ်ချယ် - အင်းတကော်မှာ မြေအက်ကွဲနိမ့်ဆင်းသွားလို့ နေအိမ်အဆောက်အဦ ၉ လုံးပျက်စီး - လင်းကတောရွာကစစ်ရှောင်တွေ အနွေးထည်နဲ့ စောင်တွေ လိုအပ်နေ၊ ရာသီဥတုကြောင့် သေဆုံးသူတချို့ရှိ

မသေရဲတဲ့ကောင် ထွက်ခဲ့ (ကာတွန်း)

မသေရဲတဲ့ကောင် ထွက်ခဲ့ (ကာတွန်း)

ကနီမှာ PDF ၃၀ နီးပါးသေတယ်လို့ စစ်ကောင်စီထောက်ခံသူတွေ သတင်းအမှားဖြန့် (Fact Check)

စစ်ကိုင်းတိုင်း၊ ကနီမြို့နယ်မှာ PDF ၃၀ နီးပါး သေဆုံးတယ်ဆိုတဲ့ သတင်းအမှား စစ်ကောင်စီထောက်ခံသူတွေရဲ့ တယ်လီဂရမ်လူမှုကွန်ယက်တွေမှာ ပျံ့နှံ့နေပါတယ်။

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10