MLAT

မြေလတ်ပေးစာ (Podcast)

- ပခုက္ကူမှာ ပျူစောထီးတွေထိန်းချုပ်ထားတဲ့ရွာတွေရဲ့အခြေအနေ။ - အောင်လံမြို့က သူငယ်ချင်းတယောက်ရှာဖွေချင်တဲ့စာ။ - CDM ကျောင်းဆရာတယောက်ရဲ့ရင်ဖွင့်စကားသံ စတဲ့ စာတွေကို နားဆင်ရပါမယ်။

"တိုင်းပြည်ကို အမဲဖျက်မယ့် စကစ NCA ပွဲ" (မြင်မိ ကြားမိသမျှ အစီအစဉ်)

မြေလတ်အသံသတင်းဌာနမှ အပတ်စဉ်တင်ဆက်နေတဲ့ ဆောင်းပါးရှင် သခင်နွေရဲ့ မြင်မိ ကြားမိသမျှ အစီအစဉ် ဒီတပတ်မှာ "တိုင်းပြည်ကို အမဲဖျက်မယ့် စကစ NCA ပွဲ" ခေါင်းစဉ်ကို နားဆင်နိုင်ကြပါပြီ။

တပတ်အတွင်း မြေလတ်သတင်း

- ရေလယ်ကျွန်းနယ် နှစ်ရက်ဆက်တိုက်ပွဲ စစ်သားနဲ့ပျူစောထီး အများအပြားသေဆုံး - ရေဦးမှာ ချောင်းရေမြင့်တက်လို့ ကျေးရွာတွေထဲ ရေဝင် - ပဲခူးက ရေဘေးရှောင်ကယ်ဆယ်ရေးစခန်းတွေ ပိတ်သိမ်း - ဆက်ကြေးကောက်ဖို့လာတဲ့ စစ်သားနဲ့ပျူစောထီးတွေ မိုင်းဆွဲခံရလို့ ၂ ဦးသေဆုံး - အရာတော်က PDF တပ်ရင်းတခု စီးနင်းခံရပြီး အမျိုးသမီးရဲဘော် ၁ ဦးအပါအဝင် ၃ ဦးတိုက်ပွဲကျ - ညောင်လေးပင်မှာ ဒေသခံတွေပိုင် နွား၊ ကျွဲ ရာချီကို စစ်ကောင်စီတပ်ဖွဲ့တွေက ရောင်းစားနေဟုဆို - PDF ၂ ဦးနဲ့ အမျိုးသား ၆ ဦးကို စစ်ကောင်စီတပ်က ရက်ရက်စက်စက် သတ်ဖြတ်သွား - ခင်ဦးနယ်က PDF နေထိုင်တဲ့နေရာတွေ စီးနင်းခံရပေမယ့် လူ၊ ပစ္စည်း ဆုံးရှုံးမှုမရှိဟုဆို - ကျောက်ကြီးမြို့နယ် KNU ထိန်းချုပ်နယ်မြေရှိ ကျေးရွာ ၁၈ ရွာက လယ်ဧက ၂၀၀၀ ကျော် ရေနစ်မြုပ်ပျက်စီး - မီးဘေးသင့်ပြည်သူတွေကို ထောက်ပံ့ဖို့ တော်လှန်အနုပညာနဲ့ ရံပုံငွေရှာဖွေနေ - ပေါက်နယ်က ၃ ရက်တာတိုက်ပွဲမှာ စစ်ကောင်စီတပ်သား ၃ ဦးသေပြီး ၁၀ ဦးကျော်ဒဏ်ရာရ

"ပဲခူးတိုင်းထဲက မျှော်လင့်ချက်မဲ့ လယ်ယာကဏ္ဍ”

မေလအတွင်းကလည်း မိုခါမုန်တိုင်းဝင်ရောက်ခဲ့မှုကြောင့် မြန်မာနိုင်ငံ နေရာဒေသတော်တော်များများက လယ်ယာစိုက်ပျိုးရေးလုပ်ငန်းတွေ အထူးသဖြင့် မကွေးတိုင်းနဲ့ ရခိုင်ပြည်နယ်အတွင်းမှာ မိုးစပါးအတွက် မျိုးစေ့အပါအဝင်၊ လယ်ယာသီးနှံစိုက်ခင်းတွေ၊ ရိတ်သိမ်းခါနီး နွေစပါးအများအပြား ပျက်ဆီးဆုံးရှုံးခဲ့ရပါတယ်။

"လူတယောက် ကျည်တထောင့်မှန်မှ ဖြစ်မယ်ဆိုတဲ့ အသေခံရဲမေ" (အမျိုးသမီးကဏ္ဍ)

ပုလဲနယ်က အသက် ၂၆ နှစ်အရွယ် မေသူဆိုတဲ့ အမျိုးသမီးဟာ စစ်ကိုင်းတိုင်းထဲမှာ စစ်ကောင်စီက အရပ်သားပြည်သူတွေကို ရက်ရက်စက်စက် ဖမ်းဆီးသတ်ဖြတ်နေတာတွေကို တွေးကြောက်ပြီး ထွက်ပြေးနေမယ့်အစား တော်လှန်ရေးမှာ တထောင့်တနေရာကနေ ဝင်ပါမယ်လို့ ဆုံးဖြတ်ချက်နဲ့ ၂၀၂၂ ခုနှစ် မှာ စစ်ကိုင်းတိုင်းအခြေစိုက် သခင်ဒေါင်းညိုပြောက်ကျားတပ်ဖွဲ့ထဲကို ရောက်လာခဲ့တာ ဖြစ်ပါတယ်။

"ကျည်ဆံရော သေနတ်ပါမှန်သူ”

အောက်တိုဘာ ၁ရက်က အရာတော်မြို့နယ်ထဲမှာရှိတဲ့ စစ်တပ်ဂိတ်တခုကို ဝင်ရောက်တိုက်ခိုက်တဲ့ပွဲမှာ ရဲဘော်ကျားပေါက်တယောက် တိုက်ခိုက်နေရင်း နဖူးကို ကျည်ရှပ်ထိခဲ့ပါတယ်။

“မျက်စိနာရောဂါနှင့် လက်တကမ်းဆေးပညာ” (Podcast)

မျက်စိနာရောဂါ ဘာကြောင့်ဖြစ်ရသလဲ။ အုန်းဆီ၊ နှမ်းဆီ၊ ပျားရည်တို့နဲ့ မျက်စိနာရောဂါကို ဘယ်လို ကုသလို့ရသလဲ။ မျက်စိနာရောဂါ သက်သာဖို့အတွက် ရှားစောင်းလက်ပတ်နဲ့ မာလကာရွက်ကို ဘယ်လိုအသုံးပြုရမလဲ ဆိုတာတွေကို နားဆင်ရမှာပါ။

ချွင်းချက်မရှိသည့် သတင်းမီဒီယာကျင့်ဝတ် (အယ်ဒီတာ့ အာဘော်)

တော်လှန်ရေးကာလဖြစ်ခြင်းကြောင့်ဟူ၍လည်း ချွင်းချက်ထားကာ သတင်းများကို ဘက်လိုက်ရေးသားမည် မဟုတ်ဘဲ သတင်းမီဒီယာကျင့်ဝတ်များကို အစဉ်လက်ကိုင်ထားကာ သတင်းများကို ကြိုးစားတင်ဆက်သွားမည်ဖြစ်ကြောင်း ကျွနှ်ပ်တို့မြေလတ်အသံက ထပ်လောင်းပြောကြားအပ်ပါသည်။

"ဖအေကျော် ပထွေးလွမ်းတဲ့ မအလ" (မြင်မိ ကြားမိသမျှ အစီအစဉ်)

မြေလတ်အသံသတင်းဌာနမှာ အပတ်စဉ်တင်ဆက်နေတဲ့ ဆောင်းပါးရှင် သခင်နွေရဲ့ မြင်မိ ကြားမိသမျှ အစီအစဉ် ဒီတပတ်မှာတော့ "ဖအေကျော် ပထွေးလွမ်းတဲ့ မအလ" ခေါင်းစဉ်ကို နားဆင်နိုင်ကြပါပြီ။

အညာစစ်တွင်း ခရီးသည် (ခရီးသွားဆောင်းပါး)

အညာဒေသကို ခရီးထွက်မယ်ဆိုတော့ စာရေးသူအတွက် စွန့်စားခန်းတခုလိုပါပဲ။ သွားရာလမ်းတလျှောက်မှာ အခန့်မသင့်ရင် အဖမ်းခံရနိုင်သလို မီဒီယာတွေပေါ်မှာ အမြဲတွေ့နေရတဲ့အညာဒေသက စစ်ဖြစ်နေတဲ့ဒေသဖြစ်လို့ စစ်ကြောင်းတွေ ဝင်ထွက်နေတာကြောင့် အချိန်မရွေး ကိုယ်တိုင် အန္တရာယ်ကြုံတွေ့နိုင်ပါတယ်။ အာဏာသိမ်းပြီးနောက် ပထမဆုံးအကြိမ် ထွက်ဖြစ်တဲ့ ခရီးလည်းဖြစ်သလို စစ်ဒဏ်ကို ခံစားနေရတဲ့ အညာဒေသက လူတွေရဲ့ဘဝကို မျက်မြင်တွေ့ရမှာမို့ ဆိုရှယ်မီဒီယာပေါ်မှာတွေ့နေကျ မီးလောင်ပြင် ပြာပုံဖြစ်နေတဲ့အိမ်တွေ၊ သောကတွေနဲ့ ပြေးလွှားနေတဲ့ ရွာသားတွေကိုတွေ့ခဲ့ရင် စာရေးသူအနေနဲ့ အားပေးစကား ဘာတွေပြော‌ပေးရမလဲ၊ စစ်ဒဏ်ကြောင့် အညာဒေသကြီး ဘယ်လောက်ပျက်စီးနေပြီလဲဆိုတဲ့ အတွေးတွေနဲ့ ကားပေါ်မှာ လိုက်ပါလာခဲ့ပါတယ်။

တပတ်အတွင်း မြေလတ်သတင်း

- သရေခေတ္တရာကို လျှပ်စစ်ရထားဆွဲမယ့် မင်းအောင်လှိုင်ရဲ့အိပ်မက် တနှစ်ပြည့်တဲ့အထိ အကောင်အထည် မဖော်နိုင်သေး - ပဲခူးရေကြီးတဲ့သတင်း - ပခုက္ကူက ထွက်လာတဲ့ စစ်ယာဉ်တန်း ၄ ရက်တာတိုက်ခိုက်ခံရပြီး ၂ ဦးသေ ၉ ဦးဒဏ်ရာရ - ပေါက်နယ်က Non CDM တွေကို တလအတွင်း CDM လုပ်ဖို့ ပေါက်ပကဖ သတိပေး - စစ်ကိုင်း-မြစ်ကြီးနားရထား ပြန်ဆွဲဖို့ကြိုးစားတဲ့ စစ်ကောင်စီ ဝက်လက်မြို့ကိုပင် မရောက်နိုင်သေး - ခင်ဦးမှာ စစ်ကောင်စီတပ် ၁ ရက်တည်း ၃ ကြိမ် တိုက်ခိုက်ခံရ - ဆေးခန်းပြပြီး ပြန်လာတဲ့ ဘုန်းကြီးကားကို လှတောရဲစခန်းက သိမ်းယူ - နေအိမ်တွေက ပစ္စည်းယူပြီးထွက်လာတဲ့ စစ်တပ်က စစ်ကြောင်းထပ်ထိုးလို့ ဒေသခံသောင်းနဲ့ချီ ထွက်ပြေးရ - လှတောတိုက်နယ်ရဲစခန်း စီးနင်းခံရပြီး စစ်ကောင်စီတပ်သား ၇ ဦးသေဆုံး - မြောင်မြို့နယ်မှာ ဆရာများနေ့အဖြစ် သစ်ပင်စိုက်တာနဲ့ ဖန်တီးမှုစွမ်းရည်ပြပွဲတွေ ပြုလုပ် - ချောင်းဦးမှာ တော်လှန်ရုပ်ရှင်ပြသပြီး ဦးကျော်မိုးထွန်းကို သံအမတ်အဖြစ် ထောက်ခံဆန္ဒထုတ်ဖော်ထုတ်

“စားသုံးဆေးဝင် သရက်ပင်”

ဆီးချိုသွေးချိုရောဂါတွေသက်သာအောင် သရက်ရွက်အရင့်ကို ဘယ်လိုသုံးမလဲ။ သွားကိုက်၊ သွားဖုံးသွေးယိုစတဲ့ရောဂါတွေအတွက် သရက်ပင်ရဲ့ဘယ်အစိတ်အပိုင်းနဲ့ ကုသလို့ရသလဲ။ ခြေဖဝါးကွဲအက်ဒဏ်ရာတွေကို သရက်စေးနဲ့ ဘယ်လိုကုသနိုင်သလဲဆိုတာတွေကိုနားဆင်ရမှာပါ။

အညာလမ်းမများပေါ် ဓားပြတွေ သောင်းကျန်းနေသည် (သတင်းဆောင်းပါး)

အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်၏ စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် အညာဒေသ ကားလမ်းမများပေါ်တွင် ဗြောင်ကျကျ ဓားပြတိုက်မှုများလုပ်ဆောင်နေသည်ဟု ခရီးသွားပြည်သူများ၊ ကုန်သည်များနှင့် မော်တော်ယာဉ်မောင်းများက ပြောသည်။ စစ်ကောင်စီတပ်သားများသည် ခရီးသွားများကို ကိုယ်ရေးအချက်အလက် စစ်ဆေးသည့်အခါ လိုသည်ထက် ပိုမိုစစ်ဆေးမေးမြန်းခြင်းများကြောင့် အညာတွင် မဖြစ်မနေ ခရီးသွားရသူများနှင့် ယာဉ်မောင်းများသည် စစ်ကောင်စီဂိတ်များဖြတ်ရတိုင်း အကြောက်တရားဖြင့် ရင်ဆိုင်နေရသည်ဟု ဆိုကြသည်။ စစ်ဆေးရေးဂိတ်များတွင် စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက အကြောင်းပြချက်မျိုးစုံပြကာ ခရီးသွား ပြည်သူနှင့် ယာဉ်မောင်းများထံမှ ဓားပြတိုက်သလို ငွေကြေးတောင်းခံမှုများ ပြုလုပ်ကြသည်။

ဒုဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်းနဲ့ ဗိုလ်မှူးချုပ် ရန်နောင်စိုးတို့ကို စစ်တရားရုံးနဲ့ ထောင်တသက်တကျွန်းချ (ရုပ်/သံ)

အဂတိကျော်ဇောမှုနဲ့ ဖမ်းဆီးထိန်းသိမ်းခံထားရတဲ့ ဒုဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်းနဲ့ ဗိုလ်မှူးချုပ် ရန်နောင်စိုးတို့ကို ထောင်ဒဏ်နှစ် နှစ်ဆယ်ကာလနဲ့ ညီမျှတဲ့ တသက်တကျွန်းပြစ်ဒဏ်ချမှတ်တယ်လို့ စစ်တပ်ပိုင်မြဝတီမီဒီယာမှာ အောက်တိုဘာ ၁၀ ရက် ညပိုင်းမှာ ထုတ်ပြန်လိုက်ပါတယ်။

ဒုဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်းနဲ့ ဗိုလ်မှူးချုပ် ရန်နောင်စိုးတို့ကို စစ်ကောင်စီက စစ်တရားရုံးနဲ့ ထောင်တသက်တကျွန်းချ

အဂတိကျော်ဇောမှုနဲ့ ဖမ်းဆီးထိန်းသိမ်းခံထားရတဲ့ ဒုဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်းနဲ့ ဗိုလ်မှူးချုပ် ရန်နောင်စိုးတို့ကို ထောင်ဒဏ်နှစ် နှစ်ဆယ်ကာလနဲ့ ညီမျှတဲ့ တသက်တကျွန်းပြစ်ဒဏ်ချမှတ်တယ်လို့ စစ်တပ်ပိုင်မြဝတီမီဒီယာမှာ ဒီနေ့ အောက်တိုဘာ ၁၀ ရက် ညပိုင်းမှာ ထုတ်ပြန်လာပါတယ်။

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10