MLAT

စစ်ဘေးရှောင်မိသားတစ်စုရဲ့ စစ်ရှောင်ဒုက္ခအတွေ့အကြုံများ (ဆောင်းပါး)

အသက်ဘေးကလွတ်ဖို့ ရွာကိုစွန့်ခွာရပြီဖြစ်တဲ့ မမီးငယ်ဟာ အသက် ၆၀ ကျော် မိခင်ကို ဆိုင်ကယ်အနောက်မှာတင်ကာ သူရင်ခွင်နဲ့ ဆိုင်ကယ်လက်ကိုင်ကြားထဲမှာ ငါးနှစ်အရွယ်သမီးငယ်ကို ခွတင်လိုက်ပါတယ်။ တခြားဆိုင်ကယ်တစ်စီးမှာတော့ အသက် ၁၄ နှစ်အရွယ် သူ့သားကြီးက ဆိုင်ကယ်မောင်းပြီး ၁၀ နှစ်အရွယ် သူ့သားငယ်က နောက်ကထိုင်ကာ ဗုံးသံ၊ သေနတ်သံတွေ ဟိန်းဟိန်းညံနေတဲ့ သူတို့ရွာကို တခြားသူတွေနည်းတူ စွန့်ခွာခဲ့ကြပါတော့တယ်။

ရမခ သိမ်းပိုက်နိုင်မှု ကရင်နီ၊ ကရင်နဲ့ ချင်း ERO တွေ ဂုဏ်ပြု

“လားရှိုးမြို့တွင် အခိုင်အမာတပ်တည်ဆောက်ထားသည့် အာဏာသိမ်းစစ်တပ်၏ အရှေ့မြောက်ပိုင်းစစ်ဌာနချုပ် (ရမခ) ကို ၂၀၂၄ ၊ ဩဂုတ်လ ၃ ရက်နေ့တွင် အောင်မြင်စွာဖြင့် သိမ်းပိုက်လိုက်သည့်အတွက် ညီနောင်တော်လှန်ရေးအဖွဲ့အစည်းများဖြစ်သော KNPP, KNU နှင့် CNF တို့က လွန်စွာအားရနှစ်သက်ပြီး ဝမ်းသာဂုဏ်ယူပါကြောင်း သိစေအပ်ပါသည်”

ဒုတိယဗိုလ်ချုပ်ကြီး နီလင်းအောင် ကို ပြည်ထဲရေးဒုဝန်ကြီးနဲ့ရဲချုပ်ရာထူးမှ ဖြုတ်ချ၊ ဒုရဲချုပ် ၁ ရဲဗိုလ်ချုပ် ဝင်းဇော်မိုး ကို ရဲချုပ်အဖြစ် ခန့်အပ်

“ ရဲချုပ်ရာထူးက ဒုဝန်ကြီးတွဲကိုင်တာဆိုပေမယ့် ခုသတင်းထွက်နေတာ ဒုချုပ်(ရဲဒုချုပ်) ၁ ရဲချုပ် ဖြစ်မယ်လို့ ထွက်နေတာ။ ဒုဝန်ကြီးအတွက်က တပ်ကတယောက်လာမယ်လို့လည်း ကြားတယ်။ ဘယ်သူတွေရောက်မလဲတော့ ဒီနေ့မှ အမိန့်ထွက်မှာ”

အောင်ပွဲရ MDYPDF ရဲဘော်များကို စဉ့်ကူးပြည်သူများမှ ကြိုဆို (Photo News)

မန္တလေးတိုင်း၊ စဉ့်ကူးမြို့ကို သိမ်းပိုက်ပြီးနောက် စဉ့်ကူးပြည်သူများမှ အောင်ပွဲရတော်လှန်ရေးရဲဘော်များအား ကြိုဆိုဂုဏ်ပြုနေသည့် မြင်ကွင်းများကို ပြည်သူ့ကာကွယ်ရေးတပ်မတော်(မန္တလေး) MDYPDF က ယမန်နေ့ ဩဂုတ် ၃ ရက် ညပိုင်းတွင် ထုတ်ပြန်သည်။

အာဂျင်တီးနားပြိုင်ဘက်နဲ့ ထိုးသတ်သွားမယ့် ဘရော်နီကာ (အားကစားသတင်း)

ဘရော်နီကာနဲ့ ဖလော်ရန်စီယာတို့ ပါဝင်ထိုးသတ်သွားမယ့် မွေထိုင်းပြိုင်ပွဲကို ယနေ့ ဩဂုတ် ၄ ရက် မြန်မာစံတော်ချိန် ညနေ ၅း၃၀ မှာကျင်းပသွားမှာဖြစ်ပြီး THAI FIGHT OFFICIAL Youtube Channel မှာ တိုက်ရိုက်ကြည့်ရှုနိုင်မှာဖြစ်ပါတယ်။

တပတ်အတွင်း မြေလတ်သတင်း

- ထီးလင်းမြို့နယ်က သံဃာတော်တွေစုပေါင်းပြီး စစ်ကောင်စီကို ပတ္တနိက္ကုဇ္ဇန ကံဆောင်သပိတ်မှောက် - မင်းကင်းနယ်က NUG စာသင်ကျောင်း လေယာဉ်ဗုံးကြဲခံရပြီး အရပ်သား ၁ ဦး သေဆုံး ၄ ဦး ဒဏ်ရာရ - မြစ်မခမြစ်ရေတက်ပြီး တံတားတံစင်းပျက်စီးသွားလို့ ရေဘေးသင့်သူတွေကိုကယ်ဆယ်ရေး အခက်တွေ့ - ကိုဗစ်ကာလနဲ့ အာဏာသိမ်းပြီးနောက်ပိုင်း မကျင်းပနိုင်တဲ့ ရိုးရာနတ်ပွဲ ပြန်လည်ကျင်းပ - နေရာအနှံ့ ရေကြီးရေလျှံဖြစ်နေချိန် ကောလင်းအနောက်ခြမ်းမှာ မိုးခေါင်ရေရှားနေလို့ လွန်ဆွဲပွဲ ပြုလုပ် - စစ်တပ်ကစစ်ကြောင်းထိုးလာလို့ ချင်းတွင်းမြစ်ကမ်းဘေးက ဒေသခံ ၁ သောင်းကျော် ထွက်ပြေးရ - ကျောင်းပြန်ကလေးတွေကို စစ်တပ်က ရဟတ်ယာဉ်နဲ့လိုက်ပစ် - ပဲခူးမှာ အိမ်ခေါင်မိုးနစ်မြုပ်တဲ့အထိရေကြီးနေပြီး ရေဘေးသင့်ပြည်သူ သောင်းချီအထိမြင့်တက်

မှော်ဘီလေတပ်မှာ ရဟတ်ယာဉ် ၁ စီးပျက်ကျပြီး လေတပ်ဗိုလ်ချုပ် ၁ ဦးအပါ ၂ ဦး သေဆုံး

ရဟတ်ယာဉ်ဟာ စတင်ပျံသန်းစဉ်မှာပင် ပျက်ကျခဲ့တာဖြစ်ပြီး သေဆုံးသူတွေဟာ တောင်ပိုင်းတိုင်း လေတပ်ကွပ်ကဲရေးမှူး ဗိုလ်ချုပ် စိုးတင်လတ်နဲ့ ရဟတ်ယာဉ်မောင်းနှင်သူ လေတပ်အရာရှိ ၁ ဦးတို့ဖြစ်ကာ နောက်ထပ်လေယာဉ်မှူး ၁ ဦးနဲ့ ရဟတ်ယာဉ်ပေါ်ပါ စစ်ကောင်စီတပ်ဖွဲ့ဝင် ၁ ဦး ဒဏ်ရာရရှိတယ်လို့ ဆိုပါ တယ်။

သပိတ်ကျင်းမြို့နယ်၊ ချောင်းကြီးရဲစခန်းကို PDF တွေ အပြီးသတ်သိမ်းယူ

"ချောင်းကြီးရပါပြီ။ အလောင်း၊ လက်နက်တွေလည်း ရထားတယ်လို့ သိရပါတယ်။ အသေးစိတ်တော့ မသိရသေးပါဘူး"

ကလေးမှာ ၁၀၂၇ စစ်ဆင်ရေး ကြိုဆိုထောက်ခံပွဲပြုလုပ် (Photo News)

စစ်ကိုင်းတိုင်း၊ ကလေးမြို့မှာ ၁၀၂၇ စစ်ဆင်ရေး(ဒုတိယလှိုင်း)ကို ကြိုဆိုထောက်ခံပွဲနဲ့ သွေးစည်းညီညွတ်ရေး လူထုလှုပ်ရှားမှုတို့ကို ပြုလုပ်ခဲ့ပါတယ်။

“အမြင်အာရုံဆုံးရှုံးမှုကို လျှော့ချနိုင်တဲ့ ရွှေဖရုံ” (Podcast)

ရွှေဖရုံသီးရဲ့အမျှင်ဓာတ်ဟာ ဘယ်လိုရောဂါတွေကို သက်သာစေသလဲ။ အစာအိမ်၊ ရင်သားနဲ့ အူမကြီးကင်ဆာတွေ ဖြစ်နိုင်ခြေလျှော့ချဖို့ ရွှေဖရုံသီးကို ဘယ်လိုစားသုံးရမလဲ။ ရွှေဖရုံစေ့ဟာ ဘယ်လိုရောဂါတွေကို သက်သာစေသလဲ။ ရွှေဖရုံပင်မှာရော ဘေးထွက်ဆိုးကျိုးရှိပါသလား စတာတွေကို နားဆင်ရမှာပါ။

မန္တလေးမြို့မှာ စက်သုံးဆီပြတ်လပ် ဆီဆိုင်ကြီးများအပြင် လမ်းဘေးဆိုင်တွေပါ ပိတ်ထားရ (ရုပ်/သံ)

ယခင်စက်သုံးဆီပြတ်လပ်မှုတွေမှာ လမ်းဘေးဆီဆိုင်တွေမှာ စျေးပိုပေးပြီး ဆီဖြည့်လို့ရပေမယ့် အခု တော့ ဆိုင်အကြီး၊အသေးအားလုံးနီးပါးမှာ ပြတ်ကြတာလို့ မြို့ခံတဦးက ပြောပါတယ်။

အရေးပေါ်ကာလ ၆လသက်တမ်းကို ၆ကြိမ်မြောက်ထပ်တိုး

စစ်ကောင်စီက ဒီကနေ့ ဇူလိုင်လ ၃၁ ရက် မနက်ပိုင်းမှာ ကာကွယ်ရေးနဲ့လုံခြုံရေးကောင်စီ(ကာလုံ) အစည်းအဝေးခေါ်ယူပြီး အရေးပေါ်ကာလသက်တမ်း နောက်တကြိမ် ၆ လ တိုးမြှင့်ကြောင်း ကြေငြာလိုက်ပါတယ်။

မတ္တရာနယ်က စစ်တပ်အထိုင်စခန်း ၇ ခုကို ထပ်သိမ်း၊ ဆက်လက်တိုက်ပွဲပြင်းထန်နေ

"မနေ့ကအထိ လေကြောင်းနဲ့ တအုန်းအုန်းလာကြဲနေတုန်းပဲ။ စစ်ကားတွေလည်း တောက်လျှောက်သွားတယ်။ ကျောက်တံတားဘက်ကနေတော့ လေယာဥ်ကြဲတဲ့အသံရော၊ လက်နက်ကြီးသံရော ကြားနေရတယ်"

မြေလတ်ပေးစာ (Podcast)

- ဝက်ထီးကန်တိုက်နယ်ထဲက နာမည်ကြီးနေတဲ့ ဖဲဝိုင်းအကြောင်း၊ - ပေါက်ခေါင်းမြို့၊ ကြိုးကာရွာက အုပ်ကြီးနဲ့ဒလန်ဟာ လူငယ်တွေကို ဘယ်လိုဒုက္ခပေးနေလဲ၊ - သရက်မြို့က စစ်မှုထမ်းစာရင်းပါသူတွေကို သတိပေးထားတဲ့စာ။

စစ်ကောင်စီက ဖျက်ဆီးဖို့ကြိုးစားနေတဲ့ ရခိုင်ပြည်က လူမျိုး/ဘာသာ ငြိမ်းချမ်းရေး (ဆောင်းပါး)

ရခိုင်ပြည်နယ်မှာ နယ်မြေအများအပြား လက်လွတ်ဆုံးရှုံးခဲ့ရတဲ့ စစ်ကောင်စီဟာ ရခိုင်နဲ့ ဘင်္ဂါလီ/ရိုဟင်ဂျာတွေကြားက တိုးတက်ကောင်းမွန်လာတဲ့ဆက်ဆံရေးကို ထိခိုက်ပျက်စီးစေပြီး လူမျိုးရေးပဋိပက္ခဖြစ်အောင် တမင်ဖန်တီးတာဖြစ်တယ်လို့ ဒေသခံပြည်သူတွေ၊ ရခိုင်အရေးစောင့်ကြည့်လေ့လာသူတွေက ဆိုပါတယ်။

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10