MLAT

မြေလတ်ပေးစာ (Podcast)

- တောင်ငူခရိုင်၊ အုတ်တွင်းမြို့နယ်က စခန်းမှူးတဦး ပြည်သူကိုဘာတွေလုပ်နေလဲ။ - မန္တလေးက ဆီဆိုင်တွေ ဆီရောင်းမပေးကြတဲ့အကြောင်း။ - PDF ဂိတ်တွေဟာ ပြည်သူ့ရေယာဉ်တွေဆီက အခွန်ကောက်နေတာလား၊ ဆက်ကြေးကောက်နေတာလား ဆိုတဲ့ စာတွေကို နားဆင်ရပါမယ်။

"လမ်းပျောက်နေတဲ့ မအလရဲ့ လျှပ်စစ်ရထားကြီး" (မြင်မိ ကြားမိသမျှ အစီအစဉ်)

မြေလတ်အသံသတင်းဌာနမှာ အပတ်စဉ်တင်ဆက်နေတဲ့ ဆောင်းပါးရှင် သခင်နွေရဲ့ မြင်မိ ကြားမိသမျှ အစီအစဉ် ဒီတပတ်မှာတော့ "လမ်းပျောက်နေတဲ့ မအလရဲ့ လျှပ်စစ်ရထားကြီး" ခေါင်းစဉ်ကို နားဆင်နိုင်ကြပါပြီ။

တပတ်အတွင်း မြေလတ်သတင်း

- ၅၀၀၄ တပ်ရင်းနားက စစ်ဆေးရေးဂိတ် ဝင်ပစ်ခံရလို့ အနည်းဆုံး ၄ဦးသေပြီး လက်နက် ၃လက်ရရှိ - မုံရွာမှာ စစ်တပ်ဆရာဝန် ဗိုလ်ကြီးကို PDF က ဖမ်းဆီးရမိ - ပေါင်းတည်မြို့နယ်မှာ စစ်ကောင်စီက လုံခြုံရေးအပြည့်နဲ့ လူဦးရေစာရင်းကောက်နေ - ပြည်သူတွေကို ဖမ်းဆီးရိုက်နှပ်နေတဲ့ ခလရ ၂၅၃ က စစ်သားတွေ ဒရုန်းနဲ့ဗုံးကြဲခံရ - ဝေါက ကျေးရွာ ၃ ရွာကို စစ်တပ်က အဝင်အထွက်ပိတ်ထားလို့ ဒေသခံတွေ အခက်တွေ့ - ချောင်းဦးနယ်က PDF တပ်ဖွဲ့ဝင် ၁၀ ဦးအသတ်ခံရတာ မဟုတ်ဘူးလို့ ပကဖ ငြင်းဆို - ဒီပဲယင်းမှာ ကျေးရွာပကဖ ၁ ဦးကို စစ်တပ်က အပိုင်းပိုင်းခုတ်ဖြတ်၊ အမျိုးသား ၂ ဦးကို ဖမ်းဆီးသွား - မုံရွာစီးပွားရေးတက္ကသိုလ်အနီးက စစ်တပ်ဂိတ်တိုက်ခိုက်ခံရလို့ ၄ ဦးသေ ၂ ဦး ဒဏ်ရာရ - ပျူစောထီး မလုပ်ချင်လို့ ကာလရှည်ကြာ အိုးအိမ်စွန့်ခွါ ရှောင်တိမ်းနေသူတွေကို ငွေကြေးထောက်ပံ့ - တိုက်ပွဲနားချိန်မှာ ပြည်သူအကျိုးပြုလုပ်ငန်းတွေ ကူညီလုပ်ပေးနေတဲ့ YPDF တပ်ဖွဲ့ - ဆီနဲ့လက်နက်တွေ သယ်လာတဲ့ စစ်ရေယာဉ် ၉ စီး ချင်းတွင်းမြစ်အတွင်း တိုက်ခိုက်ခံရ

"စပါးစိုက်ပြီး ဆန်ကွဲကိုဝယ်စားနေရတဲ့ လယ်သမားတွေ များလာတဲ့ မြန်မာနိုင်ငံ" (လူမှုစီးပွား)

အာဏာသိမ်းမှုရဲ့ နောက်ဆက်တွဲ နိုင်ငံရေး မတည်ငြိမ်မှုများ၊ အလုပ်အကိုင်ရှားပါးမှုနဲ့ ကုန်ဈေးနှုန်း အစမတန် ကြီးမြင့်မှုတွေကြောင့် ယခုလို ဆန်ဝယ်မစားနိုင်လို့ ဆန်ကွဲတွေကို ဝယ်စားနေရ‌တဲ့အထဲမှာ မြေလတ်ဒေသက လယ်ယာလုပ်သားဦးကြီးတွေပင်မကဘဲ မြန်မာပြည်ရဲ့ ဆန်အိုးကြီးဖြစ်တဲ့ ဧရာဝတီတိုင်းအတွင်းက လယ်ယာလုပ်သားအချို့တွေပင် ဒီလိုအဖြစ်တွေကြုံနေရတယ်လို့သိရှိရပါတယ်။ ဒါတွေကို ဒီတပတ် မြေလတ် ဒေသ လူမှုစီးပွား အစီအစဉ်မှာ ကလောင်ရှင် ဒိအာကာ (မြေလတ်အသံ) က စုစည်းတင်ဆက်ပေးထားပါတယ်။

“ရေစီးကမ်းပြိုရောဂါနှင့် လက်တကမ်းဆေးပညာ”

ရေစီးကမ်းပြိုရောဂါဘာကြောင့်ဖြစ်ရသလဲ။ ရေစီးကမ်းပြိုရောဂါကို သဖန်းခေါက်၊ ဂျာမဏီရွက်တို့နဲ့ ဘယ်လိုကုလို့ရသလဲ။ အုန်းသီးကင်းနှင့် ကွမ်းသီးကင်းတွေဟာ ရေစီးကမ်းပြိုရောဂါကို ဘယ်လိုသက်သာစေသလဲ ဆိုတာတွေကို နားဆင်ရမှာပါ။

"အနီးဆုံးရန်သူတွေဝိုင်းနေတဲ့ မအလ" (မြင်မိ ကြားမိသမျှ အစီအစဉ်)

မြေလတ်အသံသတင်းဌာနမှာ အပတ်စဉ်တင်ဆက်နေတဲ့ ဆောင်းပါးရှင် သခင်နွေရဲ့ မြင်မိ ကြားမိသမျှ အစီအစဉ် ဒီတပတ်မှာတော့ "အနီးဆုံးရန်သူတွေဝိုင်းနေတဲ့ မအလ" ခေါင်းစဉ်ကို နားဆင်နိုင်ကြပါပြီ။

တပတ်အတွင်း မြေလတ်သတင်း

မြေလတ်ဒေသအတွင်းက တပတ်တာအတွင်းဖြစ်ပျက်ခဲ့တဲ့ သတင်းတွေထဲက သတင်းအချို့ကို ကောက်နုတ်တင်ဆက်ပေးထားပါတယ်။

“ဆေးဖက်ဝင် တောင်မရိုးပင်”

တောင်မရိုးပင်ဟာ ခန္ဓာကိုယ်ဖောရောင်ခြင်းကို ဘယ်လိုကုသနိုင်သလဲ။ ငှက်ဖျားရောဂါဖြစ်ရင် တောင်မရိုးပင်နဲ့ ဘယ်လိုကုသနိုင်သလဲ။ တောင်မရိုးရွက်ရေနွေးကြမ်းဟာ ဘယ်လိုရောဂါတွေကို သက်သာစေသလဲဆိုတာတွေကိုနားဆင်ရမှာပါ။

"အခွန်အခနဲ့ လည်ပင်းညှစ်ခံရပြန်တဲ့ နှမ်းတောင်သူတွေ" (လူမှုစီးပွား)

နှမ်းစိုက်တောင်သူတွေခမျာ ရာသီဥတုဘေး၊ စစ်ဘေး၊ ကုန်ဈေးနှုန်းကြီးမြင့်မှု စတဲ့ စိန်ခေါ်မှုတွေကြားက ဘယ်လောက်ပင် ကြိုးစားစိုက်ပျိုးခဲ့ကြပေမယ့် ယခုနှစ် အထွက်နှုန်း ဘယ်လိုရှိမလဲ၊ နှမ်းပေါ်ချိန်မှာရော တကယ် ရသင့်ရထိုက်တဲ့ နှမ်းဈေးနှုန်းတွေ ရကြရဲ့လား၊ ဘာတွေအခက်အခဲရှိနေကြလဲ စတာတွေကို ဒီတပတ် မြေလတ် ဒေသ လူမှုစီးပွား အစီအစဉ်မှာ ကလောင်ရှင် ဒိအာကာ (မြေလတ်အသံ) က စုစည်းတင်ဆက်ပေးထားပါတယ်။

မြေလတ်ပေးစာ (Podcast)

“မြေလတ်ဒေသတွင်းက ပြည်သူတွေရဲ့စကားသံတွေကို ကိုယ်စားပြုဖတ်ကြားပေးမယ့် ပေးစာအစီအစဉ်ဖြစ်ပါတယ်။”

"ဘုရားပြီး တပ်ပျက်" (မြင်မိ ကြားမိသမျှ အစီအစဉ်)

မြေလတ်အသံသတင်းဌာနမှာ အပတ်စဉ်တင်ဆက်နေတဲ့ ဆောင်းပါးရှင် သခင်နွေရဲ့ မြင်မိ ကြားမိသမျှ အစီအစဉ် ဒီတပတ်မှာတော့ "ဘုရားပြီး တပ်ပျက်" ခေါင်းစဉ်ကို နားဆင်နိုင်ကြပါပြီ။

တပတ်အတွင်း မြေလတ်သတင်း

- ခက်ခဲကြမ်းတမ်းတဲ့ အခြေခံစစ်သင်တန်းမှာ အမျိုးသမီးရဲဘော်က အသန်မာဆုံးဆု ရရှိခဲ့ - နတ်တလင်းနဲ့ ပေါင်းတည်က ပြည်သူ့စစ်သင်တန်းဆင်းတွေ မိသားစုရဲ့အမြင်မကြည်လင်မှုနဲ့ ရင်ဆိုင်ကြရ - ဒဏ်ရာနဲ့ တရက်ကြာပျောက်နေတဲ့ အသေခံတပ်ကြပ်ကြီးကို ပြန်လည်ကယ်ထုတ်နိုင်ခဲ့ - စစ်ရေးလှုပ်ရှားမှုတွေ စိပ်လာတဲ့ ပဲခူးတိုင်းမှာ စစ်ကောင်စီက ပြည်သူ့စစ်တွေကို လက်နက်တွေ တပ်ဆင်ပေး - စစ်ကိုင်းနဲ့ မကွေးမှာ ဖုန်းလိုင်းနဲ့ အင်တာနက်ကို ဘယ်လိုသုံးနေရလဲ - ပြည်သူပိုင်အိမ်တွေကို ကင်းစခန်းလုပ်ထားတဲ့ စစ်အုပ်စု တိုက်ခိုက်ခံရ - ပဲခူးတိုင်းထဲက ဆိုင်တွေမှာ စစ်တပ်ထုတ်ကုန်တွေ မရောင်းရင် ဆိုင်ပိတ်ရမယ်လို့ စစ်ကောင်စီ ခြိမ်းခြောက် - စိုက်ပျိုးရေးသုံး ပုလဲဓါတ်မြေဩဇာကို တော်လှန်ရေးဆက်စပ်ပစ္စည်းဆိုပြီး စစ်ကောင်စီက သိမ်းဆည်းကာ လူကိုပါဖမ်းနေ - မြောင်နယ်က ထွက်လာတဲ့စစ်ကြောင်း ကြားဖြတ်တိုက်ခံရလို့ ၄ ဦးသေဆုံး - ရွာ ၂ ရွာကို မီးရှို့ပြီးထွက်လာတဲ့ စစ်ကောင်စီ သင်္ဘော ၁ စီးနစ်မြုပ် - မြောင်မှာ သောင်းနဲ့ချီတဲ့ စစ်ရှောင်တွေ စားနပ်ရိက္ခာနဲ့ ဆေးဝါးအကူအညီလိုအပ်

“မီးယပ်သွေးဆုံးခြင်းနှင့် လက်တကမ်းဆေးပညာ”

မီးယပ်သွေးဆုံးချိန် လက္ခဏာများ။ မီးယပ်သွေးဆုံးခြင်းကို ထိန်းချုပ်နိုင်ဖို့ လက်တကမ်းက ဆေးဝါးတွေအကြောင်း။ မီးယပ်သွေးဆုံးချိန်မှာပေါ့ဆရင် နောက်ဆက်တွဲဆိုးကျိုးတွေဘာတွေဖြစ်နိုင် သလဲဆိုတာကို နားဆင်ရမှာပါ။

အင်မထီးပျူစခန်းကနေ ကလေးငယ် ၁၁ ဦးအပါ မိသားစု ၄ စု ထွက်ပြေးလွတ်မြောက်ခဲ့တဲ့သတင်းအပါအဝင် တပတ်အတွင်းသတင်းများ (Podcast)

ပဲခူးတိုင်းထဲမှာ စစ်ကောင်စီတပ်သားတွေအလင်းဝင်တဲ့သတင်း၊ အင်းတော်မှာ လေယာဥ်နဲ့ ပစ်ခတ်ခဲ့လို့ ကျောင်းထိုင်ဘုန်းကြီး ပျံလွန်၊ ကပ္ပိယ ၁ ဦးသေဆုံးတဲ့သတင်း၊ ပေါ်တာဆွဲဖမ်းဆီးသွားတဲ့ ပြည်သူ ၆ ဦးထဲမှ ၄ ဦးကိုသာ စစ်တပ်ကပြန်လွှတ်ပေးတဲ့သတင်းနဲ့အခြားသတင်းတွေကို နားဆင်ရမှာပါ။

"စူဇကာ စစ်ဆင်ရေးဘက်လှည့်လာတဲ့ စူဇကာ ဂျပု" (မြင်မိ ကြားမိသမျှ အစီအစဉ်)

မြေလတ်အသံသတင်းဌာနမှာ အပတ်စဉ်တင်ဆက်နေတဲ့ ဆောင်းပါးရှင် သခင်နွေရဲ့ မြင်မိ ကြားမိသမျှ အစီအစဉ် ဒီတပတ်မှာတော့ "စူဇကာ စစ်ဆင်ရေးဘက်လှည့်လာတဲ့ စူဇကာ ဂျပု" ခေါင်းစဉ်ကို နားဆင်နိုင်ကြပါပြီ။

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10