လေတပ်ကစစ်သားကို ထိုးကြိတ်ခဲ့တဲ့ ရဲတပ်ဖွဲ့ဝင်တွေကို ဖမ်းဆီးထားပြီး တာဝန်မှူးနဲ့ စခန်းမှူးကို စုံခုံဖွဲ့စစ်ဆေးနေ
"စခန်းတခုလုံးတော့မဟုတ်ဘူးလို့သိရတယ်။ အဲ့ဒီနေ့က တပ်ကလူကိုဝိုင်းထိုးတဲ့ထဲမှာပါတဲ့ သူတွေတော့ အချုပ်ကျနေတယ်။ စခန်းမှူးနဲ့အဲ့ဒီနေ့က တာဝန်ကျတာဝန်မှူးနဲ့ကိုတော့ ဗီဒီယိုဖိုင်ရိုက်တဲ့ကိစ္စနဲ့ စခန်းထဲရန်ဖြစ်တာကြောင့် အုပ်ချုပ်မှုလျော့နည်းဖြစ်စဥ်နဲ့ စုံ/ခုံ (စုံစမ်းစစ်ဆေးရေးခုံရုံး) ဖွဲ့ထားတယ်။ စုံ/ခုံပြီးလို့ သက်/ချုပ်(သက်သေခံအကျဥ်းချုပ်) ထွက်လာမှ သူတို့ကိုဖမ်းချုပ်သင့်/မသင့်ဆိုတာမျိုး ဆက်သွားမှာ"