MLAT

စစ်အာဏာသိမ်းပြီးနောက်ပိုင်း မကွေးဒေသအချို့ စက်ယန္တယားများဖြင့် သစ်ခိုးခုတ်မှုပိုများလာ

"အရင်က သစ်တောကငွေယူပေမဲ့ လမ်းဖောက်မခံဘူး။ လက်ဖောက်လမ်းနဲ့ သစ်ထုတ်ရတာ။ အခုက အင်ဂျင်ပါဝါကောင်းတဲ့ စက်ယန္တရားကြီးတွေနဲ့ဆွဲတယ်။ အတက်တွေကားမတက်နိုင်ရင် သူနဲ့ဆွဲတင်တယ်။ တင်ဖို့ချဖို့က ကရိန်းကားအသေးတောင်ရှိတယ်။ လမ်းကလည်း ဖောကားပေါ်တင်လာတဲ့ဘက်ဟိုးအသေးနဲ့ဖောက်တော့ လမ်းကရှယ်ဘဲ"

၁ လနီးပါး စစ်ကြောရေးမှာ ဖမ်းဆီးထားသူ ၂ ဦးကို စစ်ကောင်စီ ၅၀၅(က)ဖြင့် တရားစွဲ

"စစ်သားဖက်က ဘယ်သူစွဲတာလဲဆိုတာကိုတော့ မသိရသေးဘူး။ လာမယ့် ဇူလိုင်လ ၁၆ ရက်နေ့ကို ရုံးချိန်းလိုက်ပါတယ်။ ဒီလို ထောင်ဒဏ်အများကြီး ချမှတ်နိုင်တဲ့ ပုဒ်မတွေနဲ့ တရားစွဲလိုက်တဲ့အပေါ်မှာတော့ ဝမ်းနည်းရတာကလွဲရင် ဘာမှမပြောတတ်တော့ပါဘူး။ အပြစ်မရှိတဲ့သူတွေကို ဒီလိုလုပ်တာဟာ လုံးဝမတရားပါဘူး"

လက်ပံတန်း ဖြူစင်လူငယ်ပရဟိတအသင်းဥက္ကဌကို စစ်ကောင်စီ ထောင်ဒဏ် ၁၀ နှစ်ချ

"လက်ပံတန်းမှာဗုံးကွဲတာတွေနဲ့ပတ်သက်ပြီး PDF နဲ့ပတ်သက်တယ်ဆိုပြီး စွပ်စွဲပြီး ဖမ်းသွားတာ။ ကျနော်တို့သိသလောက်ကတော့ ဒီဗုံးကွဲတာတွေနဲ့ သူနဲ့ဘာမှမပတ်သက်ဘူး။ ဒလန်က ဖမ်းခိုင်းတာနဲ့ဖမ်းသွားတာ။ မနေ့ကထောင်တရာရုံးမှာဘဲ အကြမ်းဖက်ပုဒ်မနဲ့ ဆယ်နှစ်ချလိုက်တယ်ဆိုတာသိရတယ်"

လုံခြုံရေးကိုတာဝန်မယူဘဲ နာဂဒေသကို စေလွှတ်ရန်ပြင်ဆင်မှု စစ်ဆရာဝန်တွေ ကြောက်လန့်နေ

"လုံလ် ဖြစ်စဥ်မှာ စခန်းအသိမ်းပိုက်မခံရခင်၂ ရက်က "နမခ"ကို လုံခြုံရေးတောင်းတယ်။ မပေးနိုင်ဘူး။ "နမခ" က မပေးနိုင်လို့ လုံလ်စခန်းကျသွားတယ်လို့လဲ သိရပါတယ်။ တပ်မတော် ဆရာဝန် ၂ ဦး သေဆုံးမှုမှာလဲ လုံလောက်တဲ့ လုံခြုံရေးမပေးနိုင်ပါဘဲ၊ အခုနှစ်မှာလည်း နာဂဒေသ ကိုသွားဖို့ ၊ တပ်မတော်ကဆရာဝန်တွေကို စာရင်းကောက်ခံလျက်ရှိပါတယ်"

ဂန့်ဂေါမှာ စစ်တပ်ကမီးရှို့လို့ အိမ်ခြေ ၆၈၀ မီးထဲပါပြီး ရွာပေါင်း ၁၆ ရွာမှ ပြည်သူ ၂ သောင်းကျော် စစ်ဘေးရှောင်နေရ

"ကျနော်တို့စစ်တမ်းကောက်ထားတာကတော့ ဂန့်ဂေါမြို့နယ်မြောက်ပိုင်းက ကျေးရွာတွေကို စစ်တပ်က အရမ်းဖိတာများပါတယ်။ မီးရှို့တာ ၁၆ ရွာရှိပါပြီ၊ အိမ်ခြေပေါင်းက ၆၈၀ ရှိပါပြီ၊ စစ်ဘေးရှောင်နေရတဲ့လူဦးရေက ၂ သောင်းကျော်ရှိပါပြီ၊ ခက်ခက်ခဲခဲ တောတောင်တွေထဲမှာရှောင်နေရတာများပါတယ်။ ကျနော်တို့ ဒီဘက်မှာဆိုရင် စစ်တပ်ကမီးရှို့တာကြောင့် ပြန်စရာအိမ်လည်းမရှိတော့လို့ တောထဲမှာပဲ မိုးကာတဲထိုးပြီး အခြေချနေရတဲ့မိသားစုတွေလည်းတော်တော်လေးများနေပါတယ်"

မန်ပန်ဌာနေပြည်သူ့စစ်အဖွဲ့ဝင်တဦး သေနတ်နဲ့ပစ်သတ်ခံရ ပွဲချင်းပြီးသေဆုံး

"ညရှစ်နာရီကျော်လောက်က သေနတ်သံတချက်ကြားလိုက်တယ်။ ဘယ်သူဘယ်အဖွဲ့က ပစ်တာလဲဆိုတာတော့ မသိဘူး။ သူ့အိမ်ထဲအထိကားနဲ့ဝင်လာပြီး ‌ပစ်သွားပုံအရဆိုရင် ဓာတ်သိ‌တွေထဲကလို့ပဲထင်ရတယ်။ ငွေရေးကြေးရေးစီးပွားရေးကြောင့်လား၊ ရန်ငြိုးရန်စကြောင့်လားဆိုတာတော့ မပြောတတ်ဘူး"

တပ်တွင်းအရှုပ်တော်ပုံကိစ္စတွေနဲ့ ဒု-စစ်ခေါင်းဆောင်စိုးဝင်း လာရောက်စစ်ဆေး၊ တိုင်းမှူးလာတယ်လို့သတင်းလွှင့်

"မနေ့ညနေပိုင်း ပြည်ကအပြန် ဝင်လာတာ။ ခလရ (၁) ထဲ ညအိပ်တယ်လို့တောင်သိရတယ်။ ခုရက်ပိုင်း တပ်မ ၆၆ က လိုင်းပေါ်မှာသတင်းတွေ တအားပြန့်နေတာကြောင့် လာစစ်တာဖြစ်နိုင်တယ်။ ပြီးတော့ ၆၆ က ကရင်နီမှာကျတာရော၊ CDM ရော တအားများနေတာ၊ လုံးပါးပါးနေပြီ။ နောက်ပြီး တပ်ရင်းမှူးကတော်ကိစ္စလည်း ပါမယ်ထင်တယ်။ အခုအဲ့ဒီတပ်ထဲကို ဘယ်သူမှပေးမဝင်ဘူး''

၂ ရက်အတွင်း စစ်တွေမြို့နှင့် ပုဏ္ဏားကျွန်းမြို့မှ အရပ်သား ၂၉ ဦးကို စစ်ကောင်စီဖမ်းဆီးထားဟု AA ပြော

ပြီးခဲ့သည့် ဇွန်လ ၂၃ ရက်နှင့် ၂၄ ရက်နေ့တို့တွင် စစ်တွေမြို့မှ စစ်ကောင်စီက ဖမ်းဆီးထားသည့် အပြစ်မဲ့အရပ်သား ၂၁ ဦးရှိပြီး၊ ၎င်းတို့ထဲတွင် အသက် ၁၈ နှစ်မပြည့်သေးသော လူငယ် ၃ ဦး ပါဝင်သည်ဟု ဇွန်လ ၂၅ ရက်နေ့တွင် AA က ထုတ်ပြန်ထားသည်။

လူထုကြား စိုးရိမ်မှုမြင့်လာတဲ့ ရခိုင်ကလူဖမ်းပွဲ

လက်ရှိတွင်လည်း စစ်ကောင်စီတပ်နှင့် ရက္ခိုင့်တပ်တော်(AA)တို့အကြား တိုက်ပွဲဖြစ်ပွားခြင်းမရှိသေးပေ။ သို့သော် မြောက်ပိုင်း မြို့တချို့တွင် တပ်နှစ်ခုအကြား အပြန်အလှန်လူဖမ်းပွဲကျင်းပနေသည်ကို တွေ့ရှိနေရသည်။ ရက္ခိုင့်တပ်တော်(AA)ဖက်မှ စစ်ကောင်စီ၏အရာရှိပုဂ္ဂိုလ်၊ တပ်ဖွဲ့ဝင်များနှင့် ရဲတပ်ဖွဲ့ဝင်များကို နေ့စဥ်ရက်ဆက် ဖမ်းဆီးလာနေသည်။ စစ်ကောင်စီဖက်မှလည်း ၎င်းတို့ဖက်မှတဦးပါသွားခဲ့လျှင် အရပ်သားပြည်သူအများအပြား ကိုလိုက်လံဖမ်းဆီးနေသည်။

ဇနီးဖြစ်သူရဲ့ လောကီအစီအရင်တွေကြောင့် ခလရ (၁) တပ်ရင်းမှူး တိုက်ပွဲကျသွားတာလား

"တပ်ရင်းမှူးက နိုဝင်ဘာလမှာဘဲ နောက်တန်းကို ခဏပြန်ရောက်လာတယ်။ အဲ့ဒီလထဲမှာဘဲ ချက်ချင်း ကယား(ကရင်နီ)ပြည်နယ်ကို စစ်ဆင်ရေးပြန်ထွက်ရတယ်။ သူထွက်သွားတဲ့နောက်ပိုင်း တပ်ရင်းမှူးကတော်က လက်ပံတန်းက အောက်လမ်းဆရာတယောက်ဆီမှာ သူ့စစ်ဝတ်စုံနဲ့ သူသေအောင်ဆိုပြီး အစီအရင်တွေ လုပ်တယ်။ သူ့အိမ်မှာရှိတဲ့ ဂမုန်းပင်မှာလည်း အောက်လမ်းဆရာခိုင်းတဲ့အတိုင်း "ကျော်ဇေယျ တိုက်ပွဲကျပါစေ" ဆိုတဲ့စာသားကိုရေးပြီး အစီအရင်လုပ်တယ်"

မင်းလှက စစ်သား သားသမီးတွေကို စစ်သင်တန်းတက်ခိုင်းပြီး၊ သေနတ်ပစ်နိုင်သေးတဲ့ စစ်မှုထမ်းဟောင်းတွေ ကင်းစောင့်နေရ

"ခလေးသေးသေးတွေလောက်ဘဲ မတက်ခိုင်းတာ၊ သေနတ် မ(သယ်)နိုင်တဲ့အရွယ်မျိုးလောက်ကနေစပြီး စစ်သင်တန်းတက်ခိုင်းတယ်။ ခလေးတွေကို​တော့ ကင်းစောင့်ခိုင်းတာမျိုးတော့ မတွေ့ဘူး။ စစ်သင်တန်းဘဲ သက်သက်တက်ခိုင်းတာမျိုးဖြစ်မယ်"

ပေါက်ခေါင်းမြို့ပေါ်မှာ စစ်ဘေးရှောင်တွေရှိမရှိ စစ်ကောင်စီက ရှာဖွေစစ်မေးမှုတွေလုပ်နေ

"ဘုန်းကြီးကျောင်းတို့ သတင်းရတယ်ဆိုတဲ့ အိမ်တွေကို စစ်ကားတွေနဲ့ လာမေးကြတယ်ကြားတယ်။ အိမ်ရှင်တွေစစ်ဆေးခံနေရတယ်။"

ရခိုင်တွင် စစ်ကောင်စီနှင့် AAတို့ အပြန်အလှန်ဖမ်းဆီးမှုများ ဆက်တိုက်ပြုလုပ်နေ

"ပုဏ္ဏားကျွန်းမြို့ပေါ်က ‌ဒေသခံတွေကို ဖမ်းဆီးနေ‌တော့ လုပ်ကိုင်စားသောက်ဖို့ အခက်အခဲရှိနေကြတယ်။ လုံခြုံရေး အတွက်လည်း စိတ်ချရမှုမရှိဘူး။ တချို့လူတွေဆို ဖမ်းဆီးစစ်ဆေးခံရတဲ့အပြင် ဆေးရုံမှာတင်ပြီးတော့ ဆေးကုသနေရတယ်လို့သိရတယ်။ အဲဒါကြောင့် ဒီဖြစ်စဥ်နဲ့ပတ်သက်လို့ သက်ဆိုင်ရာ အာဏာပိုင်တွေဖက်က ဖမ်းဆီးစစ်ဆေးမှုတွေကို မလုပ်ဖို့အစိုးရကို တိုက်တွန်းတောင်းဆိုပါတယ်"

ပြည်မြို့က လူငယ်တဦး ဖရူဆိုမြို့က ရှေ့တန်းတနေရာမှာ ကျဆုံး

" တပ်ရင်းမှာလဲအားကိုးရတယ်သူက၊ လေ့ကျင်းခန်းတွေဆိုလဲသူများတွေထက်ပိုပြီးအပင်ပန်းခံလုပ်တတ်တာ၊ သူ့ဆိုအကုန်လုံးကချစ်ကျခင်ကျတယ်၊ နေရင်ပေါတောတောနဲ့ ရုပ်ကလဲဂျပန်ရုပ်တရုပ်ထဲပဲ၊ စိတ်ညစ်စရာရှိရင်တော့တယောက်ထဲပဲအမြဲဖြေရှင်းတတ်တယ်၊ သူများတွေကိုဒုက္ခမပေးချင်လို့တဲ့၊ ခုနောက်ပိုင်းမှ သူအိမ်ကိုလွမ်းတဲ့အကြောင်းနဲ့ ထုတ်လုပ်ရေးရောက်သွားတဲ့အကြောင်းပြောပြတာ"

PDF တပ်ခွဲမှူးဖြစ်လာသူ စိတ်ကျန်းမာရေးဆိုင်ရာဒေါက်တာ ဆရာတမာ

အာဏာသိမ်းမှုအပြီး ဆန္ဒပြသူတွေကို စစ်ကောင်စီက ပစ်ခတ်ဖြိုခွင်းဖမ်းဆီးမှုတွေ နေ့စဉ်ပြုလုပ်လာပြီး CDM ဆရာဝန်တွေ ကို လိုက်လံဖမ်းဆီးတာ၊ အမှုဖွင့်ထောင်ချတာ၊ ဆ/မ လက်မှတ်တွေရုတ်သိမ်းတာတွေ နိုင်ထက်စီးနင်းဆိုသလို ဆက်တိုက်ပြုလုပ်လာတဲ့ ၂၀၂၁ ခုနှစ် ဧပြီလထဲမှာပဲ ဆရာတမာဟာ တောခိုဖို့ဆုံးဖြတ်ပြီး အဆက်အသွယ်ရရှိဖို့ တလလုံးစောင့်ဆိုင်းနေခဲ့ရတဲ့နောက် မေလလယ်ရောက်မှပဲ တောတွင်းတနေရာက PDF စခန်းငယ်လေးဆီ ကိုရောက်ရှိခဲ့ပါတယ်။

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10