MLAT

ကျောက်ကြီးတိုက်ပွဲကို စစ်ကူလာတဲ့ ဒု-တပ်ရင်းမှူးအပါ ၃ ဦးသေဆုံးပြီး ၁၀ ဦးခန့်ဒဏ်ရာရ

"တိုက်ပွဲက ၇ ရက်နေ့က ထိတွေ့မှုနည်းနည်းပေါ့။ ၈ ရက်နေ့မနက် ၁ နာရီလောက်ကစပြီး တောက် လျှောက် တနေကုန်ဖြစ်နေတာ။ သူတို့(စစ်ကောင်စီတပ်) အင်အားက ၇၀ လောက်ရှိတာ။ ဟိုဘက်က တအားများတယ်။ အဲ့တာကို ရွှေကျင် ၃၅၀ တပ်က စစ်ကူလာတာ စနိုက်ဘာမှန်တာ အဲ့ဒီဗိုလ်မှူးက ။ ၃ ယောက်သေတယ်။ ဒဏ်ရာရာတာက ၁၀ ယောက်လောက်ရှိမယ်"

ရခိုင်တွင် စိုက်ပျိုးရေးခက်ခဲမှုကြောင့် နိုင်ငံခြားသို့ ငွေအဆမတန်ပေး တရားမဝင်ထွက်သူများ

"ကျွန်မတို့မှာက လယ် ၂ဧကရှိပါတယ်။ ဒါပေမဲ့ မိုးမရွာလို့ ၁ ဧကတောင် ထွန်လို့မပြီးသေးဘူး။ စိုက်ပျိုးထားတဲ့ စပါးခင်းတွေဆိုရင်လည်း မြေတွေအက်ကွဲလို့။ စပါးအပင်တွေတောင် မထွက်သေးတဲ့ လယ်ကွက်တွေရှိတယ်။ ပြီးတော့ ဓာတ်မြေဩဇာဈေးကလည်း ဈေးတက်တယ်လေ။ ဒီတော့ လယ်လုပ်လို့မစားရတော့ဘူး။ နိုင်ငံခြားကို အလုပ်သွားလုပ်တော့မယ်ဆိုပြီး ထွက်သွားတာပါ"

မွတ်စလင်များကို ပွဲစားလုပ်သည်ဟုဆိုကာ အမ်းဒေသခံတဦးကိုစစ်ကောင်စီဖမ်းဆီးသွား

"စစ်သားတွေက ရွာကို ကားနှစ်စီးနဲ့လာကြတယ်။ ကျနော့်ကိုခေါပြီးတော့ ဥဩအိမ်ကို လိုက်ပို့ဆိုပြီးပြောတယ်။ ဥဩအိမ်ကိုရောက်တော့ သူက ကုလားတွေကို နိုင်ငံခြားကိုပို့နေတယ်ဆိုပြီး ပြောတယ်။ ဖမ်းတယ်။ ကျနော်ကတောင် သူက အဲဒီအလုပ်မလုပ်ဘူး။ကျနော်အာမခံပါတယ်လို့တောင် ပြောလိုက်သေးတယ်။ ဒါပေမဲ့မရဘူး။ စစ်သားတွေကတော့ ပြောသွားတယ်။ သူ့ကို စစ်ဆေးမေးမြန်းပြီးရင်တော့ ပြန်လွတ်ပေးမယ် လို့ပြောတယ်"

ပဲခူးရိုးမအစပ်က ပြည်သူတွေ ပူးပေါင်းခြင်းမရှိရင် နေအိမ်တွေကို မီးရှို့မယ်လို့ စစ်ကောင်စီခြိမ်းခြောက်

"တောင်ခြေရွာတွေက ကြောက်လို့ ထွက်ပြေးတဲ့ အိမ်တွေမှာနေပြီး မွေးထားတဲ့ ကြက်တွေ ဝက်တွေ အကုန်ချက်စားတယ် ဆိုင်ကယ်တွေဆို သပ်သပ်ယူကိုသွားတာ ၅စီးရှိပြီ ရိက္ခာဆိုလဲ ဆိုင်တွေမဖွင့်ရဲတော့ဘူး ဝိုင်းအုပ်စုထဲက တာဝါတိုင်ရွာ ကန့်နီရွာ၊ မြေပြာရွာ ချောင်းစောက်ရွာ ကိုင်းချိုကြီးရွာ အဲဒီ ၅ရွာကို သူတို့ဘက်မပါရင် မီးရှို့ပစ်မယ်လို့ စစ်တပ်က ရွာထဲမှာ ခြိမ်းခြောက်တာ က.ပ.စတပ်ရယ် စစ်သားဟောင်းတွေရယ် ပျူတွေရယ် ပါတယ်လေ"

နှမ်းအငှားရိတ်ဖို့ ပိုက်ဆံမတတ်နိုင်တဲ့ တောင်သူတွေကို PDF များက ကူရိတ်ပေးခဲ့

" တောင်သူတွေမှာ စိုက်ပျိုးရတာမှာ အဆင်ပြေတဲ့နေရာပြေတယ်၊ တချို့ပျူစောထီးရွာတွေနဲ့နီးတဲ့နေရာမှာဆိုစိုက်ပျိုးလို့မရဘူး၊ အခုလိုကူညီရိတ်သိမ်းပေးတာကို သူတို့အနေနဲ့တော့ဝမ်းသာတယ်ပေါ့၊ အခုအချိန်မှာငှားရန်းဖို့လည်းပိုက်ဆံမရှိကြဘူး၊ ငှားဖို့တတ်နိုင်တယ်ဆိုတောင်မှရိတ်သိမ်းဖို့အတွက်လူတွေခေါ်လို့မရနိုင်တဲ့အနေအထားပါ၊ကျနော်တို့ကလည်းတတ်နိုင်တဲ့ဘက်ကနေပြီးတော့မှ ကာယအားနဲ့တတ်နိုင်သလောက်ဝိုင်ပြီးတော့ကူညီပေးကြတာပါ"

ကလေးမှာ ၂ ရက်ဆက်တိုက် တိုက်ပွဲဖြစ်ပွားပြီး PDF ၃ ဦးကျဆုံးကာ ၁၇ ဦး ဒဏ်ရာရ

"လက်နက်ကြီးကြောင့်မဟုတ်ဘဲ သေနတ်ကျည်ဒဏ်ရာကြောင့်လို့ပဲ ကနဦး ခန့်မှန်းထားပါတယ်။ သက်ဆိုင်ရာ တပ်ရင်း တပ်ဖွဲ့ဆီကနေ အတည်ပြုချက်ရမှ သိရမှာပါ"

ပလက်ဝတွင် စစ်ကောင်စီ၏ လက်နက်ကြီးကျရောက်ပေါက်ကွဲမှုကြောင့် ကျောင်းသား ၂ ဦးသေဆုံးပြီး၊ ၃ ဦးဒဏ်ရာရရှိ

"စစ်လှေက တုံးမဝရွာစာသင်ကျောင်းကနေ ကျောင်းဆင်းလာတဲ့ ကျောင်းသားတွေကို ကြိုလာတာ။ ကျောင်းဆင်းလို့ ရွာကိုပြန်တဲ့အချိန်မှာ လက်နက်ကြီးကျလို့ ကျောင်းသားနှစ်ယောက်ကတော့ အဲဒီလှေထက်မှာဘဲ သေသွားခဲ့တယ်။ ကျောင်းလုပ်သားတစ်ယောက်၊ နောက် ထပ်ကျောင်းသားနှစ်ယောက်ကတော့ ဒဏ်ရာရသွားတယ်။ တယောက်ကတော့ လည်ပင်းမှာ လက်နက်ကြီးစဝင်သွားတယ်။ နောက်တယောက်မှာ လက်တဖက်ပြတ်သွားတယ်။ ကျောင်းလုပ်သားမှာတော့ ခြေထောက်တဖက်ပြတ်သွားတယ်။ ကျောင်းသားတွေကတော့ ဘယ်ရွာက ဆိုတာကို မသိရသေးဘူး။"

စစ်ကောင်စီဖမ်းသွားတဲ့ အုပ်ချုပ်ရေးမှူး ၂ဦးပါ ၁၀ဦး ၂ပတ်ကြာတဲ့အထိ သတင်းအစမရလို့ မိသားစုတွေ စိုးရိမ်နေ

"စစ်သားတွေ ဖမ်းသွားတဲ့နေ့ကစလို့ ဒီနေ့ ဒီအချိန်ထိ ကျွန်မယောကျ်ားနဲ့ပတ်သက်လို့ ဘာတခုမှ မသိရ၊မကြားရဘူး။ ဘယ်နေရာမှာရောက် လို့ရှိနေမလဲ။ သတ်ပစ်ပြီလား၊မသတ်သေးဘူးလား အရမ်းသိချင်ပါတယ်။ ကိုယ်နဲ့သိတဲ့လူတွေ ကိုလည်း ဖုန်းဆက်မေးတယ်။ သူတို့များသိမလားလို့ ဒါပေမဲ့ ဘာတခုမှမထူးပါဘူး။ ကျွန်မ ယောင်္ကျား သေသွားပြီဆိုရင်လည်း သေပြီ။ မသေးသေးဘူးဆိုရင်လည်း ဘယ်နေရာမှာရောက်ထား ထားတယ်ဆိုတာလည်းပဲ သိချင်နေမိပါတယ်။"

အကြမ်းဖက်စစ်အုပ်စု အထူးသံတမန် ပရက်ဆော့ခွန်း

အရင့်အရင်တုန်းက ပရက်ဆော့ခွန်းလို့ပြောလိုက်ရင် ကမ္ဘောဒီးယားနိုင်ငံခြားရေးဝန်ကြီးမှန်း မသိကြသူများပေမဲ့ အာဆီယံအထူးသံဖြစ်လာပြီးနောက် မြန်မာနိုင်ငံထဲလာလိုက်၊ မင်းအောင်လှိုင်နဲ့ လေကြောဖြောင့်လိုက်၊ မြန်မာပြည်သူတွေ ကိုစော်ကားလိုက်နဲ့ အခုတော့ ပရက်ဆော့ခွန်းဆိုရင် မြန်မာပြည်သူတွေထဲ အော့နှလုံးနာစရာ ချဉ်ပတ်အဖြစ်နဲ့ လူသိများလာခဲ့တယ်။

ပေါင်းတည်က ပဲခူးရိုးမအစပ်မှာ စစ်ကောင်စီက လေယာဥ်နှစ်စီးဝဲပျံပြီး ​စစ်ကူပို့နေ

"မနက်ကလေယာဥ် ၂ စီးပေါ်မှာ စစ်သားတွေက လက်နက်တွေကို မြေပြင်ကို ချိန်ပြီး ဝဲနေတယ် တော်တော်ကြာတယ် ရွာတွေဖက်ကလည်း ကြောက်လို့ ရှောင်နေကြတာ အခုတော့ လေယာဥ်ပျံတာမျိုး မရှိတော့ဘူး "

နတ်တလင်းမှာ အထိနာတဲ့ စစ်ကောင်စီ အင်အားထပ်ဖြည့်နေ

"လောလောဆယ်က စစ်ကောင်စီဘက်က အင်အားထပ်ဖြည့်လာတာရှိပါတယ် ဘယ်တပ်ကလည်း ဆိုတာကတော့ မသိရဘူး အခုဆို သူတို့မှာ အင်အား ၅၀ လောက်တော့ ရှိမယ်"

အောင်လံမြို့နယ်က စစ်တပ်သတင်းပေးဆိုသူတဦး အသံတိတ်အသတ်ခံရ

" သူအပါအဝင်လေးဦးကို ၆၊၃၊ ၂၀၂၂ရက်နေ့မှာ သတိပေးစာထုတ်ပြန်ပီးသတိပေးခဲ့ပါတယ်၊ လေးလကြာစောင့်ကြည့်ပြီးစကစနဲ့ပူးပေါင်းမှု မရပ်တာကြောင့်ရှင်းခဲ့တာပါ၊ ဇူလိုင်(၁၉)အာဇာနည်နေ့မှာ လှီးဓားနဲ့ရှင်းခဲ့တာပါ"

ဇူလိုင် ၁၉ မှာ အာဏာရှင်ဆန့်ကျင်ရေးအလံတော် တလူလူလွှင့်

ကျနော်တို့နေ့တွေဟာ သွေးသံတရဲရဲ။ ကျနော်တို့ဘဝတွေ ရုန်းကန်အော်ဟစ်။ ဒီနေ့ထိတိုင် ဘုရားသခင်ဟာ ကျနော်တို့ဘက်မှာ ရှိမနေသေးဘူးလားလို့ နာနာကျင်ကျင်။ လူတယောက်အဖြစ်ဟာ တိရစ္ဆာန်နဲ့အတူတူလို့။ ဒါပေမဲ့ ယုံကြည်စွာ ကျနော်တို့ ရှေ့ဆက်နေဆဲ။

PTU ကျောင်းသားများသမဂ္ဂ ဥက္ကဌ ထောင်ဒဏ် ၁၀ နှစ်ချမှတ်ခံရ

ကိုဇော်မင်းသူကို ပြီးခဲ့တဲ့ ဇန်နဝါရီလ ၅ ရက်နေ့ ည ၁၀ နာရီခွဲလောက်က သာယာဝတီခရိုင် အိုးသည်ကုန်းမှာရှိတဲ့ ၎င်းရဲ့နေအိမ်မှာတင် PDF တွေနဲ့ ဆက်သွယ်လို့ဆိုပြီး လာရောက်ဖမ်းဆီးသွားတာဖြစ်ပြီး ၆ လကြာမှ ထောင်ဒဏ်ချမှတ်ခံရတာလို့လည်း သိရပါတယ်။

ပုဏ္ဏားကျွန်းက အရပ်သား ၂ဦးကိုစစ်ကောင်စီ ဖမ်းသွား

"စစ်သားတွေပေါ့။ပြီးတော့ စစ်အဝတ်တွေကိုဝတ်လို့ ရဲတွေလည်းပါတယ်။ အရင်ဆုံး စံပြရပ်ကွက်က အိမ်နှစ်အိမ်ကို ခြံစည်းရိုးကျော်ပြီး ဝင်ကြတယ်။ နောက်တော့ ၂ယောက်ဖမ်းသွား ကြတယ်။ဘာဖြစ်လို့ဖမ်းတယ်ဆိုတာတော့ မသိရသေးဘူး"

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10