လေးစားရတဲ့ ဆရာမအတွက်မွေးနေ့ဆုတောင်းစာနဲ့အတူ အခြားစာတွေကိုပါ နားဆင်ရမယ့် "မြေလတ်တံတား ၂၇"
စာရေးဆရာမင်းသေ့အတွက်စာ၊ သူငယ်ချင်းကိုစိတ်ပူတဲ့အကြောင်း ရေးသားထားတဲ့ စာတွေနဲ့အတူ အခြားစာလေးတွေကို နားဆင်ရမှာပါ။
စာရေးဆရာမင်းသေ့အတွက်စာ၊ သူငယ်ချင်းကိုစိတ်ပူတဲ့အကြောင်း ရေးသားထားတဲ့ စာတွေနဲ့အတူ အခြားစာလေးတွေကို နားဆင်ရမှာပါ။
မကွေးအခြေစိုက် PDF ၂ ဖွဲ့ကို Earthquake အဖွဲ့က ဖောက်ခွဲရေးပစ္စည်းတွေထောက်ပံ့တဲ့သတင်း၊ ဝက်လက်မှ ထွက်လာတဲ့စစ်ကြောင်းက ဒေသခံ ၂ ဦးကိုသတ်ပြီး ရထားလမ်းတလျှောက်က ရွာတွေကို မီးရှို့တဲ့သတင်း၊ ဝေါနယ်ထဲမှာ ဒေသခံတွေကို လက်နက်ထုတ်ပေးပြီး ပျူစောထီးတွေနဲ့ရောနှော ကင်းစောင့်ခိုင်းတဲ့သတင်းနဲ့ အခြားသတင်းတွေကို နားဆင်ရမှာပါ။
မြေလတ်အသံသတင်းဌာနမှ အပတ်စဉ်တင်ဆက်နေတဲ့ ဆောင်းပါးရှင် သခင်နွေရဲ့ မြင်မိ ကြားမိသမျှ အစီအစဉ် ဒီတပတ်မှာတော့ "အကြံကုန်လို့ အကုန်ကြံတဲ့ သာဝ" ခေါင်းစဉ်ကို နားဆင်နိုင်ကြပါပြီ။
- ထောင်ပြောင်းရွှေ့စဉ် နိုင်/ကျဉ်း ၇ ဦး သေနတ်နဲ့ ပစ်သတ်ခံရ၊ ဒဏ်ရာရသူတွေလည်း ဆေးကုခွင့်မရ - ကမ္ဘာ့လက်ဝှေ့ချန်ပီယံဟောင်း တူးတူး သေဆုံးကြောင်း ၃လကြာမှ မိသားစုကို အသိပေး - လေကြောင်းပစ်ကူပေးတဲ့ ပေါက် တိုက်ပွဲမှာ စစ်သား ၅ ဦးနဲ့ ပျူ ၂၃ ဦး သေဆုံးဟု ဆို - ကျေးရွာချင်းဆက်လမ်းတွေကို စစ်ကောင်စီက ဖျက်ဆီးထားလို့ ဒေသခံတွေ သွားလာရေးခက်နေ - နေအိမ်တွေ မီးရှို့နေတဲ့ ရွှေဘိုတပ်နဲ့ တပ်မ ၃၃ စစ်ကြောင်း ၆၀ မမနဲ့ ပစ်ခတ်ခံရ - ABSDF Column - 3ရဲ့ အမှတ်စဥ် ၂ အခြေခံစစ်ပညာသင်တန်းဆင်းပွဲ - PDF စိုးမိုးထားတဲ့ ဝက်လက်မြို့ပေါ်မှာ Non-CDM ဝန်ထမ်းတွေ ရိက္ခာပြတ်လပ် - ထောက်ပို့လမ်းကြောင်းအတွက် မန္တလေး-မြစ်ကြီးနား ရထားလမ်းပိုင်းကို အသုံးပြုရန် စစ်ကောင်စီ ကြိုးပမ်း - မြိုင်က စီမံကိန်းရုံး တိုက်ခိုက်ခံရလို့ ၂ ဦးသေ၂ ဦးဒဏ်ရာရပြီး PDF ၁ ဦး ဒဏ်ရာပြင်းထန် - ယင်းမာပင်က ကျေးရွာ ၄ ရွာအနီးကို လေကြောင်းကနေ ပစ်ခတ်ခဲ့ - ပြည်သူပိုင်ပစ္စည်းတွေ သိမ်းယူသွားတဲ့ စစ်အုပ်စု တိုက်ခိုက်ခံရလို့ ပျူ ၄ ဦးသေဆုံး
ဒီကာလကြီးမှာ ကားမောင်းရတာ ကျနော်တို့ ကားဆရာတွေအတွက် အရမ်းကို အန္တရာယ်များပါတယ်ဗျာ။ ကားမောင်းရင်း တိုက်ပွဲနဲ့ကြုံလို့ ကားအောက် ဝင်ပုန်းခဲ့ရတဲ့အချိန်တွေ၊ ရှေ့မှာတိုက်ပွဲဖြစ်လို့ လမ်းပိတ်ပြီး ထမင်းငတ်ခဲ့ရတဲ့အချိန်တွေ ရှိခဲ့တယ်။ နောက်ပြီး စစ်ကြောင်းရှိတာ မသိဘဲ သွားမိလို့ တိုက်ပွဲဖြစ်တဲ့အခါ တိုက်ပွဲကြားညပ်ပြီး လက်နက်ထိဆုံးသွားတဲ့ ကားဆရာတွေ၊ စစ်ကောင်စီတပ်က ကားချောဆွဲတာပါသွားလို့ တော်လှန်ရေးအင်အားစုက ဖြတ်တိုက်တာခံရပြီး အသက်ဆုံးရှုံးလိုက်ရတဲ့ ကားဆရာတွေ၊ ခရီးသွားနေရင်း တိုက်ပွဲနဲ့ကြုံပြီး လက်နက်ကြီးထိလို့ ဒဏ်ရာရတဲ့ဟာရ၊ အသက်ဆုံးရှုံးတဲ့ဟာ ဆုံးရှုံး ဖြစ်ခဲ့ရတဲ့ ခရီးသည်တင် ကားဆရာတွေနဲ့ ခရီးသွားပြည်သူတွေ စတဲ့ အဖြစ်အပျက်တွေ အများကြီး ရှိခဲ့ကြတယ်။
အဓိကာရ Podcast ရဲ့ Episode 1 မှာ CDM ပါမောက္ခ ဒေါက်တာစုကို ဖိတ်ခေါ်ထားပြီး လူ့အခွင့်အရေး/ရပိုင်ခွင့်၊ လူ့ဂုဏ်သိက္ခာ၊ Divine Law၊ Natural Law စတာတွေကို ဆွေးနွေးထားပါတယ်။
အဆစ်ရောင်လေးဘက်နာဟာ ဘယ်လိုအခြေအနေတွေကြောင့်ဖြစ်တတ်လဲ။ အဆစ်ရောင်လေးဘက်နာနဲ့ပတ်သက်တဲ့ ဆောင်ရန်ရှောင်ရန် အကြောင်းအရာတွေ အဆစ်ရောင်လေးဘက်နာဖြစ်ပွါးလာရင် အနီးအနားက ဆေးဖက်ဝင်အသီးအရွက်တွေနဲ့ ဘယ်လိုကုသပေးနိုင်မလဲဆိုတာတွေကို နားဆင်ရမှာပါ။
ပြည်တွင်းစစ်ပွဲတွေကြားမှာ ပြည်သူတွေရဲ့ စိုက်ပျိုးရေးလုပ်ငန်းတွေ ဘယ်လိုအသက်ရှင်လုပ်ကိုင်နေကြရလဲ၊ ဘယ်လောက်အထိလျော့ကျသွားလဲ၊ အခက်အခဲ ဘာတွေဖြစ်ပေါ်နေလဲ စာတာတွေကို ဒီတပါတ်မြေလတ်ဒေသ လူမှုစီးပွါးအစီအစဉ်မှာ ကလောင်ရှင် ဒိအာကာ(မြေလတ်အသံ) က စုစည်းတင်ဆက်ပေးထားပါတယ်။
အခုတပတ်မြေလတ်တံတားအစီအစဉ်မှာ အထင်လွဲမိတဲ့သူငယ်ချင်းအတွက် တောင်းပန်စာ၊ မာမီလို့ချစ်စနိုးခေါ်တဲ့သူငယ်ချင်းအတွက်စာတွေနဲ့အတူ အခြားစာလေးတွေကို နားဆင်ရမှာပါ။
ရဲစခန်းရှေ့ထိ PDF က ဝင်ပစ်လို့ ရဲ ၃ ဦး သေဆုံးပြီး စခန်းမှူးမိန်းမအပါ ၅ ဦးဒဏ်ရာရတဲ့သတင်း၊ ပိုင်ဆိုင်တဲ့ ရွှေနားကပ်နဲ့လက်စွပ်ကို တော်လှန်ရေးကျည်ဖိုးအဖြစ်ပေးခဲ့တဲ့ ရေလယ်ကျွန်းတောင်သူတဦးရဲ့သတင်း၊ စေတုတ္တရာမှာ တိုက်ပွဲပြင်းထန်နေပြီ စစ်ကောင်စီက ရခိုင်ဘက်ကတပ်တွေပါ စစ်ကူခေါ်တိုက်နေတဲ့သတင်းနဲ့ အခြားသတင်းတွေကို နားဆင်ရမှာပါ။
မြေလတ်အသံသတင်းဌာနမှာ အပတ်စဉ်တင်ဆက်နေတဲ့ ဆောင်းပါးရှင် သခင်နွေရဲ့ မြင်မိ ကြားမိသမျှ အစီအစဉ် ဒီတပတ်မှာတော့ "ခရိုနီကောင်းမှု ဂျပုကုသိုလ်" ခေါင်းစဉ်ကို နားဆင်နိုင်ကြပါပြီ။
" စစ်အာဏာသိမ်းပြီးနောက်ပိုင်းမှာ ကျနော်တို့တတွေ (ဗကသများအဖွဲ့ချုပ်)အနေနဲ့ ဒီလိုလှုပ်ရှားမှုတွေကို ပိုပြီးလုပ်ဖို့လိုလာတယ်လို့ မြင်ပါတယ်။ ဒါဟာ လူထုကို အတိတ်သမိုင်းနဲ့ ပြန်ပြီးလှုံ့ဆော်တဲ့နည်းလို့ ခံယူထားတယ်။ ဒါ့ကြောင့်စစ်အာဏာသိမ်းပြီးနောက်ပိုင်း လှုပ်ရှားမှုတွေမှာ သေးငယ်တဲ့လှုပ်ရှားမှုဖြစ်ပါစေ (စာရွက်ကပ်၊ ပိုစတာကပ်လှုပ်ရှားမှု) ကျနော်တို့ပိုလုပ်ခဲ့ကြတယ်။"
ကိုယ်အလေးချိန်ကျစေဖို့ ငရုတ်ကောင်းကို ဘယ်လိုအသုံးပြုနိုင်သလဲ။ ဆီးချိုရောဂါ၊ အဆစ်ရောင်၊ အဆစ်နာရောဂါတွေအတွက် ငရုတ်ကောင်းနဲ့ ဘယ်လိုကုသနိုင်သလဲ။ ငရုတ်ကောင်းဟာ သွားနှင့်ခံတွင်း ကျန်းမာရေးအတွက် ဘယ်လိုအသုံးဝင်သလဲဆိုတာတွေကို နားဆင်ရမှာပါ။
အခုတပတ်မြေလတ်တံတားအစီအစဉ်မှာ RR Couple ဖြစ်ဖို့ကြိုးစားချင်တဲ့ ကောင်လေးတယောက်ရဲ့ စာ၊ နာမည်စာလုံးလေးတွေနဲ့ ပုံလှလှလေးတွေဆွဲတတ်သူ အွန့်အွန့်အတွက်စာတွေနဲ့အတူ အခြားစာလေးတွေကို နားဆင်ရမှာပါ။
မြေလတ်အသံသတင်းဌာန Website ဖြစ်သည့် myaelattathan.org ကို အဓိကထား၍ သတင်းများ၊ ဆောင်းပါးများနှင့် ရုပ်သံသတင်းများကို တိုက်ရိုက်ဝင်ရောက်ဖတ်ရှုပေးကြပါရန်