MLAT

ဆားလင်းကြီးက မီးဘေးသင့်ပြည်သူတွေကို စားသောက်ကုန်နဲ့ အသုံးအဆောင်ပစ္စည်းတွေထောက်ပံ့

"ကျမတို့အဖွဲ့အနေနဲ့ တတ်နိုင်သလောက်ထောက်ပံ့ခဲ့တာပါ။ ညောင်ပင်ကြီးစစ်ရှောင် တွေအနေနဲ့ စစ်ရှောင်နေရတာ၂ လပြည့်တော့မှာရှင့်။ ရွာထဲမှာတပ်စွဲထားတော့ နေရပ်ပြန်မကပ်နိုင်ဖြစ်နေတာ" လို့ အညာပစ်တိုင်းထောင်လေးများအဖွဲ့ ဦးဆောင်သူတဦးက မြေလတ်အသံကို ပြောပါတယ်။

“စားသုံးဆေးဝင် ရဲယိုပင်”

နှလုံးသွေးကြောကျဉ်းရောဂါ သက်သာအောင်ရဲယိုရွက်က ဘယ်လိုအထောက်အကူပြုနိုင်သလဲ။ နို့တိုက်မိခင်တွေအတွက် ရဲယိုပင်ရဲ့အသုံးဝင်ပုံ။ အစာလမ်းကြောင်းကောင်းမွန်စေဖို့ ရဲယိုပင်ရဲ့ ဘယ်အစိတ်အပိုင်းက ဘယ်လိုအထောက်အကူပြုသလဲ ဆိုတာတွေကို နားဆင်ရမှာပါ။

"အိမ်ကိုမီးရှို့လို့ မဝသေးဘူး ဘူဒိုဇာနဲ့ပါ ထိုးကော်သွားတာ"

စစ်ရှောင်စခန်းထဲ ရောက်နေကြတာ ၂ လဝန်းကျင်ရှိလာနေပါပြီ။ အခုအချိန်ထိ ဘယ်သူမှ ရွာထဲပြန်မဝင်နိုင်သေးပါဘူး။ ပြန်ဝင်စရာ ရွာမြေသာရှိနေပြီး နေစရာအိမ်တွေကတော့ မီးရှို့ခံရတဲ့အပြင် ဘူဒိုဇာနဲ့ပါ အထိုးခံလိုက်ရပါပြီ။

နွေဦးတော်လှန်ရေးကာလအတွင်း တနိုင်ငံလုံး ကျဆုံးဗကသ ရဲဘော် ၁၇ ဦးအထိ ရှိလာ တဲ့သတင်းနှင့် တပတ်အတွင်း သတင်းများ

ခမ်းပါတ်မှာ တိုက်ပွဲပြန်ဖြစ်ပြီး စစ်သား ၅ ဦးသေဆုံးကာ လေကြောင်းနဲ့ ၂ ရက် ဆက်တိုက်ပစ်ခတ်နေတဲ့ သတင်း၊ ကန်ပက်လက်မှ တပ်ချိန်းပြန်လာတဲ့ စစ်ကောင်စီတပ် လမ်းမှာ ခြုံခိုတိုက်ခံရလို့ ၄ ဦးသေတဲ့ သတင်း၊ ပေါက်မှာ ပျူစောထီးရန်ကြောက်လို့ ရွာမပြန်ရဲတဲ့ စစ်ရှောင် ၇၀၀ ကျော် စားသောက်ရေး ခက်ခဲနေတဲ့သတင်းနဲ့ အခြားသတင်းတွေကို နားဆင်ရမှာပါ။

ထမီခြုံအောက်က ကျပ် ၂ သောင်းတန်

မြေလတ်အသံသတင်းဌာနမှ အပတ်စဉ်တင်ဆက်နေတဲ့ ဆောင်းပါးရှင် သခင်နွေရဲ့ မြင်မိ ကြားမိသမျှ အစီအစဉ် ဒီတပတ်မှာတော့ "ထမီခြုံအောက်က ကျပ် ၂သောင်းတန်" ခေါင်းစဉ်ကို နားဆင်နိုင်ကြပါပြီ။

တပတ်အတွင်း မြေလတ်သတင်း

- ကျောက်ကြီး-နတ်သံကွင်းလမ်းပိုင်းကို ဒီနေ့ကစပြီး အသုံးမပြုရန် KNDO တပ်ရင်း ၃ က သတိပေး - ရိက္ခာကားတွေကို လမ်းရှင်းပေးတဲ့ စစ်အုပ်စု တိုက်ခိုက်ခံရလို့ ၃ ဦးသေဆုံး - ခမ်းပါတ်မှာ စစ်ရေးတင်းမာနေလို့ တမြို့လုံးနီးပါး စစ်ရှောင်နေရ၊ စစ်ရှောင်ဦးရေ သောင်းဂဏန်းထိရှိလာ - ညောင်လေးပင် ၂ ရက်တာတိုက်ပွဲမှာ စစ်ကောင်စီဘက်က ၇ ဦးသေပြီး ၃၀ ကျော်ဒဏ်ရာရ - မြင်းမူဘက်ကိုလာတဲ့ စစ်ကောင်စီတပ် ဒရုန်းနဲ့ ဗုံးချခံရလို့ ထိခိုက်သေဆုံးမှုရှိ - ချင်းတွင်းမြစ်ထဲ အမြန်ရေယာဥ် ၂စီး တိုက်ခိုက်ခံရလို့ ၃ ဦး‌သေဆုံးဟုဆို - ပေါက်ခေါင်းမှာ စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူးတွေက ဆန်ဆိုင်တွေကို စောင့်ကြည့်ပြီး ဆန်ဝယ်သူတွေရဲ့ ဖုန်းနံပါတ်တွေကိုပါ တောင်းယူနေ - ပေါက်နဲ့မြိုင်မှာ တပ်စွဲနေတဲ့ စစ်အုပ်စု တိုက်ခိုက်ခံရလို့ ၅ ဦး သေဆုံးပြီး ၁ ဦး ဒဏ်ရာရ - ABSDF Column - 3 တပ်ရင်းရိက္ခာဖူလုံရေး စပါးနဲ့ စားသုံးသီးနှံတွေ စိုက်ပျိုး - ဒီပဲယင်းမှာ နှစ်နှစ်နီးပါးအထိ နေရပ်မပြန်နိုင်သေးတဲ့ စစ်ရှောင်တွေကို ထန်းသားနေအိမ်တွေ ဆောက်လုပ်ပေး - လမ်းသွားလမ်းလာတွေကို ငွေတောင်းနေတဲ့ စစ်တပ်ဂိတ် တိုက်ခိုက်ခံရ

“ကုလသမဂ္ဂရဲ့ အခန်းကဏ္ဍ”

Episode 2 ရဲ့ အပိုင်း ၁ မှာ ကုလသမဂ္ဂအဖွဲ့ကြီး မဖြစ်ပေါ်မီအခြေအနေနဲ့ ဖွဲ့စည်းပြီးနောက်ပိုင်း အခြေအနေ၊ ကုလသမဂ္ဂရဲ့ မဏ္ဍိုင်တွေ၊ ကုလသမဂ္ဂရဲ့ အစိတ်အပိုင်းတွေအကြောင်းကို ဆွေးနွေးတင်ဆက်ထားပါတယ်။

“နှလုံးသွေးကြောကျဉ်းရောဂါနှင့် လက်တကမ်းဆေးပညာ”

နှလုံးသွေးကြောကျဉ်းရောဂါ ဖြစ်စေတဲ့အကြောင်းအရင်းတွေ။ နှလုံးသွေးကြောကျဉ်းရောဂါနဲ့ပတ်သက်တဲ့ ဆောင်ရန်ရှောင်ရန် အကြောင်းအရာတွေ နှလုံးသွေးကြောကျဉ်းရောဂါဖြစ်ပွါးလာရင် အနီးအနားက ဆေးဖက်ဝင်အသီးအရွက်တွေနဲ့ ဘယ်လိုကုသပေးနိုင်မလဲဆိုတာတွေကို နားဆင်ရမှာပါ။

နိုင်ငံ့ငွေကြေး မတည်ငြိမ်မှုနဲ့ တောင်သူတွေဘဝ

နိုင်ငံ့ငွေကြေးမတည်ငြိမ်မှုနဲ့ ငွေကြေးဖောင်းပွမှုဟာ ကျေးလက်နေတောင်သူလယ်သမားတွေရဲ့ ဘဝကို ဘယ်လိုအကျိုးသက်ရောက်စေလဲ၊ ဒီအကျိုးဆက်ကြောင့် လက်ရှိ တောင်သူတွေ ဘယ်လိုအခက်ကြုံနေရလဲ၊ ရေရှည်မှာရော ဘယ်လိုအကျိုးဆက်တွေဖြစ်လာစေမလဲ စတာတွေကို ဒီတပတ်မြေလတ်ဒေသ လူမှုစီးပွါးအစီအစဉ်းမှာ ကလောင်ရှင် ဒိအာကာ(မြေလတ်အသံ)က သုံးသပ်တင်ဆက်ပေးထားပါတယ်။

ရွာပြန်ကပ်ဖို့ အလှမ်းဝေးနေဦးမယ့် ညောင်ပင်ကြီးရွာ

ပြီးခဲ့တဲ့ ဇွန်လ ၉ ရက်နေ့က စစ်ကောင်စီတပ်နဲ့ ကာကွယ်ရေးပူးပေါင်းအဖွဲ့တွေရဲ့ ညောင်ပင်ကြီးရဲစခန်းတိုက်ပွဲမှာ စစ်ကောင်စီဘက်က လေကြောင်းနဲ့ပါ ပစ်ကူခဲ့လို့ ရွာသားတွေ ထိခိုက်သေဆုံးတာတွေလည်း ရှိခဲ့ပါတယ်။ အဲ့ဒီနောက် စစ်တပ်က ရွာထဲကို စစ်ကြောင်းထိုးဝင်ရောက်လာပြီး မိုင်းထောင်တာတွေ လုပ်ဆောင်ခဲ့သလို ရွာလုံးကျွတ် မီးရှို့ခဲ့တာကြောင့် ရွာသားတွေဟာ ထွက်ပြေးတိမ်းရှောင်ခဲ့ကြတာ ဖြစ်ပါတယ်။

စစ်တွင်းကာလ တွေ့မြင် ကြားသမျှ ကုန်ကားသမားဘဝ

မြေလတ်အသံက တင်ဆက်ခဲ့တဲ့ "စစ်တွင်းကာလ တွေ့မြင်ကြားသမျှ ကုန်ကားသမားဘဝ" ဆောင်းပါးကို ရုပ်သံအဖြစ် ပြန်လည်တင်ဆက်ပေးထားပါတယ်။

သူငယ်ချင်းမိတ်ဆွေတွေအတွက် သတိတရရေးသားပေးပို့လာတဲ့စာလေးတွေကိုနားဆင်ရမယ့် "မြေလတ်တံတား ၂၈"

အာကာ၊ အောင်ကောင်းမြတ်နဲ့ ချစ်ခင်ရတဲ့မိတ်ဆွေသူငယ်ချင်းတွေချင်း ပေးပို့ထားတဲ့စာလွှာလေး တွေကို နားဆင်ရမှာပါ။

တောင်ငူထောင်က နိုင်ကျဉ်းတွေထွက်ပြေးမှု ထောင်ပိုင်အပါအဝင် ၇ ဦး ထောင်ချခံရတဲ့သတင်းနှင့် တပတ်အတွင်း သတင်းများ

နတ်တလင်းနဲ့ပေါင်းတည်မှာ စက်သုံးဆီကို ဗူးခွံနဲ့ဝယ်ချင်သူများ ထောက်ခံစာပြုလုပ်ရတဲ့သတင်း၊ ရွှေဘိုကို ပြန်လာတဲ့စစ်အုပ်စု လမ်းတလျှောက်တိုက်ခိုက်ခံရလို့ ထိခိုက်သေဆုံးမှုရှိတဲ့သတင်း၊ မြိုင်မှာ စစ်တပ်က ဒေသခံ ၂ ဦးကို ဖမ်းဆီးပြီး ပြည်သူပိုင်ပစ္စည်းတွေကို ခိုးယူတဲ့သတင်းနဲ့ အခြားသတင်းတွေကို နားဆင်ရမှာပါ။

စစ်ကောင်စီက ကျပ် ၂ သောင်းတန်ကို အစိမ်းရောင်သုံးပြီး ထုတ်ဝေမည်

စစ်ကောင်စီက ဆင်ဖြူတော်လို့သတ်မှတ်ကာ ခေါ်ယူထားတဲ့ ရခိုင်မြောက်ပိုင်းက ဆင်ပေါက် ၁ နှစ်ပြည့် အထိမ်းအမှတ်နဲ့ထုတ်ဝေတာဖြစ်ပြီး အကန့်အသတ်နဲ့ထုတ်ဝေမယ်လို့ ဆိုပါတယ်။

"အလှည့်ကျ မနွဲ့စတမ်းဟေ့"

မြေလတ်အသံသတင်းဌာနမှာ အပတ်စဉ်တင်ဆက်နေတဲ့ ဆောင်းပါးရှင် သခင်နွေရဲ့ "မြင်မိ ကြားမိသမျှ အစီအစဉ်" ဒီတပတ်မှာတော့ "အလှည့်ကျ မနွဲ့စတမ်းဟေ့" ခေါင်းစဉ်ကို နားဆင်နိုင်ကြပါပြီ။

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10