MLAT

ပခုက္ကူမှာ တိုက်ပွဲမဖြစ်ဘဲ စစ်ကောင်စီက ရွာလုံးကျွတ် မီးရှို့နေ

ဒီကနေ့ မနက် ၈နာရီဝန်းကျင်မှာ အင်အား ၁၀၀လောက်ပါတဲ့ စစ်ကြောင်းက တိုက်ပွဲလည်းမရှိဘဲ ရွာထဲကိုဝင်ရောက်လာပြီး အခုလိုမီးရှို့ဖျက်ဆီးနေတာလို့ ဆိုပါတယ်။

PDF တွေတိုက်ခိုက်တာခံရလို့ စစ်​သား ၁၂ ဦးသေပြီး အလောင်းမသယ်နိုင်ဘဲ စခန်းချနေရ

"မနေ့က အဲ့နေရာမှာတင် အင်အား ၄၀ မှာ တိုက်ပွဲကြားမှာတင် သေချာပေါက်လဲကျပြီးတေ့ာ သေသွားတာ ၁၂ ယောက် ၊ ၇ယောက်လောက်ကတေ့ာ တော်တော်ဒဏ်ရာ ရသွားတယ် တဝက်လောက်တေ့ာ အင်အားထိခိုက်သွားတယ်၊ မနေ့ညကထိကို အလောင်းတွေကို လာမသယ်နိုင်ဘူး အဲ့နေရာမှာတင် စခန်းချနေတယ်ပေါ့ဗျာအခုလက်ရှိလဲ အဲ့နေရာမှာပဲ ဖြေးဖြေးခြင်း ရွေ့နေတယ် ၆လောင်းလောက်ကို ကျတော်တို့လှမ်းမြင်နေရသေးတယ်"

ကနီမှာ PDF တွေဦးဆောင်ပြီး စုံညီပွဲတော်နဲ့ အာစရိယပူဇော်ပွဲပြုလုပ်

" ကျနော်တို့ဆီမှာ ၁ နှစ်ကျောင်းပြီးလို့လုပ်တာပါ၊ကျောင်းသားဦးရေက ရွာကသေးသေးဆိုတော့အရမ်းကြီးတော့သိပ်မများဘူး၊ပညာရေးအပိုင်းကတော့ ပုံမှန်သင်သလိုပါပဲ၊ကျနော်တို့အနေနဲ့မြို့နယ်ကလုပ်ခိုင်းတာကြောင့်လုပ်ကြတာပါ၊ကနီမှာနှစ်ပတ်လည်လုပ်တာပါ၊ကျနော်တို့ကမြို့နယ်ကစီမံချက်အတိုင်းပဲလုပ်တာ"

ကျောင်းပိတ်ဖို့စာတင်လို့ ပြည်မြို့ က ၇ တန်းကျောင်းသား ၇ ဦးကို ကျောင်းအုပ်ကြီးက ဖမ်းခိုင်း

"သိတာတော့ ကလေးတွေက ရုံးခန်းထဲက စားပွဲခုံကိုဆိုလား စာခေါက်လေးသွားတင်တာ။ အဲဒီမှာ သူတို့ကိုခြိမ်းခြောက်ပါတယ်ဆိုပြီး ကြောက်လန့်ပြီး ရပ်ကွက်အုပ်ချုပ်ရေးမှူးကို အကြောင်းကြားလိုက်တော့ အုပ်ချုပ်ရေးမှူးနဲ့ စစ်တပ်က စစ်ကားတွေနဲ့ ကလေးတွေ အိမ်တွေကို လာခေါ်ဖမ်းသွားတာ။ စာရေးထားတဲ့စာရွက်က စာလုံးပေါင်းတောင်မမှန်ပါဘူး အဲဒါကိုကလေးတွေကို စစ်ကားတွေနဲ့လာဖမ်းကြတာ"

စစ်အာဏာသိမ်းပြီးနောက်ပိုင်း မကွေးဒေသအချို့ စက်ယန္တယားများဖြင့် သစ်ခိုးခုတ်မှုပိုများလာ

"အရင်က သစ်တောကငွေယူပေမဲ့ လမ်းဖောက်မခံဘူး။ လက်ဖောက်လမ်းနဲ့ သစ်ထုတ်ရတာ။ အခုက အင်ဂျင်ပါဝါကောင်းတဲ့ စက်ယန္တရားကြီးတွေနဲ့ဆွဲတယ်။ အတက်တွေကားမတက်နိုင်ရင် သူနဲ့ဆွဲတင်တယ်။ တင်ဖို့ချဖို့က ကရိန်းကားအသေးတောင်ရှိတယ်။ လမ်းကလည်း ဖောကားပေါ်တင်လာတဲ့ဘက်ဟိုးအသေးနဲ့ဖောက်တော့ လမ်းကရှယ်ဘဲ"

၁ လနီးပါး စစ်ကြောရေးမှာ ဖမ်းဆီးထားသူ ၂ ဦးကို စစ်ကောင်စီ ၅၀၅(က)ဖြင့် တရားစွဲ

"စစ်သားဖက်က ဘယ်သူစွဲတာလဲဆိုတာကိုတော့ မသိရသေးဘူး။ လာမယ့် ဇူလိုင်လ ၁၆ ရက်နေ့ကို ရုံးချိန်းလိုက်ပါတယ်။ ဒီလို ထောင်ဒဏ်အများကြီး ချမှတ်နိုင်တဲ့ ပုဒ်မတွေနဲ့ တရားစွဲလိုက်တဲ့အပေါ်မှာတော့ ဝမ်းနည်းရတာကလွဲရင် ဘာမှမပြောတတ်တော့ပါဘူး။ အပြစ်မရှိတဲ့သူတွေကို ဒီလိုလုပ်တာဟာ လုံးဝမတရားပါဘူး"

လက်ပံတန်း ဖြူစင်လူငယ်ပရဟိတအသင်းဥက္ကဌကို စစ်ကောင်စီ ထောင်ဒဏ် ၁၀ နှစ်ချ

"လက်ပံတန်းမှာဗုံးကွဲတာတွေနဲ့ပတ်သက်ပြီး PDF နဲ့ပတ်သက်တယ်ဆိုပြီး စွပ်စွဲပြီး ဖမ်းသွားတာ။ ကျနော်တို့သိသလောက်ကတော့ ဒီဗုံးကွဲတာတွေနဲ့ သူနဲ့ဘာမှမပတ်သက်ဘူး။ ဒလန်က ဖမ်းခိုင်းတာနဲ့ဖမ်းသွားတာ။ မနေ့ကထောင်တရာရုံးမှာဘဲ အကြမ်းဖက်ပုဒ်မနဲ့ ဆယ်နှစ်ချလိုက်တယ်ဆိုတာသိရတယ်"

လုံခြုံရေးကိုတာဝန်မယူဘဲ နာဂဒေသကို စေလွှတ်ရန်ပြင်ဆင်မှု စစ်ဆရာဝန်တွေ ကြောက်လန့်နေ

"လုံလ် ဖြစ်စဥ်မှာ စခန်းအသိမ်းပိုက်မခံရခင်၂ ရက်က "နမခ"ကို လုံခြုံရေးတောင်းတယ်။ မပေးနိုင်ဘူး။ "နမခ" က မပေးနိုင်လို့ လုံလ်စခန်းကျသွားတယ်လို့လဲ သိရပါတယ်။ တပ်မတော် ဆရာဝန် ၂ ဦး သေဆုံးမှုမှာလဲ လုံလောက်တဲ့ လုံခြုံရေးမပေးနိုင်ပါဘဲ၊ အခုနှစ်မှာလည်း နာဂဒေသ ကိုသွားဖို့ ၊ တပ်မတော်ကဆရာဝန်တွေကို စာရင်းကောက်ခံလျက်ရှိပါတယ်"

ဂန့်ဂေါမှာ စစ်တပ်ကမီးရှို့လို့ အိမ်ခြေ ၆၈၀ မီးထဲပါပြီး ရွာပေါင်း ၁၆ ရွာမှ ပြည်သူ ၂ သောင်းကျော် စစ်ဘေးရှောင်နေရ

"ကျနော်တို့စစ်တမ်းကောက်ထားတာကတော့ ဂန့်ဂေါမြို့နယ်မြောက်ပိုင်းက ကျေးရွာတွေကို စစ်တပ်က အရမ်းဖိတာများပါတယ်။ မီးရှို့တာ ၁၆ ရွာရှိပါပြီ၊ အိမ်ခြေပေါင်းက ၆၈၀ ရှိပါပြီ၊ စစ်ဘေးရှောင်နေရတဲ့လူဦးရေက ၂ သောင်းကျော်ရှိပါပြီ၊ ခက်ခက်ခဲခဲ တောတောင်တွေထဲမှာရှောင်နေရတာများပါတယ်။ ကျနော်တို့ ဒီဘက်မှာဆိုရင် စစ်တပ်ကမီးရှို့တာကြောင့် ပြန်စရာအိမ်လည်းမရှိတော့လို့ တောထဲမှာပဲ မိုးကာတဲထိုးပြီး အခြေချနေရတဲ့မိသားစုတွေလည်းတော်တော်လေးများနေပါတယ်"

မန်ပန်ဌာနေပြည်သူ့စစ်အဖွဲ့ဝင်တဦး သေနတ်နဲ့ပစ်သတ်ခံရ ပွဲချင်းပြီးသေဆုံး

"ညရှစ်နာရီကျော်လောက်က သေနတ်သံတချက်ကြားလိုက်တယ်။ ဘယ်သူဘယ်အဖွဲ့က ပစ်တာလဲဆိုတာတော့ မသိဘူး။ သူ့အိမ်ထဲအထိကားနဲ့ဝင်လာပြီး ‌ပစ်သွားပုံအရဆိုရင် ဓာတ်သိ‌တွေထဲကလို့ပဲထင်ရတယ်။ ငွေရေးကြေးရေးစီးပွားရေးကြောင့်လား၊ ရန်ငြိုးရန်စကြောင့်လားဆိုတာတော့ မပြောတတ်ဘူး"

တပ်တွင်းအရှုပ်တော်ပုံကိစ္စတွေနဲ့ ဒု-စစ်ခေါင်းဆောင်စိုးဝင်း လာရောက်စစ်ဆေး၊ တိုင်းမှူးလာတယ်လို့သတင်းလွှင့်

"မနေ့ညနေပိုင်း ပြည်ကအပြန် ဝင်လာတာ။ ခလရ (၁) ထဲ ညအိပ်တယ်လို့တောင်သိရတယ်။ ခုရက်ပိုင်း တပ်မ ၆၆ က လိုင်းပေါ်မှာသတင်းတွေ တအားပြန့်နေတာကြောင့် လာစစ်တာဖြစ်နိုင်တယ်။ ပြီးတော့ ၆၆ က ကရင်နီမှာကျတာရော၊ CDM ရော တအားများနေတာ၊ လုံးပါးပါးနေပြီ။ နောက်ပြီး တပ်ရင်းမှူးကတော်ကိစ္စလည်း ပါမယ်ထင်တယ်။ အခုအဲ့ဒီတပ်ထဲကို ဘယ်သူမှပေးမဝင်ဘူး''

၂ ရက်အတွင်း စစ်တွေမြို့နှင့် ပုဏ္ဏားကျွန်းမြို့မှ အရပ်သား ၂၉ ဦးကို စစ်ကောင်စီဖမ်းဆီးထားဟု AA ပြော

ပြီးခဲ့သည့် ဇွန်လ ၂၃ ရက်နှင့် ၂၄ ရက်နေ့တို့တွင် စစ်တွေမြို့မှ စစ်ကောင်စီက ဖမ်းဆီးထားသည့် အပြစ်မဲ့အရပ်သား ၂၁ ဦးရှိပြီး၊ ၎င်းတို့ထဲတွင် အသက် ၁၈ နှစ်မပြည့်သေးသော လူငယ် ၃ ဦး ပါဝင်သည်ဟု ဇွန်လ ၂၅ ရက်နေ့တွင် AA က ထုတ်ပြန်ထားသည်။

လူထုကြား စိုးရိမ်မှုမြင့်လာတဲ့ ရခိုင်ကလူဖမ်းပွဲ

လက်ရှိတွင်လည်း စစ်ကောင်စီတပ်နှင့် ရက္ခိုင့်တပ်တော်(AA)တို့အကြား တိုက်ပွဲဖြစ်ပွားခြင်းမရှိသေးပေ။ သို့သော် မြောက်ပိုင်း မြို့တချို့တွင် တပ်နှစ်ခုအကြား အပြန်အလှန်လူဖမ်းပွဲကျင်းပနေသည်ကို တွေ့ရှိနေရသည်။ ရက္ခိုင့်တပ်တော်(AA)ဖက်မှ စစ်ကောင်စီ၏အရာရှိပုဂ္ဂိုလ်၊ တပ်ဖွဲ့ဝင်များနှင့် ရဲတပ်ဖွဲ့ဝင်များကို နေ့စဥ်ရက်ဆက် ဖမ်းဆီးလာနေသည်။ စစ်ကောင်စီဖက်မှလည်း ၎င်းတို့ဖက်မှတဦးပါသွားခဲ့လျှင် အရပ်သားပြည်သူအများအပြား ကိုလိုက်လံဖမ်းဆီးနေသည်။

ဇနီးဖြစ်သူရဲ့ လောကီအစီအရင်တွေကြောင့် ခလရ (၁) တပ်ရင်းမှူး တိုက်ပွဲကျသွားတာလား

"တပ်ရင်းမှူးက နိုဝင်ဘာလမှာဘဲ နောက်တန်းကို ခဏပြန်ရောက်လာတယ်။ အဲ့ဒီလထဲမှာဘဲ ချက်ချင်း ကယား(ကရင်နီ)ပြည်နယ်ကို စစ်ဆင်ရေးပြန်ထွက်ရတယ်။ သူထွက်သွားတဲ့နောက်ပိုင်း တပ်ရင်းမှူးကတော်က လက်ပံတန်းက အောက်လမ်းဆရာတယောက်ဆီမှာ သူ့စစ်ဝတ်စုံနဲ့ သူသေအောင်ဆိုပြီး အစီအရင်တွေ လုပ်တယ်။ သူ့အိမ်မှာရှိတဲ့ ဂမုန်းပင်မှာလည်း အောက်လမ်းဆရာခိုင်းတဲ့အတိုင်း "ကျော်ဇေယျ တိုက်ပွဲကျပါစေ" ဆိုတဲ့စာသားကိုရေးပြီး အစီအရင်လုပ်တယ်"

မင်းလှက စစ်သား သားသမီးတွေကို စစ်သင်တန်းတက်ခိုင်းပြီး၊ သေနတ်ပစ်နိုင်သေးတဲ့ စစ်မှုထမ်းဟောင်းတွေ ကင်းစောင့်နေရ

"ခလေးသေးသေးတွေလောက်ဘဲ မတက်ခိုင်းတာ၊ သေနတ် မ(သယ်)နိုင်တဲ့အရွယ်မျိုးလောက်ကနေစပြီး စစ်သင်တန်းတက်ခိုင်းတယ်။ ခလေးတွေကို​တော့ ကင်းစောင့်ခိုင်းတာမျိုးတော့ မတွေ့ဘူး။ စစ်သင်တန်းဘဲ သက်သက်တက်ခိုင်းတာမျိုးဖြစ်မယ်"

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10