Danger

စစ်တပ်သင်္ဘော ၉ စီးကို PDF တွေ ဘယ်လို သိမ်းဆည်းရမိခဲ့လဲ (ရုပ်/သံ)

စစ်ကိုင်းတိုင်း၊ ကနီမြို့နယ်၊ ချင်းတွင်းမြစ်ကြောင်းမှာ စစ်ကောင်စီတပ် ထောက်ပို့သင်္ဘော ၉ စီးကို သိမ်းဆည်းနိုင်ခဲ့တယ်လို့ Myanmar National Armed Force - MNAF တပ်ဖွဲ့ထံမှ သိရပါတယ်။

YDF ရဲ့ အခြေခံစစ်ပညာသင်တန်း အပတ်စဉ် ၁၃ သင်တန်းဆင်းပွဲ

ပြီးခဲ့တဲ့ ဩဂုတ်လ ၁၂ ရက်က စတင်သင်ကြားပေးခဲ့တာဖြစ်ပြီး သင်တန်းကာလ ၄ လကြာမြင့်ခဲ့ကာ သင်တန်းအတွင်းမှာ ရဲဘော်တွေကို လက်နက်အဖြုတ်အတပ်၊ တကိုယ်ရည်ကြံ့ခိုင်မှု၊ လက်ရုံးရည် နှလုံးရည်ရှိဖို့နဲ့ တိုက်ခိုက်ရေးအခြေခံတွေကို ဘာသာရပ်အလိုက် သင်ပြနိုင်ခဲ့တယ်လို့ ယောကာကွယ်ရေးတပ် - YDF ပြန်ကြားရေးတာဝန်ခံက ပြောပါတယ်။

စလင်းနယ်မှာ စစ်တပ်ပူးပေါင်းစစ်ကြောင်းကို မိုင်းရာချီဖောက်ခွဲတိုက်ခိုက်ခဲ့လို့ ထိခိုက်သေဆုံးသူများဟုဆို

“ ကျနော်တို့က မြေပြင်အနေအထားကြည့်ပြီး မိုင်းရာကျော်ခင်းထားတာ။ အရေအတွက်ကတော့များတယ်။ ထိခိုက်ဒဏ်ရာရတာက ၂၀ လောက်နဲ့ သေတာက ၃၀ လောက်ကြားတယ်။ စလင်းတပ်က စစ်ကြောင်းမှူးကတော့ မိုင်းထိပြီး ပေါင်ဘယ်ဘက်အခြမ်း ပြတ်ထွက်သွားတယ်သိရတယ်”

ညောင်ကိုင်းရွာက ပျူစောထီးတွေကို လက်လုပ်လက်နက်ကြီးတွေနဲ့ ပစ်ခတ် (ရုပ်/သံ)

စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်၊ ညောင်ကိုင်းရွာမှာနေတဲ့ ပျူစောထီးတွေရှိတဲ့ နေရာကို လက်လုပ် လက်နက်ကြီးတွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ Rain Sky Brothers LPDF-Depeyin အဖွဲ့ဆီက သိရပါတယ်။

ရေစကြိုမြို့ ငြိမ်းဇာနည်တပ်စခန်း စီးနင်းတိုက်ခိုက်ခံရပြီး စစ်သား ၂ ဦးသေဆုံး (ရုပ်/သံ)

"ကျနော်တို့ သူတို့အလံတောင်ဖြုတ်ချနေပြီ၊ ငြိမ်းဇာနည်စခန်းက ၂ ထပ်တိုက်ပါ၊ ပထမထပ်ကကောင်တွေက သူတို့မနိုင်လို့ ပြန်ပြေးကုန်ပြီ၊ သူတို့ထဲက ၂ ယောက်အဲဒီနားမှာတင် ပွဲချင်းပြီးသေသွားတယ်၊ ၁ ယောက်ကခေါင်းမှန်ပြီး နောက် ၁ ယောက်က ရင်ဘတ်ဖောက်မှန်သွားတယ်၊ အတွင်းထဲကို ၄၀ မမ၂ လုံးထပ်ပစ်တယ်၊ ကျနော်တို့ဘက်က စခန်းကိုသိမ်းဖို့ အောက်ထပ်ကိုရောက်နေပြီ၊ သူတို့ဘက်က စစ်ကူလာတာကြောင့် ပြန်ဆုတ်ခွာခဲ့ရတယ်"

စကစတပ်သား ၆ ဦးသေဆုံးအောင် စနိုက်ပါနဲ့ပစ်နိုင်ခဲ့တဲ့ BNRA ကို လူထုကပန်းနဲ့ကြို (ရုပ်/သံ)

စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ်၊ လက်တီးကျေးရွာတောင်ပိုင်းမှာ တိုက်ပွဲဖြစ်ပွားပြီး စနိုက်ပါနဲ့ ပစ်ခတ်ခံရတဲ့အတွက် စစ်ကောင်စီတပ်ဖွဲ့ဝင် ၆ ဦးသေဆုံးပြီး ၃ ဦးဒဏ်ရာရသွားခဲ့တယ်လို့ ဗမာအမျိုးသားတော်လှန်ရေးတပ်မတော်-BNRA အဖွဲ့ဆီက သိရပါတယ်။

CGF တပ်ဖွဲ့တနှစ်ပြည့်အထိမ်းအမှတ် NUG ပညာရေးကျောင်းမှာ မုန့်ဟင်းခါးကျွေး (ရုပ်/သံ)

မကွေးတိုင်း၊ ချောက်မြို့နယ်အခြေုပြု Chauk Guerrilla Force(C.G.F) ရဲ့ တနှစ်ပြည့်အခမ်းအနားတွေကို လွတ်မြောက်နယ်မြေတနေရာမှာ ကျင်းပပြုလုပ်ခဲ့ပြီး NUG ပညာရေးကျောင်းမှာ မုန့်ဟင်းခါးဒါန ကျွေးမွေးခဲ့တယ်လို့ သိရပါတယ်။

ရွာကိုမီးရှို့ပြန်လာတဲ့ စစ်အုပ်စုကား မိုင်းဆွဲခံရလို့ ၁ ဦးသေ

"တယောက်ကတော့ ကားပေါ်မှာတင် ပွဲချင်းပြီးသေသွားတယ်။ နောက်တယောက်ကတော့ မသေသေးဘူး။ ဆေးရုံမှာ ဆေးကုသမှုခံနေပါတယ်။"

မင်းရွာရဲစခန်းကို PDF တွေ ဘယ်လိုသိမ်းနိုင်ခဲ့တာလဲ (ရုပ်/သံ)

၂ ဖက်အပြန်အလှန် ၅ နာရီကြာတိုက်ပွဲတွင်း စစ်ကောင်စီဘက်က သေဆုံးတာတွေရှိလာတဲ့အတွက် လက်နက်ချ အညံ့ခံလာလို့ မနက် ၁၀ နာရီဝန်းကျင်မှာ စခန်းကိုအပြီးသိမ်းနိုင်ခဲ့ကြတာပါ။

ယင်းမာပင်က စစ်ကောင်စီတပ်စခန်း ၂ ခုကို မဟာမိတ်အဖွဲ့ ၃၀ ကျော်က တိုက်ခိုက်(ရုပ်/သံ)

စစ်ကောင်စီတပ်စွဲထားတဲ့ သီတဂူကျောင်းဝန်းထဲက စခန်းတခုနဲ့ တဖာလုံခန့်မှာရှိတဲ့ရွှေတောင်ဦးစစ်မှုထမ်းဟောင်းထဲက စခန်းတခုတို့ကို ၆၀ မမ၊ ၈၀ မမ၊ ၁၂၀ မမတွေနဲ့ တပြိုင်တည်း ပစ်ခတ်တိုက်ခိုက်ခဲ့တာလို့ စစ်ကျွန်မခံမြွေဆိုးတသိုက်-PDF တပ်ရင်းမှူး ဗိုလ်ပေါကြီးက ပြောပါတယ်။

ကြားဖြတ်တိုက်ခိုက်ခံရပြီးနောက် သခင်ဒေါင်းညို ထောက်ပို့ ၅ ဦးပျောက်ဆုံးနေ (ရုပ်/သံ)

သခင်ဒေါင်းညိုပြောက်ကျားတပ်ဖွဲ့ဟာ စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်၊ လက်ပုကန်ကျေးရွာအနီးမှာ တိုက်ခိုက်ခံလိုက်ရပြီး ထောက်ပို့ ၅ ဦးပျောက်ဆုံးခဲ့သလို သေနတ် ၄ လက်နဲ့ ကား ၂ စီး ဆုံးရှုံးခဲ့တယ်လို့ သိရပါတယ်။

စာသင်ကျောင်းမှာတပ်စွဲနေတဲ့ စစ်သားတွေ တန်းစီနေချိန် PDF က လက်ပစ်ဗုံးနဲ့ ပစ်ခတ်

“ကျနော်တို့မျက်မြင်ကတော့ ၂ ကောင်လဲကျသွားတယ်။ သေဆုံးနဲ့ဒဏ်ရာရကို အတည်မပြုနိုင်သေးဘူး"

ဓားပြတိုက်မှုတွေကျူးလွန်နေတဲ့ ရွှေဘိုပြည်သူ့စစ်အဖွဲ့ ဒုခေါင်းဆောင်နဲ့အဖွဲ့ဝင်တဦးကို လက်နက်ခဲယမ်းတွေနဲ့ ဖမ်းဆီးရမိ

“ဖမ်းဆီးတဲ့အချိန်မှာ လက်ပစ်ဗုံးတွေပစ်မဲ့ အနေအထားမျိုးတွေလုပ်တော့ လုံးထွေးပြီး ပစ်ဖမ်းရပါတယ်။ အားလုံးပေါင်း ၄ ယောက်ပါ၊ ၂ ယောက်ကတော့ လွတ်သွားပါတယ်”

ပခုက္ကူက ပျူစောထီး ၃ ဦးအပါ ၄ ဦး ရှင်းလင်းခံရ၊ သေနတ် ၁ လက်ပါ သိမ်းနိုင်ခဲ့

"နေ့လယ်လောက်မှာ ဝင်စီးတာ။ သတင်းပေးဒလန်နဲ့ ပျူစောထီးတွေနေတာကို ဝင်ရှင်းတာ။ ပျူစောထီး ၃ ယောက်နဲ့ သတင်းပေးဒလန် ၁ ယောက် သေဆုံးတယ်။ ကိုယ့်ဘက်ကတော့ အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ပါတယ်"

မင်းရွာရဲစခန်းသိမ်းပိုက်မီးရှို့ခံရပြီးနောက် တောင်ခင်ရန်းရဲစခန်းက ရဲနဲ့စစ်သားတွေ စခန်းစွန့် ထွက်ပြေး

“အဲ့ဒီရဲစခန်းမှာ အင်အားကတော့ ၃၀ နဲ့ ၅၀ ကြားမှာရှိတယ်။ သူတို့စွန့်လွှတ်သွားတဲ့ စခန်းကိုတော့ ရှင်းလင်းရေးတွေ လုပ်ပြီးသွားပြီ။ သိမ်းဆည်းရမိတာတွေတော့ ပြောလို့မရသေးဘူး”

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10