ချောက်မြို့နဲ့ ပုဂံတို့မှာ အပူလွန်ကဲလို့ဖြစ်ပေါ်တတ်တဲ့ ပျံကျမိုးရွာသွန်း (ရုပ်/သံ)
ကမ္ဘာ့အပူဆုံး စံချိန်တင်ထားတဲ့ မကွေးတိုင်း၊ ချောက်မြို့နဲ့ မန္တလေးတိုင်း၊ ညောင်ဦးမြို့နယ်၊ ပုဂံတို့မှာ မိနစ်အနည်းငယ်ရွာသွန်းခဲ့တယ်လို့ မြို့ခံတွေဆီက သိရပါတယ်။
ကမ္ဘာ့အပူဆုံး စံချိန်တင်ထားတဲ့ မကွေးတိုင်း၊ ချောက်မြို့နဲ့ မန္တလေးတိုင်း၊ ညောင်ဦးမြို့နယ်၊ ပုဂံတို့မှာ မိနစ်အနည်းငယ်ရွာသွန်းခဲ့တယ်လို့ မြို့ခံတွေဆီက သိရပါတယ်။
“ခဏလေးပါပဲ အပူတော့နည်းနည်းကျသွားတယ်။ နေလို့ထိုင်လို့ ရရုံလေးပါ။ မြို့ပေါ်တွေ ရွာတယ်။ ရွာတွေဘက်တော့ မသိသေးဘူး”
ကျဆုံးသူဟာ မကွေးတိုင်းအခြေစိုက် တိုက်ဒေါင်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ၊ တပ်ခွဲ ၃ က အသက် ၃၈ နှစ်အရွယ် ရဲဘော် အံ့ကျော် (ခ) မာန်ရှင်းဖြစ်ပြီး တပ်ဖွဲ့တပ်ရင်းမှူးကတဆင့် သူ့ရဲ့မိသားစုကို ဧပြီ ၂၈ ရက်မှာ ထောက်ပံ့ပေးခဲ့တာလို့ တိုက်ဒေါင်းပကဖ ပြန်ကြားရေးတာဝန်ခံ ကိုပုညက ပြောပါတယ်။
"၂၆ ရက်က ဘုန်းကန်ပျူရွာက စစ်သားနဲ့ ပျူစောထီးတွေက မနက် ၇ နာရီကနေ ၁၀ နာရီအထိ ဒီကောင်တွေက လက်နက်ကြီးနဲ့ ပစ်နေတာကြားလို့ ကျနော်တို့လည်း ဒရုန်း ၅ စီးနဲ့ Drop Bomb ဗုံးသီး ၃၀ ကျော်ဖြုတ်ချတိုက်ခိုက်ခဲ့တယ်။ ဖြုတ်ချတိုက်ခိုက်တာ ၇ ကောင်လောက်ဒဏ်ရာရတယ်။ ပခုက္ကူက စစ်ကူလာတာက ကား ၂ စီးလာတာ။ ၁ စီးက စစ်**တွေ ၁ စီးက ပျူစောထီးတွေပါတယ်။ အဲ့ဒီ ၂ စီးကို မိုင်းပွိုင့် ၂၀ နဲ့ တိုက်ခိုက်တာ ၂ စီးလုံး ကားတွေပျက်သွားတယ်။ ထိခိုက်ဒဏ်ရာရတာ ၁၁ ဦးလောက်ရှိတယ်။ နောက်ထပ်လုံခြုံရေးနဲ့ ကားတွေကို ပခုက္ကူပြန်ဆွဲသွားတယ်။"
“ရှေ့ပြေးကာကင်း တပ်စိတ် ၁ စိတ်၊ ၁၀ ဦးခန့်ကို ကျနော်တို့က ခြုံခိုတိုက်ခိုက်ခဲ့ပြီး လက်နက်သိမ်းဆည်းရခဲ့တာ။ အကွာအဝေးက မီတာ ၅၀ အတွင်းကနေ ပစ်ခတ်တိုက်ခိုက်ခဲ့တာ။ စစ်ကောင်စီဘက်က ၃ ဦး လောက်သေတယ်”
“အဝေးလည်း သွားမကျောင်းရဲဘူး။ ကျနော်တို့ ရိုင်ဖယ်သမားက ချောင်းမြောင်းပစ်ခတ်တဲ့အခါမှာ ဦးခေါင်း ထိမှန်ပြီး ပွဲချင်းပြီး ပျူစောထီး ၁ ကောင်သေဆုံးသွားတယ်။ တဦးလဲကျသွားတော့ တခြား**တွေကတော့ ရွာထဲဝင်ပြေးကြတာ”
“စစ်ကြောင်း ၅ ကြောင်းနဲ့ တိုက်ခိုက်ခဲ့တယ်၊ အပြင်က အဖြတ်အတောက်အကြောင်းရောဆိုရင် ပေါင်း ၇ ကြောင်းနဲ့ စစ်ကြောင်းပုံစံထုတ်ပြီး တိုက်ခိုက်ခဲ့တယ်”
စစ်ကိုင်းတိုင်း၊ မြင်းမူ အထက ၁ ကျောင်းထဲကနေ မြို့ကို ကင်းပတ်ထွက်လာတဲ့ ကား ၂ စီးနဲ့ စစ်ကောင်စီတပ်သားတွေ RPG ပစ်ခတ်ခံရပြီး ၁ ဦးသေဆုံးကာ ၃ ဦး ဒဏ်ရာရခဲ့တယ်လို့ DK PDF MMU အဖွဲ့ဆီက သိရပါတယ်။
ဧပြီ ၂၃ ရက် နေ့လယ် ၁၂ နာရီဝန်းကျင်မှာ ပေါက်မြောက်ပိုင်း၊ လက်ပံတိုရေနံမြေစခန်းရှိ MOGE မန်နေဂျာရုံး၊ ပစ္စည်းဌာန၊ အုပ်ချုပ်ရေးရုံး၊ ပစ္စည်းစတိုရုံး၊ အထွေထွေမန်နေဂျာရုံး၊ ထုတ်လုပ်ရေးရုံး၊ သယ်ပို့စက်ပြင်ရုံးနဲ့ အင်ဂျင်နီယာရုံး တို့ကို စစ်ကောင်စီတပ်က တိုက်ပွဲမရှိဘဲ ဗုံးကြဲခဲ့တာလို့ BLY-ပြောက်ကျားတပ်ဖွဲ့ ရဲဘော်တဦးက ပြောပါတယ်။
"တိုက်ပွဲကြာချိန်က ၂ နာရီလောက်ကြာတယ်၊ တိုက်ပွဲအပြင်းအထန်ဖြစ်ပြီး စစ်ကောင်စီဘက်က စစ်ရှုံးပြီးထွက်ပြေးသွားခဲ့တာပါ။ စစ်ရှုံးထွက်ပြေးသွားတဲ့ စစ်ကောင်စီဘက်က တဖွဲ့ကနေပြီး မရိုးကုန်းရွာအနောက်ဘက်က ကိုင်းတောထဲမှာရှိတယ်ဆိုတဲ့သတင်းကို သတင်းပေးလာတာကြောင့် နောက်ထပ်တကြိမ် MBT တပ်ဖွဲ့ရဲ့ စစ်ကြောင်း ၁ က သွားပြီးတိုက်ခိုက်ခဲ့တာ။ အဲဒီမှာလည်း ၁ နာရီလောက်ပြင်းပြင်းထန်ထန် တိုက်ပွဲဖြစ်ခဲ့ပါတယ်။ တိုက်ပွဲဖြစ်ပြီး ရှုံးနိမ့်ကာ စစ်သားနဲ့ ပျူစောထီးတွေ ထွက်ပြေးသွားကြတယ်"
ဧပြီလ ၂၀ ရက် ၁၁ နာရီခွဲလောက်မှာ မဟာမိတ်ထဲက ရဲဘော်ဆင်စွယ်ဟာ မြောင်ရဲစခန်းကိုတိုက်ခိုက်ဖို့ မစ်ရှင်ဖော်ဆောင်နေရင်း ကျဆုံးခဲ့တာကြောင့် သူလုပ်ချင်တဲ့ ဆန္ဒကို ဖြည့်ဆည်းတဲ့အနေနဲ့ ဆင်စွယ်စစ်ဆင်ရေးဆိုပြီးတော့ ဖော်ဆောင်ခဲ့တာလို့ ကျားခင်စိန်က ပြောပါတယ်။
အဲဒီ အခြေခံစစ်သင်တန်းကို ဧပြီ ၇ ရက်က စတင်ပြုလုပ်တာဖြစ်ပြီး တိုက်ခိုက်ရေးပိုင်း စိတ်ဓါတ်ပိုင်းနဲ့ စစ်ရေးအပြင် အခြေခံစစ်ရေးပြတို့ကို ၁၅ ရက်ကြာအောင် MBTက သင်တန်းဆရာတွေနဲ့ သင်ကြားခဲ့တယ်လို့ ပြောပါတယ်။
ရက်ဆက်ဆိုသလို ဒရုန်းနဲ့ ဗုံးသီးပေါင်း ရာချီကြဲချခဲ့သလို ၂၂ ရက် မနက် ၅ နာရီလောက်မှာ ရဲတွေ ခိုအောင်းနိုင်ခြေရှိနိုင်တဲ့နေရာကို ဝင်ရောက်ရှင်းတာမှာ ရဲသား ၆ ဦးနဲ့အပြန်အလှန်ပစ်ခတ်တာဖြစ်ပြီး ဒဏ်ရာအသီးသီးရရှိကာ လက်နက်ချခိုင်းနိုင်ခဲ့တယ်လို့ ဗိုလ်လက်ယာက ပြောပါတယ်။
ဒရုန်းနဲ့ အီနာဂါဗုံးသီး ၁၀ လုံးပစ်ချရာမှာ ညောင်ပင်လှစခန်းအတွင်း စစ်ကောင်စီအထိုင်နေရာကို ကျရောက်ခဲ့တာလို့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့-မြိုင်မြို့နယ် တာဝန်ခံ ဗိုလ်လက်ယာက ပြောပါတယ်။
အထွေထွေအုပ်ချုပ်ရေးမှူးရုံး၊ တရားရုံး၊ မြို့မရဲစခန်း၊ ရုပ်သံရုံးနဲ့ ရေမျက်နီရဲစခန်း တို့ကို ဧပြီ ၁၇ ရက်ကနေ ၁၉ ရက်အထိ ၃ ရက်ဆက်တိုက် တိုက်ခိုက်ခဲ့ကြတာလို့ Yaw Revolution Army-ထီးလင်း ပြန်ကြားရေးတာဝန်ခံ ကိုကောင်းက ပြောပါတယ်။